နယူးကာဆယ် ပိုင်ရှင်အသစ်က လူသတ်သမားပဲဖြစ်နေပါစေ ပရိသတ်တွေက ပျော်ရွှင်နေပါတယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆော်ဒီအိမ်ရှေ့မင်းသား ဘင်ဆာလ်မန်ဟာ ဆန်ဂစ်နဲ့စေ့စပ်ထားတဲ့ သတင်းထောက်ခါရှိုဂီကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သူအဖြစ် CIA ကမှတ်ယူထားပြီး နယူးကာဆယ်ကိုဝယ်ယူခွင့်မပေးဖို့ ပြီးခဲ့တဲ့ (၂၀၂၀) ကတည်းက တောင်းဆိုခဲ့ဖူးပါတယ်။

ဆန်ဂစ်ရဲ့ ရှေ့နေ က “ပရီးမီးယားလိဂ်အနေနဲ့ မှန်ကန်သင့်တော်ပြီး တရားဥပဒေနဲ့ညီမျှတဲ့ လုပ်ရပ်မျိုးကို လုပ်ဆောင်သင့်ပါတယ်။

ဆန်ဂစ်နဲ့စေ့စပ်ထားတဲ့ ခါရှိုဂီကို သတ်ဖြတ်ခဲ့တဲ့ မိုဟာမက်ဘင်ဆာလ်မန် လို ရွံရှာစက်ဆုပ်ဖွယ်လူမျိုးကို အင်္ဂလန်ဘောလုံးလောကမှာ နေရာမပေးသင့်ပါဘူး”

“ကြောက်စရာကောင်းတဲ့ ရာဇဝတ်မှုကျူးလွန်သူတွေနဲ့ ပတ်သက်နေရင် ခင်ဗျားတို့ အင်္ဂလန်ဘောလုံးလောကရဲ့ ရပ်တည်ချက်က အရောင်ပြောင်းသွားပါလိမ့်မယ်။

သူတို့က ဘောလုံးလောကကို အသုံးချပြီး သူတို့ရဲ့ပုံရိပ်ကိုမြှင့်တင်ဖို့၊ သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားနေတာပါ”ဆိုပြီး ပြောထားပါတယ်။

နယူးကာဆယ်အသင်းပရိသတ်ထောင်ချီဟာ ဆော်ဒီသူဌေးပေါင် ၃၀၅ သန်းနဲ့ အသင်းကိုဝယ်ယူပြီးနောက် စိန့်ဂျိမ်းပါ့ခ်အပြင်ဘက်မှာ အောင်ပွဲခံခဲ့ကြပါတယ်။

ပရိသတ်တွေဟာ အသင်းပိုင်ရှင် မိုက်အက်ရှ်လေကို ထွက်ခွာဖို့တောင်းဆိုခဲ့ကြတာ ရာစုနှစ်တစ်ခုလောက်အထိ ရှိနေပြီဖြစ်ပါတယ်။

ဆော်ဒီသူဌေးဝယ်ယူနိုင်ခဲ့တဲ့နောက်မှာ နယူးကာဆယ်အသင်းပရိသတ်တွေက လက်မောင်းချင်းတိုက် ၊ ဘီယာတွေလေထဲကိုပစ် ၊ အသင်းရဲ့တေးသီချင်းကို သံပြိုင်သီဆိုရင်း ကခုန်ခဲ့ကြပါတယ်။

အဆိုပါဝယ်ယူမှုကို လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်ခဲ့ကြသေးတာဖြစ်ပါတယ်။

နယူးကာဆယ်ကို ဝယ်ယူလိုက်တဲ့ ဆော်ဒီသူဌေးတွေဟာ ဘောလုံးလောကမှာ အချမ်းသားဆုံးပုဂ္ဂိုလ်တွေအဖြစ် ရပ်တည်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi






