နယူးကာဆယ်နဲ့ ပွဲမှာ ရော်နယ်ဒိုသာပါဝင်လာရင် (၃)ဂိုးပြတ်နဲ့ နိုင်မယ်လို့ ခန့်မှန်းလိုက်တဲ့ လော်ရိုးရဲ့ သုံးသပ်ချက်
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မကြာခင်မှာ ကလပ်အသင်းတွေရဲ့ ပွဲတွေ ပြန်လည် စတင်တော့မှာ ဖြစ်ပြီး ပရီးမီးယားလိဂ်မှာ အပတ်စဉ် ၄ ပွဲတွေ ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပါတယ်။
ဒီတစ်ပတ် ပွဲစဉ်တွေ အတွက် ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
-ခရစ္စတယ်ပဲလေ့စ် Vs စပါး
-စနေနေ့၊ ညနေ ၆ နာရီ
စပါးဟာ အရမ်းကောင်းတဲ့ ခြေစွမ်းမျိုးတွေ မလုပ်ပြနိုင်သေးပေမယ့်လည်း ပရီးမီးယားလိဂ်မှာ ပွဲတွေကို ၁-၀ ဖြင့် အမြဲ အနိုင်ရအောင် ကောင်းကောင်းလုပ်ထားနိုင်တယ်။
ခံစစ်ပိုင်းက သူတို့ရဲ့ အားနည်းချက်လို့ ထင်ပါတယ်။
ကိန်းကတော့ အင်္ဂလန်အတွက် ဂိုးတွေ သွင်းပေးနေပါပြီ။ပဲလေ့စ်ကတော့ နိုင်ပွဲအတွက် မျှော်လင့်နေပါလိမ့်မယ်။
စပါးက တော့ ပါးပါးလေးနဲ့ အနိုင်ရပြီး သူတို့ရဲ့ ရာနှုန်းပြည့် နိုင်ပွဲကို ဆက်ယူနိုင်မယ် ထင်ပါတယ်။
လော်ရိုး ရဲ့ ခန့်မှန်းရလဒ်။ ။ ခရစ္စတယ်ပဲလေ့စ် ဝ-၁ စပါး
-အာဆင်နယ် Vs နောဝစ်ချ်
-စနေနေ့၊ ည ၈း၃၀ နာရီ
အာဆင်နယ်ကတော့ ခက်ခဲတဲ့ အချိန်တွေကို ရုန်းကန်နေရဆဲပါပဲ။
ဇယားအောက်ခြေခြင်း ထိပ်တိုက်တွေ့တဲ့ ဒီပွဲမှာတော့ အဆင့်တက်ဖို့ အပြိုင်ကြိုးစားလာနိုင်ပါတယ်။
နော့ဝစ်ဟာ လည်း ခက်ခဲတဲ့ ရာသီရှည်တစ်ခုကို ရင်ဆိုင်နေရတာပါ။
အာဆင်နယ် ပရိသတ်တွေက တော့ သူတို့အသင်းကို အများကြီး မျှော်လင့်နေမှာပါ။
ဒီတစ်ခေါက် မနိုင်ရင်တော့ နည်းပြ အာတီတာအပေါ် ကျရောက်သွားမယ့် ဖိအားတွေက ပိုများလာပါလိမ့်မယ်။
လော်ရိုး ရဲ့ ခန့်မှန်းရလဒ်။ ။ အာဆင်နယ် ၂-၀ နောဝစ်ချ်
-လက်စတာ Vs မန်စီးတီး
-စနေနေ့၊ ည ၈း၃၀ နာရီ
လက်စတာက ဂွာဒီယိုလာရဲ့ မန်စီးတီးကို ရင်ဆိုင်ရာမှာ သမိုင်းကြောင်းကောင်းတွေ ရှိထားပါတယ်။
အရင်လက ကွန်မြူနတီဒိုင်းပွဲမှာ အနိုင်ရခဲ့တဲ့ ကိစ္စ အပါအဝင်ပေါ့။
ဒါပေမယ့်လို့ ဒီတစ်ကြိမ်မှာ ခြားနားတဲ့ အနေအထားမျိုးတွေ ရှိလာနိုင်ပါတယ်။
လော်ရိုး ရဲ့ ခန့်မှန်းရလဒ်။ ။ လက်စတာ ၁-၂ မန်စီးတီး
-ယူနိုက်တက် Vs နယူးကာဆယ်
-စနေနေ့၊ ည ၈း၃၀ နာရီ
နယူးကာဆယ်က နိုင်ပွဲ လိုချင်ပေမယ့် အခုပွဲက အိုလ်းထရပ်ဖိုဒ့်မှာ ရော်နယ်ဒို ပြန်လည်ပွဲထွက်လာနိုင်ခြေရှိတဲ့ ပွဲစဉ်ဖြစ်နေတာကြောင့် နယူးကာဆယ်အတွက် အခွင့်အလမ်းကောင်း သိပ်မရှိပါဘူး။
ဒိုလေး ပွဲထွက်ခွင့်ရပြီး၊ သရဲနီ နောက်တန်းကအကူအညီတွေပေး မယ်ဆိုရင် ရော်နယ်ဒိုက ဂိုးတွေ သွင်းယူနိုင်ပါလိမ့်မယ်။
သူက ပင်နယ်တီတွေ၊ ဖရီးကစ်တွေကို တာဝန်ယူမယ့်သူပါ။
လော်ရိုးရဲ့ ခန့်မှန်းရလဒ်။ ။ ယူနိုက်တက် ၃-၀ နယူးကာဆယ်
-ချယ်လ်ဆီး Vs အက်စတွန်ဗီလာ
-စနေနေ့၊ ည ၁၁း၀၀ နာရီ
အက်စတွန်ဗီလာကကစားနိုင်အားတွေ နည်းပါးနေတဲ့ အသင်း မဟုတ်ပေမယ့် ချယ်လ်ဆီးကတော့ သူတို့အတွက် တောင့်တင်းလွန်းလှပါတယ်။
ချယ်လ်ဆီးအတွက် ပြဿနာတစ်ခုတော့ ရှိပါတယ်။
နိုင်ငံတကာသီတင်းပတ်မှာ ဒဏ်ရာရခဲ့တဲ့ လူကာကူရဲ့ အခြေအနေပါ။
ဒါပေမယ့် သူ့ရဲ့ အခြေအနေက မပြင်းထန်ဘူးလို့တော့ ကြားနေရပါတယ်။
လော်ရိုး ရဲ့ ခန့်မှန်းရလဒ်။ ။ ချယ်လ်ဆီး ၂-၀ အက်စတွန်ဗီလာ
-လိဒ်ယူနိုက်တက် Vs လီဗာပူး
-တနင်္ဂနွေနေ့၊ ည ၁၀း၀၀ နာရီ
လိဒ်က ဒီရာသီမှာ အကန့်အသတ်တွေရှိနေပေမယ့် သူတို့ ရုန်းကန်နေရတယ်လို့ မထင်ပါဘူး။
လီဗာပူးက တိုက်စစ်မှာ ဂိုးရယူဖို့ အခွင့်အရေးတွေ ကောင်းကောင်းကြီး ရပါလိမ့်မယ်။
ကျွန်တော်ကတော့ လီဗာပူးပဲ အနိုင်ရမယ်လို့ ထင်ပါတယ်။
လော်ရိုး ရဲ့ ခန့်မှန်းရလဒ်။ ။ လိဒ်ယူနိုက်တက် ၁-၂ လီဗာပူး
လော်ရိုးရဲ့ အခြားပွဲစဉ်များအတွက် ခန့်မှန်းချက်များ
ဘရက်ဖိုဒ် 1-1 ဘရိုက်တန်
ဆောက်သမ်တန် 2-1 ဝက်စ်ဟမ်း
ဝက်ဖိုဒ် 1-2 ဝုဗ်
အဲဗာတန် 2-0 ဘန်လေ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
-စနေနေ့၊ ညနေ ၆ နာရီ
-အာဆင်နယ် Vs နောဝစ်ခ်ျ
-စနေနေ့၊ ည ၈း၃၀ နာရီ
-လက်စတာ Vs မန်စီးတီး
-စနေနေ့၊ ည ၈း၃၀ နာရီ
-စနေနေ့၊ ည ၈း၃၀ နာရီ
-စနေနေ့၊ ည ၁၁း၀၀ နာရီ
ဝက်ဖိုဒ် 1-2 ဝုဗ်
အဲဗာတန် 2-0 ဘန်လေ