နယူးကာဆယ်နဲ့ PSG ကစားသမားဟောင်း ကာဘာယီ ဘောလုံးသမားဘဝက အနားယူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ နယူးကာဆယ်၊ ပဲလေ့စ်၊ ပြင်သစ်ထိပ်သီး PSG အသင်းတို့မှာ ကစားခဲ့သူ ပြင်သစ်ဝါရင့်ကွင်းလယ်ကစားသမား ကာဘာယီဟာ ဘောလုံးသမားဘဝကနေ အနားယူသွားပြီဖြစ်ပါတယ်။ အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကာဘာယီဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ စိန့်အက်တီယန်အသင်းနဲ့ (၁)နှစ်စာချုပ်သက်တမ်းပြည့်သွားပြီးတဲ့နောက် ကလပ်အသင်းသစ် ထပ်မရှာတော့ဘဲ ဘောလုံးသမားဘဝကနေ အနားယူဖို့ဆုံးဖြတ်ခဲ့တာပါ။

ကာဘာယီဟာ ၂၀၀၄ ခုနှစ်မှာ လိုင်လီအသင်းနဲ့အတူ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘ၀ စတင်ခဲ့ပြီး ၂၀၁၀-၁၁ ရာသီတုန်းက အသင်းအတွက် အမှတ်ပေးချန်ပီယံ၊ ပြင်သစ်ဖလားတွေ ရယူပေးခဲ့သူဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းအတွက် (၄၈)ပွဲကစားခဲ့ပေမယ့် ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံအသင်းမှာတော့ ရွေးချယ်မခံခဲ့ရပါဘူး။

ဘောလုံးသမားဘဝက အနားယူဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက် ကာဘာယီက “ဘောလုံးလောကမှာ (၁၇)နှစ်ကျော် ကျင်လည်ခဲ့တဲ့အချိန်တွေမှာ အမှတ်တရတွေအများကြီးရှိခဲ့ပြီး အဲဒါတွေကို ဘယ်တော့မှ မေ့နိုင်မှမဟုတ်ပါဘူး။

အသက်(၃၅)နှစ်အရွယ်ရောက်ရှိလာပြီဖြစ်လို့ ကစားသမားဘဝက အနားယူရမယ့်အချိန်ရောက်လာပြီဖြစ်ပေမယ့် ဘောလုံးကို ချစ်တဲ့စိတ်က အရမ်းကြီးမားလွန်းတာကြောင့် ကျွန်တော့်အတွက် အခုဆုံးဖြတ်ချက်က ခက်ခဲသလို၊ လက်ခံဖို့လည်း ခက်ပါတယ်။

ဘောလုံးသမားဘဝတစ်လျှောက် ဆုံတွေ့ခဲ့ဖူးတဲ့ နည်းပြတွေ၊ အသင်းဖော်တွေ၊ ပရိသတ်တွေသာမက ကျွန်တော့်ကို အားပေးခဲ့ကြတဲ့ ကျွန်တော့်မိသားစု၊ သူငယ်ချင်းတွေနဲ့ အေးဂျင့်တွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ပါရစေ”ဆိုပြီး သူ့ရဲ့ Twitter မှာ ရေးသားနှုတ်ဆက်ခဲ့ပါတယ်။ သူ့အသင်းဟောင်း နယူးကာဆယ်အသင်းက မန်ချက်စတာယူနိုက်တက်နဲ့ပွဲတုန်းက ကာဘာယီ (၂)ဂိုးသွင်းခဲ့တဲ့ ရုပ်သံဖိုင်နဲ့အတူ “အောင်မြင်တဲ့ ဘောလုံးသမားဘဝကို ပိုင်ဆိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။

အနာဂတ်မှာလည်း ဆက်ပြီးအောင်မြင်မှုတွေ ရယူနိုင်ပါစေ”လို့ Twitter မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ဒ့ါအပြင် ပဲလေ့စ်အသင်းကလည်း “အသင်းရဲ့အကောင်းဆုံး ကစားသမားတစ်ဦး”ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ အာဆင်နယ်ကို (၃)ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ကာဘာယီ ဂိုးသွင်းခဲ့တဲ့ရုပ်သံဖိုင်ကို Twitter မှာ ဖော်ပြပြီး ဂုဏ်ပြုခဲ့ပါတယ်။

ကာဘာယီဟာ ၂၀၁၁ ခုနှစ်မှာ နယူးကာဆယ်အသင်းကို ရောက်ရှိခဲ့ပြီး ပရိသတ်အချစ်တော်ကစားသမားဖြစ်ခဲ့သလို ၂၀၁၂ ခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၅)ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ နယူးကာဆယ်အသင်းအတွက် (၉၃)ပွဲကစား၊ (၁၈)ဂိုးသွင်းယူခဲ့ပြီး ၂၀၁၄၊ ဇန်နဝါရီလမှာ PSG အသင်းကို ပြောင်းရွှေ့ခဲ့သလို အသင်းနဲ့အတူ အမှတ်ပေးဖလား(၂)ကြိမ်၊ ပြင်သစ်ဖလား(၁)ကြိမ်၊ ပြင်သစ်လိဂ်ဖလား(၂)ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ ပဲလေ့စ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မြေကို ပြန်လည်ခြေချခဲ့ပြီး ၂၀၁၅-၁၆ ရာသီမှာ ပဲလေ့စ်အသင်း FA ဗိုလ်လုပွဲတက်ရောက်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့သူပါ။ အဲဒီနောက်မှာတော့ ယူအေအီးကလပ် အယ်လ်နာဆာ၊ ပြင်သစ်ကလပ် စိန့်အက်တီယန်အသင်းတို့ကို ပြောင်းရွှေ့ခဲ့ပြီး သူ့ရဲ့ ကစားသမားဘ၀ နောက်ဆုံးပွဲကတော့ ပြီးခဲ့တဲ့နှစ်၊ သြဂုတ်လတုန်းက ပြင်သစ်လိဂ်ဖလားကွာတားဖိုင်နယ်အဖြစ် PSG အသင်းနဲ့ ကစားခဲ့တဲ့ပွဲပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

နယူးကာဆယ္နဲ႔ PSG ကစားသမားေဟာင္း ကာဘာယီ ေဘာလုံးသမားဘဝက အနားယူ

ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ နယူးကာဆယ္၊ ပဲေလ့စ္၊ ျပင္သစ္ထိပ္သီး PSG အသင္းတို႔မွာ ကစားခဲ့သူ ျပင္သစ္ဝါရင့္ကြင္းလယ္ကစားသမား ကာဘာယီဟာ ေဘာလုံးသမားဘဝကေန အနားယူသြားၿပီျဖစ္ပါတယ္။ အသက္(၃၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ကာဘာယီဟာ ၿပီးခဲ့တဲ့ရာသီကုန္မွာ စိန႔္အက္တီယန္အသင္းနဲ႔ (၁)ႏွစ္စာခ်ဳပ္သက္တမ္းျပည့္သြားၿပီးတဲ့ေနာက္ ကလပ္အသင္းသစ္ ထပ္မရွာေတာ့ဘဲ ေဘာလုံးသမားဘဝကေန အနားယူဖို႔ဆုံးျဖတ္ခဲ့တာပါ။ ကာဘာယီဟာ ၂၀၀၄ ခုႏွစ္မွာ လိုင္လီအသင္းနဲ႔အတူ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားဘ၀ စတင္ခဲ့ၿပီး ၂၀၁၀-၁၁ ရာသီတုန္းက အသင္းအတြက္ အမွတ္ေပးခ်န္ပီယံ၊ ျပင္သစ္ဖလားေတြ ရယူေပးခဲ့သူျဖစ္ပါတယ္။ ျပင္သစ္လက္ေ႐ြးစင္အသင္းအတြက္ (၄၈)ပြဲကစားခဲ့ေပမယ့္ ၂၀၁၈ ကမာၻ႔ဖလားခ်န္ပီယံအသင္းမွာေတာ့ ေ႐ြးခ်ယ္မခံခဲ့ရပါဘူး။

ေဘာလုံးသမားဘဝက အနားယူဖို႔ ဆုံးျဖတ္လိုက္ၿပီးတဲ့ေနာက္ ကာဘာယီက “ေဘာလုံးေလာကမွာ (၁၇)ႏွစ္ေက်ာ္ က်င္လည္ခဲ့တဲ့အခ်ိန္ေတြမွာ အမွတ္တရေတြအမ်ားႀကီးရွိခဲ့ၿပီး အဲဒါေတြကို ဘယ္ေတာ့မွ ေမ့ႏိုင္မွမဟုတ္ပါဘူး။ အသက္(၃၅)ႏွစ္အ႐ြယ္ေရာက္ရွိလာၿပီျဖစ္လို႔ ကစားသမားဘဝက အနားယူရမယ့္အခ်ိန္ေရာက္လာၿပီျဖစ္ေပမယ့္ ေဘာလုံးကို ခ်စ္တဲ့စိတ္က အရမ္းႀကီးမားလြန္းတာေၾကာင့္ ကြၽန္ေတာ့္အတြက္ အခုဆုံးျဖတ္ခ်က္က ခက္ခဲသလို၊ လက္ခံဖို႔လည္း ခက္ပါတယ္။ ေဘာလုံးသမားဘဝတစ္ေလွ်ာက္ ဆုံေတြ႕ခဲ့ဖူးတဲ့ နည္းျပေတြ၊ အသင္းေဖာ္ေတြ၊ ပရိသတ္ေတြသာမက ကြၽန္ေတာ့္ကို အားေပးခဲ့ၾကတဲ့ ကြၽန္ေတာ့္မိသားစု၊ သူငယ္ခ်င္းေတြနဲ႔ ေအးဂ်င့္ေတြကိုလည္း ေက်းဇူးတင္ပါတယ္လို႔ ေျပာလိုက္ပါရေစ”ဆိုၿပီး သူ႔ရဲ႕ Twitter မွာ ေရးသားႏႈတ္ဆက္ခဲ့ပါတယ္။ သူ႔အသင္းေဟာင္း နယူးကာဆယ္အသင္းက မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲတုန္းက ကာဘာယီ (၂)ဂိုးသြင္းခဲ့တဲ့ ႐ုပ္သံဖိုင္နဲ႔အတူ “ေအာင္ျမင္တဲ့ ေဘာလုံးသမားဘဝကို ပိုင္ဆိုင္ခဲ့တဲ့အတြက္ ဂုဏ္ယူပါတယ္။ အနာဂတ္မွာလည္း ဆက္ၿပီးေအာင္ျမင္မႈေတြ ရယူႏိုင္ပါေစ”လို႔ Twitter မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒ့ါအျပင္ ပဲေလ့စ္အသင္းကလည္း “အသင္းရဲ႕အေကာင္းဆုံး ကစားသမားတစ္ဦး”ဆိုတဲ့ ေခါင္းစဥ္နဲ႔အတူ အာဆင္နယ္ကို (၃)ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲမွာ ကာဘာယီ ဂိုးသြင္းခဲ့တဲ့႐ုပ္သံဖိုင္ကို Twitter မွာ ေဖာ္ျပၿပီး ဂုဏ္ျပဳခဲ့ပါတယ္။

ကာဘာယီဟာ ၂၀၁၁ ခုႏွစ္မွာ နယူးကာဆယ္အသင္းကို ေရာက္ရွိခဲ့ၿပီး ပရိသတ္အခ်စ္ေတာ္ကစားသမားျဖစ္ခဲ့သလို ၂၀၁၂ ခုႏွစ္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ အဆင့္(၅)ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့ပါတယ္။ နယူးကာဆယ္အသင္းအတြက္ (၉၃)ပြဲကစား၊ (၁၈)ဂိုးသြင္းယူခဲ့ၿပီး ၂၀၁၄၊ ဇန္နဝါရီလမွာ PSG အသင္းကို ေျပာင္းေ႐ႊ႕ခဲ့သလို အသင္းနဲ႔အတူ အမွတ္ေပးဖလား(၂)ႀကိမ္၊ ျပင္သစ္ဖလား(၁)ႀကိမ္၊ ျပင္သစ္လိဂ္ဖလား(၂)ႀကိမ္ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္မွာေတာ့ ပဲေလ့စ္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ေျမကို ျပန္လည္ေျခခ်ခဲ့ၿပီး ၂၀၁၅-၁၆ ရာသီမွာ ပဲေလ့စ္အသင္း FA ဗိုလ္လုပြဲတက္ေရာက္ႏိုင္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သူပါ။ အဲဒီေနာက္မွာေတာ့ ယူေအအီးကလပ္ အယ္လ္နာဆာ၊ ျပင္သစ္ကလပ္ စိန႔္အက္တီယန္အသင္းတို႔ကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး သူ႔ရဲ႕ ကစားသမားဘ၀ ေနာက္ဆုံးပြဲကေတာ့ ၿပီးခဲ့တဲ့ႏွစ္၊ ၾသဂုတ္လတုန္းက ျပင္သစ္လိဂ္ဖလားကြာတားဖိုင္နယ္အျဖစ္ PSG အသင္းနဲ႔ ကစားခဲ့တဲ့ပြဲပဲျဖစ္ပါတယ္။