

နယ်သာလန်မြေမှာအေဂျက်ဇ်ကို အနိုင်ယူနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူကျေနပ်မိတယ်လို့ ချဲလ်ဆီးနည်းပြလမ်းပတ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အမ်စတာဒမ်မှာကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးခြေစွမ်းပြနိုင်ခဲ့ပြီး လူစားဝင်တိုက်စစ်မှူးဘက်ရှူအာယီရဲ့ တစ်လုံးတည်းသောဂိုးနဲ့အနိုင်ရခဲ့တာပါ။လမ်းပတ်ရဲ့ချဲလ်ဆီးနည်းပြဘဝဟာ မန်ယူကိုဂိုးပြတ်ရှုံးတဲ့ပရီးမီးယားလိဂ်ပွဲစဉ်နဲ့အတူ ခက်ခက်ခဲခဲစတင်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲဆက်အနိုင်ရပြီး လမ်းကြောင်းမှန်ပေါ်ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။

အထူးသဖြင့် ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ရောက်တဲ့အထိ ခြေစွာခဲ့တဲ့အေဂျက်ဇ်ကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့အတွက် လမ်းပတ်က “ကျွန်တော်အရမ်းပျော်ပါတယ်။ ဒီကိုလာမယ်ဆိုကတည်းက ဘယ်လောက်အထိခက်ခဲမယ်ဆိုတာ သိပြီးသားပါ။ သူတို့ကိုအနိုင်ယူပြီး ထိုက်တန်စွာအနိုင်ရတယ်ဆိုရင်တော့ ခင်ဗျားအသင်းက ကွင်းထဲမှာထိပ်တန်းခြေစွမ်းရှိတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးသက်ရောက်ပါတယ်။ ကျွန်တော့်အသင်းရဲ့ စွမ်းဆောင်ရည်အတွက် သိပ်ကိုဂုဏ်ယူမိပါတယ်” လို့ ပြောသွားတာပါ။

ဒါ့အပြင် အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ရုန်းကန်နေရပေမယ့် ဘက်ရှူအာယီရဲ့သွင်းဂိုးအတွက်ဖန်တီးပေးနိုင်ခဲ့တဲ့ ပေါင်၅၈သန်းတန် အမေရိကန်ကွင်းလယ်လူပူလီဆစ်ကိုလည်း လမ်းပတ်ကချီးကျူးသွားခဲ့ပါတယ်။သူ့အနေနဲ့ အသင်းကိုကိုင်တွယ်ရာမှာ ကစားသမားတွေအပေါ်ဝန်မပိစေဖို့ အဓိကအာရုံထားသလို ဘောလုံးနဲ့အတူအကောင်းဆုံးရွေ့လျားနိုင်ဖို့ ဦးစားပေးလုပ်ဆောင်နေတယ်လို့လည်း ချဲလ်ဆီးနည်းပြက ဖွင့်ဟသွားပါတယ်။
(zawgyi)
နယ္သာလန္ေျမမွာေအဂ်က္ဇ္ကို အႏိုင္ယူႏိုင္ခဲ့တဲ့အတြက္ ဂုဏ္ယူေက်နပ္မိတယ္လို႔ ခ်ဲလ္ဆီးနည္းျပလမ္းပတ္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။အမ္စတာဒမ္မွာကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ခ်ဲလ္ဆီးေျခစြမ္းျပႏိုင္ခဲ့ၿပီး လူစား၀င္တိုက္စစ္မွဴးဘက္ရွဴအာယီရဲ႕ တစ္လံုးတည္းေသာဂိုးနဲ႔အႏိုင္ရခဲ့တာပါ။လမ္းပတ္ရဲ႕ခ်ဲလ္ဆီးနည္းျပဘ၀ဟာ မန္ယူကိုဂိုးျပတ္ရံႈးတဲ့ပရီးမီးယားလိဂ္ပြဲစဥ္နဲ႔အတူ ခက္ခက္ခဲခဲစတင္ခဲ့ရေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ၿပိဳင္ပြဲစံုေနာက္ဆံုး ၆ပြဲဆက္အႏိုင္ရၿပီး လမ္းေၾကာင္းမွန္ေပၚျပန္လည္ေရာက္ရွိလာခဲ့ပါၿပီ။အထူးသျဖင့္ ၿပီးခဲ့တဲ့ရာသီတုန္းက ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ေရာက္တဲ့အထိ ေျခစြာခဲ့တဲ့ေအဂ်က္ဇ္ကို အေ၀းကြင္းမွာ အႏိုင္ရခဲ့တဲ့အတြက္ လမ္းပတ္က “ကၽြန္ေတာ္အရမ္းေပ်ာ္ပါတယ္။ ဒီကိုလာမယ္ဆိုကတည္းက ဘယ္ေလာက္အထိခက္ခဲမယ္ဆိုတာ သိျပီးသားပါ။ သူတို႔ကိုအႏိုင္ယူျပီး ထိုက္တန္စြာအႏိုင္ရတယ္ဆိုရင္ေတာ့ ခင္ဗ်ားအသင္းက ကြင္းထဲမွာထိပ္တန္းေျခစြမ္းရွိတယ္ဆိုတဲ့ အဓိပၸါယ္မ်ိဳးသက္ေရာက္ပါတယ္။ ကၽြန္ေတာ့္အသင္းရဲ႕ စြမ္းေဆာင္ရည္အတြက္ သိပ္ကို္ဂုဏ္ယူမိပါတယ္” လို႔ ေျပာသြားတာပါ။ဒါ့အျပင္ အသင္းမွာ ပံုမွန္ပြဲထြက္ခြင့္ရဖို႔ရုန္းကန္ေနရေပမယ့္ ဘက္ရွဴအာယီရဲ႕သြင္းဂိုးအတြက္ဖန္တီးေပးႏိုင္ခဲ့တဲ့ ေပါင္၅၈သန္းတန္ အေမရိကန္ကြင္းလယ္လူပူလီဆစ္ကိုလည္း လမ္းပတ္ကခ်ီးက်ဴးသြားခဲ့ပါတယ္။သူ႔အေနနဲ႔ အသင္းကိုကိုင္တြယ္ရာမွာ ကစားသမားေတြအေပၚ၀န္မပိေစဖို႔ အဓိကအာရံုထားသလို ေဘာလံုးနဲ႔အတူအေကာင္းဆံုးေရြ႔လ်ားႏိုင္ဖို႔ ဦးစားေပးလုပ္ေဆာင္ေနတယ္လို႔လည္း ခ်ဲလ္ဆီးနည္းျပက ဖြင့္ဟသြားပါတယ္။