နယူးကာဆယ် နည်းပြနေရာကို မျှော်မှန်းနေတဲ့ ရွန်းနီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒါဘီနည်းပြအဖြစ်တာဝန်ယူထားတဲ့ ဝိန်းရွန်းနီဟာ နယူးကာဆယ်နည်းပြရာထူးကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

တကယ်လို့သာ စတိဗ်ဘရုစ်က ရာထူးကနေ ထုတ်ပယ်ခံခဲ့ရမယ်ဆိုရင် အဆိုပါရာထူးကို ဆက်ခံဖို့အတွက် ရွန်းနီက ဆန္ဒရှိနေတယ်လို့ Chronicle Live က ဖော်ပြခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ နည်းပြလောကထဲကို ဝင်ရောက်ခဲ့တဲ့ ဝိန်းရွန်းနီဟာ ဒါဘီအသင်းကို တန်းမဆင်းရအောင် ဦးဆောင်နိုင်ခဲ့ပြီး

သူ့ရဲ့ လက်ထက်မှာ ဒါဘီအသင်းဟာ ကစားသမား အားဖြည့်မှုတွေ မပြုလုပ်ထားပေမယ့် ရှုံးပွဲနည်းပါးခဲ့ပါတယ်။

တစ်ဖက်မှာတော့ နယူးကာဆယ်အသင်းဟာ အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ပေါ်ပြီးနောက် အသင်းကို ဥရောပရဲ့ အသင်းကြီး တစ်သင်း ဖြစ်လာအောင်

ပြုပြင်ဖို့ ရည်ရွယ်ထားပြီး အသင်းရဲ့ နည်းပြဖြစ်သူ စတိဗ်ဘရုစ်ကို ရာထူးကနေ ထုတ်ပယ်ကာ နည်းပြသစ် တစ်ဦးကို ခန့်အပ်ဖို့ ကြိုးစားနေပါတယ်။

ဒါဘီအသင်းကတော့ ဘဏ္ဍာရေးပြဿနာတွေကြောင့် ရုန်းကန်နေရတဲ့အသင်းဖြစ်ကာ နယူးကာဆယ်အသင်းပိုင်ရှင်ဟောင်း မိုက်အက်ရှ်လေက ပြန်လည်ဝယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

တကယ်လို့သာရွန်းနီတစ်ယောက် နယူးကာဆယ်နည်းပြဖြစ်လာပါက ဒါဘီမှာ ဂိုးနည်းပြအဖြစ်တာဝန်ယူနေတဲ့နာမည်ကျော်ဂိုးသမားဟောင်း ရှေးဂစ်ဗင်ကိုပါ သူနဲ့အတူ ခေါ်ဆောင်လာဖို့ ရွန်းနီက ပြင်ဆင်ထားကြောင်းလည်း သိရပါတယ်။

လက်ရှိမှာတော့ နယူးကာဆယ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေတဲ့ နည်းပြစာရင်းမှာ ရွန်းနီရဲ့ လက်ရွေးစင် အသင်းဖော်ဟောင်းတွေ ဖြစ်တဲ့ လမ်းပတ်နဲ့ ဂျာရတ်တို့ ပါဝင်နေသလို

ပရီးမီးယားလိဂ် အတွေ့အကြုံရင့် နည်းပြတွေ ဖြစ်တဲ့ အက်ဒီဟောင်း ၊ မန်စီနီ စတဲ့ နည်းပြတွေကလည်း နယူးကာဆယ် အသင်းရဲ့ ချိတ်ဆက်မှုကို ရရှိထားပါတယ်။

အသင်းပိုင်ရှင်သစ်အပြောင်းအလဲဖြစ်ခဲ့ပြီးနောက် ပထမဆုံးကစားခဲ့တဲ့ပွဲမှာ နယူးကာဆယ်က စပါးကို ၂-၃ နဲ့ အရေးနိမ့်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

နယူးကာဆယ္ နည္းျပေနရာကို ေမွ်ာ္မွန္းေနတဲ့ ႐ြန္းနီ

ဒါဘီနည္းျပအျဖစ္တာဝန္ယူထားတဲ့ ဝိန္း႐ြန္းနီဟာ နယူးကာဆယ္နည္းျပရာထူးကို စိတ္ဝင္စားေနတယ္လို႔ သတင္းေတြထြက္ေပၚလာခဲ့ပါတယ္။ တကယ္လို႔သာ စတိဗ္ဘ႐ုစ္က ရာထူးကေန ထုတ္ပယ္ခံခဲ့ရမယ္ဆိုရင္ အဆိုပါရာထူးကို ဆက္ခံဖို႔အတြက္ ႐ြန္းနီက ဆႏၵရွိေနတယ္လို႔ Chronicle Live က ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွ စတင္ကာ နည္းျပေလာကထဲကို ဝင္ေရာက္ခဲ့တဲ့ ဝိန္း႐ြန္းနီဟာ ဒါဘီအသင္းကို တန္းမဆင္းရေအာင္ ဦးေဆာင္ႏိုင္ခဲ့ၿပီး သူ႔ရဲ႕ လက္ထက္မွာ ဒါဘီအသင္းဟာ ကစားသမား အားျဖည့္မႈေတြ မျပဳလုပ္ထားေပမယ့္ ရႈံးပြဲနည္းပါးခဲ့ပါတယ္။

တစ္ဖက္မွာေတာ့ နယူးကာဆယ္အသင္းဟာ အသင္းပိုင္ရွင္ အေျပာင္းအလဲ ျဖစ္ေပၚၿပီးေနာက္ အသင္းကို ဥေရာပရဲ႕ အသင္းႀကီး တစ္သင္း ျဖစ္လာေအာင္ ျပဳျပင္ဖို႔ ရည္႐ြယ္ထားၿပီး အသင္းရဲ႕ နည္းျပျဖစ္သူ စတိဗ္ဘ႐ုစ္ကို ရာထူးကေန ထုတ္ပယ္ကာ နည္းျပသစ္ တစ္ဦးကို ခန႔္အပ္ဖို႔ ႀကိဳးစားေနပါတယ္။

ဒါဘီအသင္းကေတာ့ ဘ႑ာေရးျပႆနာေတြေၾကာင့္ ႐ုန္းကန္ေနရတဲ့အသင္းျဖစ္ကာ နယူးကာဆယ္အသင္းပိုင္ရွင္ေဟာင္း မိုက္အက္ရွ္ေလက ျပန္လည္ဝယ္ယူဖို႔ စိတ္ဝင္စားေနတယ္လို႔လည္း သတင္းေတြထြက္ေပၚေနပါတယ္။ တကယ္လို႔သာ႐ြန္းနီတစ္ေယာက္ နယူးကာဆယ္နည္းျပျဖစ္လာပါက ဒါဘီမွာ ဂိုးနည္းျပအျဖစ္တာဝန္ယူေနတဲ့နာမည္ေက်ာ္ဂိုးသမားေဟာင္း ေရွးဂစ္ဗင္ကိုပါ သူနဲ႔အတူ ေခၚေဆာင္လာဖို႔ ႐ြန္းနီက ျပင္ဆင္ထားေၾကာင္းလည္း သိရပါတယ္။

လက္ရွိမွာေတာ့ နယူးကာဆယ္အသင္းရဲ႕ နည္းျပသစ္ ျဖစ္လာဖို႔ ေရပန္းစားေနတဲ့ နည္းျပစာရင္းမွာ ႐ြန္းနီရဲ႕ လက္ေ႐ြးစင္ အသင္းေဖာ္ေဟာင္းေတြ ျဖစ္တဲ့ လမ္းပတ္နဲ႔ ဂ်ာရတ္တို႔ ပါဝင္ေနသလို ပရီးမီးယားလိဂ္ အေတြ႕အႀကဳံရင့္ နည္းျပေတြ ျဖစ္တဲ့ အက္ဒီေဟာင္း ၊ မန္စီနီ စတဲ့ နည္းျပေတြကလည္း နယူးကာဆယ္ အသင္းရဲ႕ ခ်ိတ္ဆက္မႈကို ရရွိထားပါတယ္။

အသင္းပိုင္ရွင္သစ္အေျပာင္းအလဲျဖစ္ခဲ့ၿပီးေနာက္ ပထမဆုံးကစားခဲ့တဲ့ပြဲမွာ နယူးကာဆယ္က စပါးကို ၂-၃ နဲ႔ အေရးနိမ့္ခဲ့ပါတယ္။