နယူးကာဆယ်နဲ့ ပွဲမှာ ရော်နယ်ဒို ကွင်းထဲမှာ ရှိနေမယ်လို့ ဆိုးလ်ရှား အာမခံ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တိုက်စစ်မှူး စီရော်နယ်ဒိုဟာ နယူးကာဆယ်နှင့်ပွဲမှာ သူ့ရဲ့ ဒုတိယအကြိမ် ယူနိုက်တက်အသင်းသား ဘ၀ အတွက် ကွင်းထဲမှာရှိနေမှာ ဖြစ်ကြောင်း နည်းပြဆိုးလ်ရှားမှ သတင်းစာရှင်းလင်းပွဲ၌ အတည်ပြုခဲ့ပါတယ်။

ရော်နယ်ဒိုဟာ မနှစ်က စီးရီအေမှာ ၂၉ဂိုးသွင်းကာ စီးရီးအေရဲ့ ဂိုးသွင်းအများဆုံး ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ရော်နယ်ဒို ကိစ္စ နည်းပြဆိုးလ်ရှားကအတည်ပြုသွားခဲ့ပေမယ့် ပွဲထွက်ကစားသမားအနေနဲ့လား၊ လူစားဝင်ကစားသမားအနေနဲ့လားဆိုတာကိုတော့ အတိအလင်းပြောကြားသွားခြင်းမရှိပါဘူး။

“ကျွန်တော်တို့တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်လေးစားမှုရှိပါတယ်။

ဒါပေမယ့် ရော်နယ်ဒို သိပါတယ်၊ ဘယ်အချိန်ပွဲထွက်ခွင့်ရမယ်/မရဘူးဆိုတာနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေကိုချရတာကျွန်တော့်အလုပ်ဆိုတာကိုပေါ့။”

“သူ့ကိုစီမံခန့်ခွဲရတာ၊ သူ့ရဲ့အကောင်းဆုံးပုံစံကိုထုတ်ယူတာ ဒါ ကျွန်တော့်အလုပ်ပဲလေ။

ရော်နယ်ဒိုရဲ့အကောင်းဆုံးပုံစံကို ကျွန်တော်မြင်ချင်ပါတယ်”

“သူ ဂျူဗင်တပ်စ်နဲ့ရာသီကြိုခြေစမ်းပွဲတွေကစားခဲ့သလို နိုင်ငံ့လက်ရွေးစင်ပွဲတွေလည်းကစားခဲ့တယ်။

ဒီအပတ်ထဲမှာလည်း ကျွန်တော်တို့နဲ့အတူထရိန်နင်ဆင်းခဲ့တယ်။

သူ လာမယ့်ပွဲမှာ ကွင်းထဲရှိနေမှာတော့သေချာပါတယ်”လို့ ဆိုးလ်ရှားက ပြောပါတယ်။

ရော်နယ်ဒိုဟာ အိုင်ယာလန်နဲ့ပွဲမှာ ပေါ်တူဂီအတွက် နောက်ဆုံးမိနစ်တွေမှာ ချေပဂိုးရော အနိုင်ဂိုးပါသွင်းယူပြီး နိုင်ငံအသင်းနဲ့ သွင်းဂိုးအများဆုံး စံချိန်ကို ၁၁၁ဂိုးနဲ့ တင်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဖလားလက်မဲ့ဖြစ်နေတာ ၄နှစ်ကျော် နေပြီဖြစ်ပြီး ဆိုးလ်ရှားလက်ထက်မှာ ဖလားတစ်လုံးမှ မရှိသေးပါဘူး။

ပရီးမီးယားလိဂ်ရဲ့ အဆင့် (၂)နဲ့ ယူရိုပါလိဂ်မှာ first runner up အထိသာ အမြင့်ဆုံးရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

နယူးကာဆယ္နဲ႔ ပြဲမွာ ေရာ္နယ္ဒို ကြင္းထဲမွာ ရွိေနမယ္လို႔ ဆိုးလ္ရွား အာမခံ

တိုက္စစ္မႉး စီေရာ္နယ္ဒိုဟာ နယူးကာဆယ္ႏွင့္ပြဲမွာ သူ႔ရဲ႕ ဒုတိယအႀကိမ္ ယူႏိုက္တက္အသင္းသား ဘ၀ အတြက္ ကြင္းထဲမွာရွိ​ေနမွာ ျဖစ္ေၾကာင္း နည္းျပဆိုးလ္ရွားမွ သတင္းစာရွင္းလင္းပြဲ၌ အတည္ျပဳခဲ့ပါတယ္။ေရာ္နယ္ဒိုဟာ မႏွစ္က စီးရီေအမွာ ၂၉ဂိုးသြင္းကာ စီးရီးေအရဲ႕ ဂိုးသြင္းအမ်ားဆုံး ဆုကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

​ေရာ္နယ္ဒို ကိစၥ နည္းျပဆိုးလ္ရွားကအတည္ျပဳသြားခဲ့ေပမယ့္ ပြဲထြက္ကစားသမားအေနနဲ႔လား၊ လူစားဝင္ကစားသမားအေနနဲ႔လားဆိုတာကိုေတာ့ အတိအလင္းေျပာၾကားသြားျခင္းမရွိပါဘူး။

“ကြၽန္​ေတာ္တို႔တစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွန္ေလးစားမႈရွိပါတယ္။ ဒါေပမယ့္ ​​ေရာ္နယ္ဒို သိပါတယ္၊ ဘယ္အခ်ိန္ပြဲထြက္ခြင့္ရမယ္/မရဘူးဆိုတာနဲ႔ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္ေတြကိုခ်ရတာကြၽန္​ေတာ့္အလုပ္ဆိုတာကိုေပါ့။”

“သူ႔ကိုစီမံခန႔္ခြဲရတာ၊ သူ႔ရဲ႕အေကာင္းဆုံးပုံစံကိုထုတ္ယူတာ ဒါ ကြၽန္​ေတာ့္အလုပ္ပဲေလ။ ေရာ္နယ္ဒိုရဲ႕အေကာင္းဆုံးပုံစံကို ကြၽန္​ေတာ္ျမင္ခ်င္ပါတယ္”

“သူ ဂ်ဴဗင္တပ္စ္နဲ႔ရာသီႀကိဳေျခစမ္းပြဲေတြကစားခဲ့သလို ႏိုင္ငံ့လက္ေ႐ြးစင္ပြဲေတြလည္းကစားခဲ့တယ္။ ဒီအပတ္ထဲမွာလည္း ကြၽန္​ေတာ္တို႔နဲ႔အတူထရိန္နင္ဆင္းခဲ့တယ္။ သူ လာမယ့္ပြဲမွာ ကြင္းထဲရွိေနမွာေတာ့ေသခ်ာပါတယ္”လို႔ ​ဆိုးလ္ရွားက ေျပာပါတယ္။

ေရာ္နယ္ဒိုဟာ အိုင္ယာလန္နဲ႔ပြဲမွာ ေပၚတူဂီအတြက္ ေနာက္ဆုံးမိနစ္ေတြမွာ ေခ်ပဂိုး​ေရာ အႏိုင္ဂိုးပါသြင္းယူၿပီး ႏိုင္ငံအသင္းနဲ႔ သြင္းဂိုးအမ်ားဆုံး စံခ်ိန္ကို ၁၁၁ဂိုးနဲ႔ တင္ႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ဖလားလက္မဲ့ျဖစ္ေနတာ ၄ႏွစ္ေက်ာ္ ေနၿပီျဖစ္ၿပီး ဆိုးလ္ရွားလက္ထက္မွာ ဖလားတစ္လုံးမွ မရွိေသးပါဘူး။ ပရီးမီးယားလိဂ္ရဲ႕ အဆင့္ (၂)နဲ႔ ယူ႐ိုပါလိဂ္မွာ first runner up အထိသာ အျမင့္ဆုံးရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။