နယူးကာဆယ်အသင်း ပထမဆုံးခေါ်ယူမယ့်ကစားသမားက ပေ့ါဘာ ဖြစ်လာနိုင်တယ်လို့ အသင်းဂန္ထဝင်ခန့်မှန်း
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
နယူးကာဆယ်အသင်းဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သူ ခရစ္စဝါဒယ်လ်က နယူးကာဆယ်အသင်းအနေနဲ့ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့အတွင်းမှာ ထိပ်တန်းအဆင့်ကစားသမားတွေကို ကြိုးပမ်းသင့်ပြီး ပေ့ါဘာကို ပထမဆုံးကစားသမားအဖြစ် ခေါ်ယူသင့်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူပေ့ါဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အခုရာသီကုန်မှာ စာချုပ်သက်တမ်းပြည့်မှာဖြစ်ပြီး အခုအချိန်အထိ စာချုပ်သစ်ချုပ်ဆိုဖို့ မသေချာသေးပါဘူး။
ပေ့ါဘာကို ဥရောပထိပ်သီးအသင်းတွေဖြစ်တဲ့ PSG ၊ ဂျူဗင်တပ်စ်၊ ရီးယဲလ်အသင်းတို့က ပစ်မှတ်ထားနေချိန်မှာ ခရစ္စဝါဒယ်လ်က ပေါဘာ့ရဲ့အပြောင်းအရွှေ့အတွက် တခြားထိပ်သီးအသင်းတွေနဲ့အပြိုင်ကြိုးပမ်းဖို့ နယူးကာဆယ်အသင်းကို တိုက်တွန်းခဲ့တာပါ။
နယူးကာဆယ်အသင်းကို ဆော်ဒီနိုင်ငံရဲ့ Public Investment Fund အဖွဲ့က ဝယ်ယူခဲ့ပြီးနောက်ပိုင်း နာမည်ကျော်ကစားသမားတွေကို ခေါ်ယူအားဖြည့်ဖို့ပစ်မှတ်ထားနေပြီး ပရီးမီးယားလိဂ်ကြီး(၆)ကြီးနဲ့ ရင်ဘောင်တန်းနိုင်အောင်ပြင်ဆင်သွားဖို့ စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
အဲဒါကြောင့် The Sun သတင်းစာနဲ့အင်တာဗျူးမှာ ခရစ္စဝါဒယ်လ်က “ပေ့ါဘာဟာ ဒီရာသီကုန်ကျရင် ယူနိုက်တက်နဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မှာမဟုတ်လား။ အခုအချိန်မှာ လူတွေက နယူးကာဆယ်အသင်းနဲ့ပတ်သက်ပြီးထင်ကြေးအမျိုးမျိုးတွေပေးနေပေမယ့် ငွေကြေးအင်အားက စကားပြောသွားပါလိမ့်မယ်။
နယူးကာဆယ်အသင်းအနေနဲ့ ထိပ်သီးအသင်းတွေနဲ့အပြိုင် နာမည်ကျော်ကစားသမားတွေကို ခေါ်ယူဖို့ကြိုးပမ်းသင့်ပါတယ်။
ဟာဇက်လိုကစားသမားမျိုးကို ရီးယဲလ်အသင်းဆီကနေ ခေါ်မလား၊ ရာသီကုန်အထိအငှားစာချုပ်ချုပ်ပြီးတော့ ရီးယဲလ်တောင်းတဲ့စျေးအတိုင်းပေးလိုက်ရုံပါပဲ။
နောက်ပြီးတော့ ချီယေဆာကို ခေါ်ချင်ရင်လည်းဖြစ်တာပါပဲ။
နောက် မူဆာဒီယာဘီ၊ ယူနိုက်တက်အသင်းမှာ အဆင်မပြေဖြစ်နေတဲ့မာစီယဲလ်၊ ဗန်ဒီဘိခ် စတဲ့ကစားသမားတွေကိုလည်း ခေါ်ယူနိုင်ခွင့်ရှိနေပါပြီ။
ဒါပေမဲ့ (၁)နှစ်လောက်ပဲအသုံးတည့်နိုင်တဲ့ အသက်(၃၁)နှစ်၊ (၃၂)နှစ်လောက်အရွယ်ကစားသမားတွေကိုတော့ ငွေကုန်ကြေးကျခံမခေါ်သင့်ပါဘူး။
အသင်းအနေနဲ့ လာမယ့်(၅)နှစ်စာအတွက်ကြိုတင်ပြင်ဆင်ပြီး တည်ဆောက်သွားရမှာပါ။
အဲဒီလို ကစားသမားကောင်းတွေခေါ်ယူပြီးတာနဲ့ အသင်းက မလိုတဲ့သူတွေကို ရောင်းချသွားရမှာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
နယူးကာဆယ်အသင်း ပထမဆုံးခေါ်ယူမယ့်ကစားသမားက ပေါ့ဘာ ဖြစ်လာနိုင်တယ်လို့ အသင်းဂန္ထဝင်ခန့်မှန်း
နယူးကာဆယ်အသင်းဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သူ ခရစ္စဝါဒယ်လ်က နယူးကာဆယ်အသင်းအနေနဲ့ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့အတွင်းမှာ ထိပ်တန်းအဆင့်ကစားသမားတွေကို ကြိုးပမ်းသင့်ပြီး ပေါ့ဘာကို ပထမဆုံးကစားသမားအဖြစ် ခေါ်ယူသင့်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူပေါ့ဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အခုရာသီကုန်မှာ စာချုပ်သက်တမ်းပြည့်မှာဖြစ်ပြီး အခုအချိန်အထိ စာချုပ်သစ်ချုပ်ဆိုဖို့ မသေချာသေးပါဘူး။