နယူးကာဆယ်အသင်းကို ဝယ်ယူသိမ်းပိုက်တော့မယ့် ဆော်ဒီက အဖွဲ့အစည်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆော်ဒီတော်ဝင်မိသားစုရဲ့ ကျောထောက်နောက်ခံကို ရရှိထားတဲ့ ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းဟာ နယူးကာဆယ်အသင်းကို ဝယ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းဟာ ပြီးခဲ့တဲ့နှစ်ထဲက နယူးကာဆယ်အသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းထားသလို နယူးကာဆယ်အသင်းရဲ့ ပိုင်ရှင်ဖြစ်သူ အက်ရှလေကလည်း

သူ့ရဲ့အသင်းကို ဆော်ဒီအဖွဲ့အစည်းထံ ရောင်းချဖို့ ဆန္ဒရှိနေပေမယ့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ရဲ့ တားဆီးမှုကြောင့်သာ ကလပ်အသင်း ရောင်းချမှုဟာ မဖြစ်ပေါ်ခဲ့တာပါ။

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ဟာ ဘောလုံးပွဲတွေကို တိုက်ရိုက် ထုတ်လွှင့်ပြသတဲ့ ချန်နယ်တစ်ခု ဖြစ်တဲ့ belIN Sports Channelကို ဆော်ဒီနိုင်ငံက ပြည်ဝင်ခွင့် ပိတ်ထားတဲ့ အချက်အပေါ် အခြေခံကာ

အားကစားအရ လုပ်ပိုင်ခွင့် တစ်စုံတစ်ရာ ရှိမှုကို တားဆီးတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ နယူးကာဆယ်အသင်းကို ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းထံ ရောင်းချမှုကို ပိတ်ပင်ခဲ့တာပါ။

အခုတော့ဆော်ဒီအစိုးရကကာတာရုပ်သံဌာန belIN Sports ကို နိုင်ငံတွင်းပိတ်ပင်ထားမှုအားဖယ်ရှားလိုက်မှုနဲ့အတူ ဆော်ဒီရဲ့နယူးကာဆယ်အားဝယ်ယူရေးအပြီးသတ်ဖို့ဖြစ်လာတာဖြစ်ပါတယ်။

ဆော်ဒီဟာအရှေ့အလယ်ပိုင်းနှင့်မြောက်အာဖရိကတို့အတွက်ပရီးမီးယားလိဂ်ပွဲများထုတ်လွှင့်ခွင့်ရရှိထားတဲ့ belIN Sports ကိုဆော်ဒီနိုင်ငံအတွင်းတွင်ပြသခွင့်လေးနှစ်ကြာပိတ်ပင်ထားမှုနဲ့အတူ ၎င်းတို့ရဲ့နယူးကာဆယ်အားဝယ်ယူရေးမှာအတားအဆီးဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။

နယူးကာဆယ်ကို Saudi Investment Fund ကဝယ်ယူရေးအောင်မြင်လာတော့မှာဖြစ်တာနဲ့အညီနည်းပြစတိဗ်ဘရုစ်ရဲ့အနာဂတ်မှာလည်းမရေမရာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

နယူးကာဆယ္အသင္းကို ဝယ္ယူသိမ္းပိုက္ေတာ့မယ့္ ေဆာ္ဒီက အဖြဲ႕အစည္း

ေဆာ္ဒီေတာ္ဝင္မိသားစုရဲ႕ ေက်ာေထာက္ေနာက္ခံကို ရရွိထားတဲ့ ေဆာ္ဒီအာေရဗ် ျပည္သူပိုင္ ရင္းႏွီးျမႇဳပ္ႏွံမႈ အဖြဲ႕အစည္းဟာ နယူးကာဆယ္အသင္းကို ဝယ္ယူႏိုင္ဖို႔ နီးစပ္ေနၿပီ ျဖစ္ေၾကာင္း သိရပါတယ္။ေဆာ္ဒီအာေရဗ် ျပည္သူပိုင္ ရင္းႏွီးျမႇဳပ္ႏွံမႈ အဖြဲ႕အစည္းဟာ ၿပီးခဲ့တဲ့ႏွစ္ထဲက နယူးကာဆယ္အသင္းကို ဝယ္ယူဖို႔ ကမ္းလွမ္းထားသလို နယူးကာဆယ္အသင္းရဲ႕ ပိုင္ရွင္ျဖစ္သူ အက္ရွေလကလည္း သူ႔ရဲ႕အသင္းကို ေဆာ္ဒီအဖြဲ႕အစည္းထံ ေရာင္းခ်ဖို႔ ဆႏၵရွိေနေပမယ့္ အဂၤလန္ ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ တားဆီးမႈေၾကာင့္သာ ကလပ္အသင္း ေရာင္းခ်မႈဟာ မျဖစ္ေပၚခဲ့တာပါ။

အဂၤလန္ ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ ေဘာလုံးပြဲေတြကို တိုက္႐ိုက္ ထုတ္လႊင့္ျပသတဲ့ ခ်န္နယ္တစ္ခု ျဖစ္တဲ့ belIN Sports Channelကို ေဆာ္ဒီႏိုင္ငံက ျပည္ဝင္ခြင့္ ပိတ္ထားတဲ့ အခ်က္အေပၚ အေျခခံကာ အားကစားအရ လုပ္ပိုင္ခြင့္ တစ္စုံတစ္ရာ ရွိမႈကို တားဆီးတယ္ ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ နယူးကာဆယ္အသင္းကို ေဆာ္ဒီအာေရဗ် ျပည္သူပိုင္ ရင္းႏွီးျမႇဳပ္ႏွံမႈ အဖြဲ႕အစည္းထံ ေရာင္းခ်မႈကို ပိတ္ပင္ခဲ့တာပါ။

အခု​ေတာ့ေဆာ္ဒီအစိုးရကကာတာ႐ုပ္သံဌာန belIN Sports ကို ႏိုင္ငံတြင္းပိတ္ပင္ထားမႈအားဖယ္ရွားလိုက္မႈနဲ႔အတူ ေဆာ္ဒီရဲ႕နယူးကာဆယ္အားဝယ္ယူေရးအၿပီးသတ္ဖို႔ျဖစ္လာတာျဖစ္ပါတယ္။ေဆာ္ဒီဟာအေရွ႕အလယ္ပိုင္းႏွင့္ေျမာက္အာဖရိကတို႔အတြက္ပရီးမီးယားလိဂ္ပြဲမ်ားထုတ္လႊင့္ခြင့္ရရွိထားတဲ့ belIN Sports ကိုေဆာ္ဒီႏိုင္ငံအတြင္းတြင္ျပသခြင့္ေလးႏွစ္ၾကာပိတ္ပင္ထားမႈနဲ႔အတူ ၎တို႔ရဲ႕နယူးကာဆယ္အားဝယ္ယူေရးမွာအတားအဆီးျဖစ္ေနခဲ့တာလည္းျဖစ္ပါတယ္။

နယူးကာဆယ္ကို Saudi Investment Fund ကဝယ္ယူေရးေအာင္ျမင္လာေတာ့မွာျဖစ္တာနဲ႔အညီနည္းျပစတိဗ္ဘ႐ုစ္ရဲ႕အနာဂတ္မွာလည္းမေရမရာျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။