
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပြီးခဲ့တဲ့ ဘောလုံးရာသီက ဘိုင်ယန်မြူးနစ်အသင်းအတွက် တစ်ရာသီအတွင်း လိဂ်သွင်းဂိုး ၄၁ဂိုး အထိ စံချိန်တင် သွင်းယူနိုင်ခဲ့သလို
ဘွန်ဒက်စ်လီဂ်ပြိုင်ပွဲသမိုင်းမှာ တရာသီအတွင်း အမှတ်ပေးလိဂ်သွင်းဂိုး အများဆုံး တိုက်စစ်မှုး လီဝန်ဒေါစကီးဟာ ဂျာမန်မြေကို စွန့်ခွာတော့မယ့် အခြေအနေမှာ ရှိနေပါတယ်။
လီဝန်ဒေါစကီးက သူ့အနေနဲ့ ယဉ်ကျေးမှုနယ်ပယ်အသစ်ကို တွေ့ကြုံခံစားဖို့ စိတ်အားထက်သန်တယ်လို့ ဖွင့်ဟလိုက်ပြီး သူ့ရဲ့အနာဂတ်ကို ပွင့်ပွင့်လင်းလင်းဆိုခဲ့ပါတယ်။
အသက် ၃၂နှစ် အရွယ်ရှိ လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ရာသီ ဘွန်ဒစ်လီဂါ ပြိုင်ပွဲမှာ ၂၉ပွဲ ပါဝင်ကစားပြီး သွင်းဂိုး ၄၁ဂိုးနဲ့ ဂတ်မူလာ ၄၉နှစ်ကြာ တင်ထားတဲ့ ဂိုး ၄၀ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။
လီဝန်ဒေါစကီးက “ကျွန်တော်ကတော့ စိတ်ကို ရှင်းရှင်းလင်းလင်းပဲ ထားပါတယ်။
ဘိုင်ယန်အသင်းမှာ အရမ်းကောင်းမွန်တယ်လို့ ခံစားရတယ်။
မြို့ကလည်း နေလို့အရမ်းကောင်းတယ်၊ အသင်းကလည်း အလွန်ကြီးကြယ်တဲ့ အသင်းပါ။
ဒါပေမယ့် ဘာသာစကားအသစ်တွေ၊ ယဉ်ကျေးမှုအသစ်တွေကို ကျွန်တော် အမြဲတမ်းလေ့လာချင်ပါတယ်။
ဒါပေမယ့် ဘောလုံးကန်နေရင်း ဒါမှမဟုတ် ကစားသမားဘဝပြီးမှ သင်ယူနိုင်မလားဆိုတာ ကျွန်တော်တောင်မသိသေးပါဘူး”လို့ ဆိုခဲ့ပါတယ်။
လီဝန်ဒေါစကီး နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂နှစ် ကျန်ရှိနေသေးပေမယ့် ဒီကစားသမားကို ခေါ်ယူဖို့ ချဲလ်ဆီး၊ ရီးရဲလ်အသင်းတို့က စိတ်ဝင်စားတာနေပြီး စီးရီးအေအသင်းတွေနဲ့လည်း ထင်ကြေးတွေ အမျိုးမျိုးထွက်ပေါ်နေတာဖြစ်ပါတယ်။
SkySports ဂျာမနီက ထွက်ပေါ်လာတဲ့ သတင်းတွေအရ လီဝန်ဒေါစကီးကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်းက ဆွေးနွေးမှုတွေ ပြုလုပ်ပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ချဲလ်ဆီး အသင်းနည်းပြ တူချယ်လ် ဟာ အသင်းရဲ့တိုက်စစ်ပိုင်းကို ပိုမိုအင်အားကောင်းမွန်အောင်လုပ်ဖို့ တိုက်စစ်ကစားသမားတွေကို ဖြည့်တင်းဖို့ စီစဉ်နေတာပါ။
လီဝန်ဒေါစကီးဟာ လက်ရှိအချိန်မှာ ယူရိုပြိုင်ပွဲဝင်မယ့် ပိုလန်လက်ရွေးစင် အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြုလုပ်နေတာဖြစ်ပြီး ပိုလန်အသင်းဟာ ယူရိုပြိုင်ပွဲမှာ စပိန်၊ဆလိုဗားကီးယား၊ဆွီဒင် အသင်းတို့ နဲ့ တစ်အုပ်စုထဲ ကျရောက်နေတာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
နယ္ပယ္အသစ္ကိုသြားခ်င္ေနတဲ့ လီဝန္ေဒါစကီးေၾကာင့္ ခ်ဲလ္ဆီးနဲ႔ အေျပာင္းအေ႐ႊ႕ ပိုၿပီး လႈပ္ခတ္လာ
ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ တစ္ရာသီအတြင္း လိဂ္သြင္းဂိုး ၄၁ဂိုး အထိ စံခ်ိန္တင္ သြင္းယူႏိုင္ခဲ့သလို ဘြန္ဒက္စ္လီဂ္ၿပိဳင္ပြဲသမိုင္းမွာ တရာသီအတြင္း အမွတ္ေပးလိဂ္သြင္းဂိုး အမ်ားဆုံး တိုက္စစ္မႈး လီဝန္ေဒါစကီးဟာ ဂ်ာမန္ေျမကို စြန႔္ခြာေတာ့မယ့္ အေျခအေနမွာ ရွိေနပါတယ္။
လီဝန္ေဒါစကီးက သူ႔အေနနဲ႔ ယဥ္ေက်းမႈနယ္ပယ္အသစ္ကို ေတြ႕ႀကဳံခံစားဖို႔ စိတ္အားထက္သန္တယ္လို႔ ဖြင့္ဟလိုက္ၿပီး သူ႔ရဲ႕အနာဂတ္ကို ပြင့္ပြင့္လင္းလင္းဆိုခဲ့ပါတယ္။ အသက္ ၃၂ႏွစ္ အ႐ြယ္ရွိ လီဝန္ေဒါစကီးဟာ ၿပီးခဲ့တဲ့ရာသီ ဘြန္ဒစ္လီဂါ ၿပိဳင္ပြဲမွာ ၂၉ပြဲ ပါဝင္ကစားၿပီး သြင္းဂိုး ၄၁ဂိုးနဲ႔ ဂတ္မူလာ ၄၉ႏွစ္ၾကာ တင္ထားတဲ့ ဂိုး ၄၀ စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့တာျဖစ္ပါတယ္။
လီဝန္ေဒါစကီးက “ကြၽန္ေတာ္ကေတာ့ စိတ္ကို ရွင္းရွင္းလင္းလင္းပဲ ထားပါတယ္။ ဘိုင္ယန္အသင္းမွာ အရမ္းေကာင္းမြန္တယ္လို႔ ခံစားရတယ္။ ၿမိဳ႕ကလည္း ေနလို႔အရမ္းေကာင္းတယ္၊ အသင္းကလည္း အလြန္ႀကီးၾကယ္တဲ့ အသင္းပါ။ ဒါေပမယ့္ ဘာသာစကားအသစ္ေတြ၊ ယဥ္ေက်းမႈအသစ္ေတြကို ကြၽန္ေတာ္ အၿမဲတမ္းေလ့လာခ်င္ပါတယ္။ ဒါေပမယ့္ ေဘာလုံးကန္ေနရင္း ဒါမွမဟုတ္ ကစားသမားဘဝၿပီးမွ သင္ယူႏိုင္မလားဆိုတာ ကြၽန္ေတာ္ေတာင္မသိေသးပါဘူး”လို႔ ဆိုခဲ့ပါတယ္။
လီဝန္ေဒါစကီး နဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းတို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ ၂ႏွစ္ က်န္ရွိေနေသးေပမယ့္ ဒီကစားသမားကို ေခၚယူဖို႔ ခ်ဲလ္ဆီး၊ ရီးရဲလ္အသင္းတို႔က စိတ္ဝင္စားတာေနၿပီး စီးရီးေအအသင္းေတြနဲ႔လည္း ထင္ေၾကးေတြ အမ်ိဳးမ်ိဳးထြက္ေပၚေနတာျဖစ္ပါတယ္။ SkySports ဂ်ာမနီက ထြက္ေပၚလာတဲ့ သတင္းေတြအရ လီဝန္ေဒါစကီးကို ေခၚယူဖို႔ ခ်ဲလ္ဆီးအသင္းက ေဆြးေႏြးမႈေတြ ျပဳလုပ္ၿပီးျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။ ခ်ဲလ္ဆီး အသင္းနည္းျပ တူခ်ယ္လ္ ဟာ အသင္းရဲ႕တိုက္စစ္ပိုင္းကို ပိုမိုအင္အားေကာင္းမြန္ေအာင္လုပ္ဖို႔ တိုက္စစ္ကစားသမားေတြကို ျဖည့္တင္းဖို႔ စီစဥ္ေနတာပါ။
လီဝန္ေဒါစကီးဟာ လက္ရွိအခ်ိန္မွာ ယူ႐ိုၿပိဳင္ပြဲဝင္မယ့္ ပိုလန္လက္ေ႐ြးစင္ အသင္းနဲ႔အတူ ေလ့က်င့္မႈေတြျပဳလုပ္ေနတာျဖစ္ၿပီး ပိုလန္အသင္းဟာ ယူ႐ိုၿပိဳင္ပြဲမွာ စပိန္၊ဆလိုဗားကီးယား၊ဆြီဒင္ အသင္းတို႔ နဲ႔ တစ္အုပ္စုထဲ က်ေရာက္ေနတာျဖစ္ပါတယ္။