
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ချက်စတာယူနိုက်တက်အသင်းကို တစ်ကျော့ပြန်ရောက်ရှိလာတဲ့စီရော်နယ်လ်ဒိုဟာ အခုလာမယ့်တစ်ပတ်စနေနေ့ကျရင် နယူးကာဆယ်နဲ့ကစားမယ့်အိမ်ကွင်းပွဲမှာ အသင်းအတွက် ပွဲထွက်ပါဝင်ကစားခွင့်ရဖို့ မျှော်လင့်နေပေမယ့်
အခုလောလောဆယ်အနေအထားအရ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှ ပါဝင်ကစားနိုင်ဖို့ရှိနေပါပြီ။
စီရော်နယ်လ်ဒိုဟာ အိုင်ယာလန်အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ပေါ်တူဂီအသင်းအတွက်ပါဝင်ကစားခဲ့ပြီး (၂)ဂိုးသွင်းယူခဲ့တာကြောင့် ဘောလုံးသမိုင်းတစ်လျှောက် နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားအဖြစ်
စံချိန်သစ်တင်နိုင်ခဲ့ပေမယ့် ဂိုးသွင်းအပြီးမှာ အင်္ကျီချွတ်အောင်ပွဲခံခဲ့လို့ အဝါကတ်အပြခံခဲ့ရသလို ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်တဲ့အတွက် မန်ချက်စတာယူနိုက်တက်အသင်းဆီ ခပ်စောစောပြန်လာခွင့်ရရှိခဲ့ပါတယ်။
ဒါပေမဲ့ အခုအချိန်မှာ စီရော်နယ်လ်ဒိုဟာ Cheshire မှာရှိတဲ့ သူ့နေအိမ်မှာ(၅)ရက်ကြာ Quarantine ဝင်နေရပြီး သတ်မှတ်ရက်ပြည့်သွားရင်လည်း အသင်းနဲ့လေ့ကျင့်ချိန်က (၁)ရက်သာရှိတာကြောင့် ဆိုးလ်ရှားအနေနဲ့ နယူးကာဆယ်နဲ့ပွဲမှာ စီရော်နယ်လ်ဒိုကို အသုံးပြုဖို့မသေချာသေးပါဘူး။
ဆိုးလ်ရှားဟာ နောက်ခံလူဗာရန်းတုန်းကလည်း အသင်းကို စတင်ရောက်ရှိလာချိန်မှာ ချက်ချင်းအသုံးမပြုခဲ့ဘဲ ဝုလ်ဗ်အသင်းနဲ့ကစားခဲ့တဲ့ပွဲမှ ပွဲချိန်ပြည့်အသုံးပြုခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် စီရော်နယ်လ်ဒိုရဲ့ ယူနိုက်တက်အသင်းပွဲဦးထွက်က နောက်ထပ်ရက်အနည်းငယ်စောင့်ဆိုင်းရဖို့ရှိနေပြီး နောက်တစ်ပတ်အင်္ဂါနေ့ကျရင်အဝေးကွင်းမှာကစားမယ့် ယန်းဘွိုင်းစ်နဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ အရန် ဒါမှမဟုတ် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားဖို့ရှိနေပါပြီ။
ဒါပေမဲ့ ယူနိုက်တက်ပရိသတ်တွေကတော့ (၁၂)နှစ်အကြာမှာ အသင်းဆီပြန်ရောက်လာတဲ့ သူတို့အချစ်တော်ကစားသမား စီရော်နယ်လ်ဒိုကို အားပေးဖို့အတွက် နယူးကာဆယ်နဲ့ပွဲလက်မှတ်တွေကို အလုအယက်ဝယ်ယူနေကြပြီး
မှောင်ခိုစျေးကွက်မှာ လက်မှတ်တန်ဖိုးက ပေါင်(၂၅၀၀)(မြန်မာငွေ ကျပ်သိန်း ၅ဝကျော်)အထိ မြင့်တက်နေပြီဖြစ်ပါတယ်။
ယူနိုက်တက်နဲ့နယူးကာဆယ်ပွဲကို ဗြိတိန်က BT နဲ့ Sky Sports ရုပ်သံလိုင်းတွေမှာ ထုတ်လွှင့်ပြသမှာမဟုတ်တာကြောင့် အဲဒီပွဲအတွက် လက်မှတ်ဝယ်လိုအားက မတန်တဆမြင့်တက်နေတာလည်းဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
နယူးကာဆယ္နဲ႔ပြဲမွာ ယူႏိုက္တက္အသင္းအတြက္ ပြဲထြက္ဖို႔မေသမခ်ာျဖစ္ေနတဲ့ စီေရာ္နယ္လ္ဒို
မန္ခ်က္စတာယူႏိုက္တက္အသင္းကို တစ္ေက်ာ့ျပန္ေရာက္ရွိလာတဲ့စီေရာ္နယ္လ္ဒိုဟာ အခုလာမယ့္တစ္ပတ္စေနေန႔က်ရင္ နယူးကာဆယ္နဲ႔ကစားမယ့္အိမ္ကြင္းပြဲမွာ အသင္းအတြက္ ပြဲထြက္ပါဝင္ကစားခြင့္ရဖို႔ ေမွ်ာ္လင့္ေနေပမယ့္ အခုေလာေလာဆယ္အေနအထားအရ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲမွ ပါဝင္ကစားႏိုင္ဖို႔ရွိေနပါၿပီ။
စီေရာ္နယ္လ္ဒိုဟာ အိုင္ယာလန္အသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ ေပၚတူဂီအသင္းအတြက္ပါဝင္ကစားခဲ့ၿပီး (၂)ဂိုးသြင္းယူခဲ့တာေၾကာင့္ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ စံခ်ိန္သစ္တင္ႏိုင္ခဲ့ေပမယ့္ ဂိုးသြင္းအၿပီးမွာ အက်ႌခြၽတ္ေအာင္ပြဲခံခဲ့လို႔ အဝါကတ္အျပခံခဲ့ရသလို ပြဲပယ္ျပစ္ဒဏ္က်ခံရမွာျဖစ္တဲ့အတြက္ မန္ခ်က္စတာယူႏိုက္တက္အသင္းဆီ ခပ္ေစာေစာျပန္လာခြင့္ရရွိခဲ့ပါတယ္။ ဒါေပမဲ့ အခုအခ်ိန္မွာ စီေရာ္နယ္လ္ဒိုဟာ Cheshire မွာရွိတဲ့ သူ႔ေနအိမ္မွာ(၅)ရက္ၾကာ Quarantine ဝင္ေနရၿပီး သတ္မွတ္ရက္ျပည့္သြားရင္လည္း အသင္းနဲ႔ေလ့က်င့္ခ်ိန္က (၁)ရက္သာရွိတာေၾကာင့္ ဆိုးလ္ရွားအေနနဲ႔ နယူးကာဆယ္နဲ႔ပြဲမွာ စီေရာ္နယ္လ္ဒိုကို အသုံးျပဳဖို႔မေသခ်ာေသးပါဘူး။
ဆိုးလ္ရွားဟာ ေနာက္ခံလူဗာရန္းတုန္းကလည္း အသင္းကို စတင္ေရာက္ရွိလာခ်ိန္မွာ ခ်က္ခ်င္းအသုံးမျပဳခဲ့ဘဲ ဝုလ္ဗ္အသင္းနဲ႔ကစားခဲ့တဲ့ပြဲမွ ပြဲခ်ိန္ျပည့္အသုံးျပဳခဲ့တာျဖစ္ပါတယ္။ အဲဒါေၾကာင့္ စီေရာ္နယ္လ္ဒိုရဲ႕ ယူႏိုက္တက္အသင္းပြဲဦးထြက္က ေနာက္ထပ္ရက္အနည္းငယ္ေစာင့္ဆိုင္းရဖို႔ရွိေနၿပီး ေနာက္တစ္ပတ္အဂၤါေန႔က်ရင္အေဝးကြင္းမွာကစားမယ့္ ယန္းဘြိဳင္းစ္နဲ႔ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္မွာ အရန္ ဒါမွမဟုတ္ ပြဲထြက္ကစားသမားအျဖစ္ ပါဝင္ကစားဖို႔ရွိေနပါၿပီ။
ဒါေပမဲ့ ယူႏိုက္တက္ပရိသတ္ေတြကေတာ့ (၁၂)ႏွစ္အၾကာမွာ အသင္းဆီျပန္ေရာက္လာတဲ့ သူတို႔အခ်စ္ေတာ္ကစားသမား စီေရာ္နယ္လ္ဒိုကို အားေပးဖို႔အတြက္ နယူးကာဆယ္နဲ႔ပြဲလက္မွတ္ေတြကို အလုအယက္ဝယ္ယူေနၾကၿပီး ေမွာင္ခိုေစ်းကြက္မွာ လက္မွတ္တန္ဖိုးက ေပါင္(၂၅၀၀)(ျမန္မာေငြ က်ပ္သိန္း ၅ဝေက်ာ္)အထိ ျမင့္တက္ေနၿပီျဖစ္ပါတယ္။ ယူႏိုက္တက္နဲ႔နယူးကာဆယ္ပြဲကို ၿဗိတိန္က BT နဲ႔ Sky Sports ႐ုပ္သံလိုင္းေတြမွာ ထုတ္လႊင့္ျပသမွာမဟုတ္တာေၾကာင့္ အဲဒီပြဲအတြက္ လက္မွတ္ဝယ္လိုအားက မတန္တဆျမင့္တက္ေနတာလည္းျဖစ္ပါတယ္။