နယူးကာဆယ်အနေနဲ့ အင်္ဂလန်သားတွေကို ခေါ်သင့်ကြောင်း ဖာဒီနန် ပြောဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဖာဒီနန်က နယူးကာဆယ် ပိုင်ရှင်သစ်တွေ အနေနဲ့ မန်ချက်စတာယူနိုက်တက် ကြယ်ပွင့်တွေ ဖြစ်ကြတဲ့ လင်ဂတ် ၊ မန်ချက်စတာစီးတီးမှာ နေရာမရ ဖြစ်နေတဲ့ ရာဟင်းစတာလင် နဲ့ ဝက်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ် တို့ကို ငွေကြေး များစွာ သုံးစွဲကာ ခေါ်ယူရန် တိုက်တွန်း သွားခဲ့ပါတယ်။

လက်ရှိမှာတော့ ကမ္ဘာ့ဘောလုံးလောကရဲ့ အချမ်းသာဆုံး ဖြစ်တဲ့ နယူးကာဆယ် ပိုင်ရှင်တွေဟာ လာမယ့်နှစ်တွေ အတွင်း ကလပ်ကို ငွေကြေး များစွာ ရင်းနှီးမြှုပ်နှံသွားတော့မှာ ဖြစ်တာကြောင့် ဘောလုံး ပရိတ်သတ်တွေ အတွက် ကတော့ စိတ်လှုပ်ရှားစရာ ဖြစ်နေပါတယ်။

“စတာလင်လို ကစားသမားမျိုးကို ကျွန်တော်မြင်မိပါတယ်။ စတာလင်က ပုံမှန်ကစားခွင့်မရဘူးဖြစ်နေတယ်။

သူ့ကို ကျွန်တော် မေးချင်တာရှိပါတယ်။ ဒီကလန်ရိုက်စ်ကိုရောပေါ့။

ဘာတွေဖြစ်နေလဲဆိုပြီးတော့ ကျွန်တော်မေးချင်ပါတယ်။

ဒီကစားသမားနှစ်ယောက်က ကျွန်တော်လိုချင်တဲ့ ကစားသမားတွေထဲမှာ ထိပ်ဆုံးကပါ။

နောက်ထပ်ဆိုရင်တော့ လင်ဂတ်ကို ကျွန်တော်ကြိုးစားသွားမှာပါ၊ သူတို့နဲ့ ဆွေးနွေးမှုလုပ်တာမျိုးက ပိုပြီးလက်တွေ့ကျပါတယ်”

“နယူးကာဆယ်က ဘတ်ပီ၊ ဟာလန်းတို့ကို ချိတ်ဆက်ချင်တယ်လို့လည်း သတင်းတွေထွက်နေတယ်။

ဒါက အသင်းတိုင်းရဲ့အိပ်မက်ပါ။ ဒါပေမယ့် ယူနိုက်တက်၊ ချယ်လ်ဆီး၊ မန်စီးတီးတို့မှာ အဆင်မပြေဖြစ်နေတဲ့ ကစားသမားတွေရှိတယ်။

ကျွန်တော်ကတော့ အဲလိုကစားသမားတွေကို စိတ်ဝင်စားတယ်။

ပြီးတော့ လူငယ်ကစားသမားတွေ၊ အင်္ဂလန်ကစားသမားတွေကို ကျွန်တော်သဘောကျတယ်”

“မက်စ်အာရွန်၊ နော်ဝှစ်ချ်ညာအစွန်ခံစစ်ကစားသမား၊ သူဆိုရင် ပရီးမီးယားလိဂ်မှာ၊ ပြီးတော့ ကွန်နာဂယ်လ်လာဟာ၊ သူတို့နှစ်ယောက်က နယူးကာဆယ်ကို ရောက်သင့်တဲ့သူတွေလို့ ကျွန်တော်ပြောချင်တယ်။

နယူးကာဆယ်က အင်္ဂလိပ်ကလပ်ပါ။

အင်္ဂလိပ်လူငယ်ကစားသမားတွေကို ကျွန်တော်ကတော့ ပိုလိုချင်တယ်” လို့ ဖာဒီနန်က ပြောဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

နယူးကာဆယ္အေနနဲ႔ အဂၤလန္သားေတြကို ​ေခၚသင့္​ေၾကာင္း ဖာဒီနန္ ​ေျပာဆို

ဖာဒီနန္က နယူးကာဆယ္ ပိုင္ရွင္သစ္ေတြ အေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္ ၾကယ္ပြင့္ေတြ ျဖစ္ၾကတဲ့ လင္ဂတ္ ၊ မန္ခ်က္စတာစီးတီးမွာ ေနရာမရ ျဖစ္ေနတဲ့ ရာဟင္းစတာလင္ နဲ႔ ဝက္ဟမ္း ကြင္းလယ္လူ ဒီကလန္႐ိုက္စ္ တို႔ကို ေငြေၾကး မ်ားစြာ သုံးစြဲကာ ေခၚယူရန္ တိုက္တြန္း သြားခဲ့ပါတယ္။လက္ရွိမွာေတာ့ ကမာၻ႔ေဘာလုံးေလာကရဲ႕ အခ်မ္းသာဆုံး ျဖစ္တဲ့ နယူးကာဆယ္ ပိုင္ရွင္ေတြဟာ လာမယ့္ႏွစ္ေတြ အတြင္း ကလပ္ကို ေငြေၾကး မ်ားစြာ ရင္းႏွီးျမႇဳပ္ႏွံသြားေတာ့မွာ ျဖစ္တာေၾကာင့္ ေဘာလုံး ပရိတ္သတ္ေတြ အတြက္ ကေတာ့ စိတ္လႈပ္ရွားစရာ ျဖစ္ေနပါတယ္။

“စတာလင္လို ကစားသမားမ်ိဳးကို ကြၽန္ေတာ္ျမင္မိပါတယ္။ စတာလင္က ပုံမွန္ကစားခြင့္မရဘူးျဖစ္ေနတယ္။ သူ႔ကို ကြၽန္ေတာ္ ေမးခ်င္တာရွိပါတယ္။ ဒီကလန္႐ိုက္စ္ကိုေရာေပါ့။ဘာေတြျဖစ္ေနလဲဆိုၿပီးေတာ့ ကြၽန္ေတာ္ေမးခ်င္ပါတယ္။ဒီကစားသမားႏွစ္ေယာက္က ကြၽန္ေတာ္လိုခ်င္တဲ့ ကစားသမားေတြထဲမွာ ထိပ္ဆုံးကပါ။ေနာက္ထပ္ဆိုရင္ေတာ့ လင္ဂတ္ကို ကြၽန္ေတာ္ႀကိဳးစားသြားမွာပါ၊ သူတို႔နဲ႔ ေဆြးေႏြးမႈလုပ္တာမ်ိဳးက ပိုၿပီးလက္ေတြ႕က်ပါတယ္”
“နယူးကာဆယ္က ဘတ္ပီ၊ ဟာလန္းတို႔ကို ခ်ိတ္ဆက္ခ်င္တယ္လို႔လည္း သတင္းေတြထြက္ေနတယ္။ဒါက အသင္းတိုင္းရဲ႕အိပ္မက္ပါ။ ဒါေပမယ့္ ယူႏိုက္တက္၊ ခ်ယ္လ္ဆီး၊ မန္စီးတီးတို႔မွာ အဆင္မေျပျဖစ္ေနတဲ့ ကစားသမားေတြရွိတယ္။ ကြၽန္ေတာ္ကေတာ့ အဲလိုကစားသမားေတြကို စိတ္ဝင္စားတယ္။ ၿပီးေတာ့ လူငယ္ကစားသမားေတြ၊ အဂၤလန္ကစားသမားေတြကို ကြၽန္ေတာ္သေဘာက်တယ္”

“မက္စ္အာ႐ြန္၊ ေနာ္ဝွစ္ခ်္ညာအစြန္ခံစစ္ကစားသမား၊ သူဆိုရင္ ပရီးမီးယားလိဂ္မွာ၊ ၿပီးေတာ့ ကြန္နာဂယ္လ္လာဟာ၊ သူတို႔ႏွစ္ေယာက္က နယူးကာဆယ္ကို ေရာက္သင့္တဲ့သူေတြလို႔ ကြၽန္ေတာ္ေျပာခ်င္တယ္။ နယူးကာဆယ္က အဂၤလိပ္ကလပ္ပါ။ အဂၤလိပ္လူငယ္ကစားသမားေတြကို ကြၽန္ေတာ္ကေတာ့ ပိုလိုခ်င္တယ္” လို႔ ဖာဒီနန္က ေျပာဆိုပါတယ္။