
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
နယ်သာလန်လက်ရွေးစင် အသင်းဟာ နည်းပြဟောင်း ဗန်ဟားလ် ကို လက်ရွေးစင်အသင်းနည်းပြအဖြစ် တတိယအကြိမ်မြောက်ခန့်အပ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ နယ်သာလန် အသင်း(၁၆)သင်းအဆင့်က ထွက်ခဲ့ရပြီးနောက် နည်းပြ ဖရန့်ခ်ဒီဘိုးဝါးဟာ လက်ရွေးစင် အသင်းနည်းပြရာထူးကနေထွက်ခွာခဲ့တာဖြစ်ပါတယ်။
ဗန်ဟားလ် ဟာ နယ်သာလန်အသင်းရဲ့(၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကိုင်တွယ်ဖို့ ကနဦး(၁)နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ကာတာမှာကျင်းပမယ့် ပြိုင်ပွဲဝင်ခွင့်ရခဲ့ရင်တော့ ဆက်လက်ကိုင်တွယ်ရဦးမှာလည်းဖြစ်ပါတယ်။
အသက် (၆၉)နှစ်အရွယ်ရှိ ဗန်ဟားလ်ဟာ နယ်သာလန်အသင်းကို ၂၀၀၀-၀၂၊ ၂၀၁၂-၁၄ တို့တုန်းကလည်းကိုင်တွယ်ခဲ့ဖူးပြီး ပထမဆုံးအကြိမ်ကိုင်တွယ်စဉ် ၂၀၀၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ခြင်းကြောင့် ရာထူးကနေ နုတ်ထွက်ခဲ့ရပါတယ်။
ဒုတိယအကြိမ်ကိုင်တွယ်ရာမှာ နယ်သာလန်အသင်းကို ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တတိယရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီကတည်းက ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူထားတာကြောင့် လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။
ဗန်ဟားလ် က “နယ်သာလန်အသင်းကို နည်းပြရတာ ကျွန်တော့်အတွက်တော့ ဂုဏ်ယူစရာလို့ ယူဆပါတယ်။
လာမယ့် အရေးကြီးကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် အချိန်အနည်းငယ်ပဲရှိပါတယ်။အဲဒါကြောင့် ကစားသမားတွေနဲ့ချဉ်းကပ်မှုအပေါ် ရာနှုန်းပြည့်အာရုံစိုက်ထားပါတယ်။
ဒီကို ပြန်လာရတာအလွန်ကောင်းပါတယ်။
ကစား သမားတွေအများအပြားနဲ့လည်း စကားပြောဆိုထားပါတယ်။
အလုပ်တစ်ခုပြီးမြောက်အောင်လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ဆိုခဲ့ပါတယ်။
လူးဝစ်ဗန်ဟားလ်ရဲ့ နည်းပြအဖွဲ့တွင် လက်ထောက်နည်းပြများအဖြစ် နယ်သာလန်အသင်းနည်းပြဟောင်း ဒန်နီဘလင်းနှင့် ဟန့်ဖရေဆာ၊ ဂိုးနည်းပြအဖြစ် ဖရန်းစ်ဟို့ခ်တို့ ပါဝင်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
နယ္သာလန္ေသာင္ကမ္းက မခြာႏိုင္ျဖစ္ရတဲ့ ယူႏိုက္တက္ နည္းျပေဟာင္း ဗန္ဟားလ္
နယ္သာလန္လက္ေ႐ြးစင္ အသင္းဟာ နည္းျပေဟာင္း ဗန္ဟားလ္ ကို လက္ေ႐ြးစင္အသင္းနည္းျပအျဖစ္ တတိယအႀကိမ္ေျမာက္ခန႔္အပ္လိုက္ပါတယ္။ၿပီးခဲ့တဲ့ ယူ႐ိုၿပိဳင္ပြဲမွာ နယ္သာလန္ အသင္း(၁၆)သင္းအဆင့္က ထြက္ခဲ့ရၿပီးေနာက္ နည္းျပ ဖရန႔္ခ္ဒီဘိုးဝါးဟာ လက္ေ႐ြးစင္ အသင္းနည္းျပရာထူးကေနထြက္ခြာခဲ့တာျဖစ္ပါတယ္။
ဗန္ဟားလ္ ဟာ နယ္သာလန္အသင္းရဲ႕(၂၀၂၂) ကမာၻ႔ဖလားေျခစစ္ပြဲေတြကိုင္တြယ္ဖို႔ ကနဦး(၁)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး ကာတာမွာက်င္းပမယ့္ ၿပိဳင္ပြဲဝင္ခြင့္ရခဲ့ရင္ေတာ့ ဆက္လက္ကိုင္တြယ္ရဦးမွာလည္းျဖစ္ပါတယ္။
အသက္ (၆၉)ႏွစ္အ႐ြယ္ရွိ ဗန္ဟားလ္ဟာ နယ္သာလန္အသင္းကို ၂၀၀၀-၀၂၊ ၂၀၁၂-၁၄ တို႔တုန္းကလည္းကိုင္တြယ္ခဲ့ဖူးၿပီး ပထမဆုံးအႀကိမ္ကိုင္တြယ္စဥ္ ၂၀၀၂ ကမာၻ႔ဖလားေျခစစ္ပြဲ မေအာင္ျမင္ျခင္းေၾကာင့္ ရာထူးကေန ႏုတ္ထြက္ခဲ့ရပါတယ္။
ဒုတိယအႀကိမ္ကိုင္တြယ္ရာမွာ နယ္သာလန္အသင္းကို ၂၀၁၄ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ တတိယရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္မီကတည္းက ယူႏိုက္တက္အသင္းသို႔ ေျပာင္းေ႐ႊ႕ရန္ သေဘာတူထားတာေၾကာင့္ လမ္းခြဲခဲ့တာ ျဖစ္ပါတယ္။
ဗန္ဟားလ္ က “နယ္သာလန္အသင္းကို နည္းျပရတာ ကြၽန္ေတာ့္အတြက္ေတာ့ ဂုဏ္ယူစရာလို႔ ယူဆပါတယ္။လာမယ့္ အေရးႀကီးကမာၻ႔ဖလားေျခစစ္ပြဲေတြအတြက္ အခ်ိန္အနည္းငယ္ပဲရွိပါတယ္။အဲဒါေၾကာင့္ ကစားသမားေတြနဲ႔ခ်ဥ္းကပ္မႈအေပၚ ရာႏႈန္းျပည့္အာ႐ုံစိုက္ထားပါတယ္။ဒီကို ျပန္လာရတာအလြန္ေကာင္းပါတယ္။ကစား သမားေတြအမ်ားအျပားနဲ႔လည္း စကားေျပာဆိုထားပါတယ္။အလုပ္တစ္ခုၿပီးေျမာက္ေအာင္လုပ္ေဆာင္ႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ဆိုခဲ့ပါတယ္။
လူးဝစ္ဗန္ဟားလ္ရဲ႕ နည္းျပအဖြဲ႕တြင္ လက္ေထာက္နည္းျပမ်ားအျဖစ္ နယ္သာလန္အသင္းနည္းျပေဟာင္း ဒန္နီဘလင္းႏွင့္ ဟန႔္ဖေရဆာ၊ ဂိုးနည္းျပအျဖစ္ ဖရန္းစ္ဟို႔ခ္တို႔ ပါဝင္ပါတယ္။