နယူးကာဆယ်နည်းပြသစ်ဖြစ်လာတဲ့ အက်ဒီဟောင်း ဇန်နဝါရီမှာ ကစားသမားသစ်တွေခါ်ယူအားဖြည့်ဖို့ရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီရာသီပရီးမီးယားလိဂ်မှာရုန်းကန်နေရတဲ့ နယူးကာဆယ်အသင်းဟာ နည်းပြသစ်အဖြစ် အက်ဒီဟောင်းကို ခန့်အပ်လိုက်ပြီဖြစ်ပြီး

အသင်းဘုတ်အဖွဲ့အနေနဲ့ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ ကစားသမားသစ်တွေခေါ်ယူအားဖြည့်ဖို့အတွက် အသုံးစရိတ်ချမှတ်ပေးသွားဖို့ရှိနေပါတယ်။

အသက်(၄၃)နှစ်အရွယ်ရှိပြီဖြစ်သူ အက်ဒီဟောင်းဟာ ဘုန်းမောက်အသင်းကို ၂၀၁၂ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိကိုင်တွယ်ခဲ့ပြီး

ပြီးခဲ့တဲ့နှစ်၊သြဂုတ်လမှာ အသင်းနဲ့နှစ်ဦးသဘောတူလမ်းခွဲခဲ့ပြီးတဲ့နောက် (၁၅)လအကြာမှာ နယူးကာဆယ်အသင်းနဲ့အတူ နည်းပြလောကထဲပြန်လည်ဝင်ရောက်လာပြီဖြစ်ပါတယ်။

နယူးကာဆယ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်(၁၁)ပွဲကစားပြီးချိန်မှာ နိုင်ပွဲမရှိသေးဘဲ (၅)ပွဲသရေ၊ (၆)ပွဲရှုံး၊ ရမှတ်(၅)မှတ်နဲ့တန်းဆင်းဇုန်အဆင့်(၁၉)နေရာမှာရပ်တည်နေပြီး

ဒီရာသီပရီးမီးယားလိဂ်မှာ နိုင်ပွဲလုံးဝမရသေးတဲ့ တစ်သင်းတည်းသောအသင်းအဖြစ်ရပ်တည်နေပါတယ်။

အဲဒါကြောင့် နယူးကာဆယ်အသင်းဟာ နည်းပြစတိဗ်ဘရုစ်ကို ရာထူးကထုတ်ပယ်ခဲ့ပြီးတော့ ဘုန်းမောက်အသင်းနည်းပြဘဝမှာ စွမ်းဆောင်ရည်ကောင်းတွေပြသခဲ့တဲ့အက်ဒီဟောင်းကို နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့တာဖြစ်ပြီး

လာမယ့်နိုဝင်ဘာ(၂၀)ကျရင် ဘရန့်ဖို့ဒ်အသင်းနဲ့ကစားမယ့်ပွဲမှာ အက်ဒီဟောင်းဟာ နယူးကာဆယ်အသင်းကို စတင်ကိုင်တွယ်သွားမှာဖြစ်ပါတယ်။

အက်ဒီဟောင်းက “နယူးကာဆယ်လို သမိုင်းကြောင်းအစဉ်အလာရှိတဲ့အသင်းတစ်သင်းရဲ့ နည်းပြအဖြစ်ခန့်အပ်ခံခဲ့ရတာက ဂုဏ်ယူစရာကောင်းပါတယ်။

ကျွန်တော့်အတွက်သာမက ကျွန်တော့်မိသားစုအတွက်ပါ ဒီနေ့ဟာ ဂုဏ်ယူစရာကောင်းတဲ့နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။

ဒါက စိတ်လှုပ်ရှားစရာကောင်းတဲ့အခွင့်အရေးတစ်ခုဖြစ်ပြီး ကျွန်တော်တို့တွေ အလုပ်တွေအများကြီးလုပ်ရဖို့ရှိနေပါတယ်။

ကျွန်တော့်ကို အခွင့်အရေးပေးခဲ့တဲ့ နယူးကာဆယ်အသင်းပိုင်ရှင်တွေနဲ့ လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြတဲ့ပရိသတ်တွေကို ကျေးဇူးတင်စကားပြောလိုပါတယ်”လို့ဆိုခဲ့ပါတယ်။

အက်ဒီဟောင်းအနေနဲ့ လာမယ့်ဇန်နဝါရီလမှာ ကစားသမားသစ်ခေါ်ယူဖို့ ပေါင်သန်း(၅၀)အသုံးပြုခွင့်ရဖို့ရှိပြီး အခုလောလောဆယ် လင်ဂတ်၊ ဗန်ဒီဘိခ်တို့အပါအဝင် ကစားသမားတချို့ကိုပစ်မှတ်ထားနေတယ်လို့ သတင်းထွက်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

နယူးကာဆယ္နည္းျပသစ္ျဖစ္လာတဲ့ အက္ဒီေဟာင္း ဇန္နဝါရီမွာ ကစားသမားသစ္ေတြခၚယူအားျဖည့္ဖို႔ရွိ

ဒီရာသီပရီးမီးယားလိဂ္မွာ႐ုန္းကန္ေနရတဲ့ နယူးကာဆယ္အသင္းဟာ နည္းျပသစ္အျဖစ္ အက္ဒီေဟာင္းကို ခန႔္အပ္လိုက္ၿပီျဖစ္ၿပီး အသင္းဘုတ္အဖြဲ႕အေနနဲ႔ လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ ကစားသမားသစ္ေတြေခၚယူအားျဖည့္ဖို႔အတြက္ အသုံးစရိတ္ခ်မွတ္ေပးသြားဖို႔ရွိေနပါတယ္။

အသက္(၄၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အက္ဒီေဟာင္းဟာ ဘုန္းေမာက္အသင္းကို ၂၀၁၂ခုႏွစ္ကေန ၂၀၂၀ ခုႏွစ္အထိကိုင္တြယ္ခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္၊ၾသဂုတ္လမွာ အသင္းနဲ႔ႏွစ္ဦးသေဘာတူလမ္းခြဲခဲ့ၿပီးတဲ့ေနာက္ (၁၅)လအၾကာမွာ နယူးကာဆယ္အသင္းနဲ႔အတူ နည္းျပေလာကထဲျပန္လည္ဝင္ေရာက္လာၿပီျဖစ္ပါတယ္။

နယူးကာဆယ္အသင္းဟာ ဒီရာသီပရီးမီးယားလိဂ္(၁၁)ပြဲကစားၿပီးခ်ိန္မွာ ႏိုင္ပြဲမရွိေသးဘဲ (၅)ပြဲသေရ၊ (၆)ပြဲရႈံး၊ ရမွတ္(၅)မွတ္နဲ႔တန္းဆင္းဇုန္အဆင့္(၁၉)ေနရာမွာရပ္တည္ေနၿပီး ဒီရာသီပရီးမီးယားလိဂ္မွာ ႏိုင္ပြဲလုံးဝမရေသးတဲ့ တစ္သင္းတည္းေသာအသင္းအျဖစ္ရပ္တည္ေနပါတယ္။

အဲဒါေၾကာင့္ နယူးကာဆယ္အသင္းဟာ နည္းျပစတိဗ္ဘ႐ုစ္ကို ရာထူးကထုတ္ပယ္ခဲ့ၿပီးေတာ့ ဘုန္းေမာက္အသင္းနည္းျပဘဝမွာ စြမ္းေဆာင္ရည္ေကာင္းေတြျပသခဲ့တဲ့အက္ဒီေဟာင္းကို နည္းျပသစ္အျဖစ္ခန႔္အပ္ခဲ့တာျဖစ္ၿပီး လာမယ့္ႏိုဝင္ဘာ(၂၀)က်ရင္ ဘရန႔္ဖို႔ဒ္အသင္းနဲ႔ကစားမယ့္ပြဲမွာ အက္ဒီေဟာင္းဟာ နယူးကာဆယ္အသင္းကို စတင္ကိုင္တြယ္သြားမွာျဖစ္ပါတယ္။

အက္ဒီေဟာင္းက “နယူးကာဆယ္လို သမိုင္းေၾကာင္းအစဥ္အလာရွိတဲ့အသင္းတစ္သင္းရဲ႕ နည္းျပအျဖစ္ခန႔္အပ္ခံခဲ့ရတာက ဂုဏ္ယူစရာေကာင္းပါတယ္။ ကြၽန္ေတာ့္အတြက္သာမက ကြၽန္ေတာ့္မိသားစုအတြက္ပါ ဒီေန႔ဟာ ဂုဏ္ယူစရာေကာင္းတဲ့ေန႔တစ္ေန႔ျဖစ္ခဲ့ပါတယ္။ ဒါက စိတ္လႈပ္ရွားစရာေကာင္းတဲ့အခြင့္အေရးတစ္ခုျဖစ္ၿပီး ကြၽန္ေတာ္တို႔ေတြ အလုပ္ေတြအမ်ားႀကီးလုပ္ရဖို႔ရွိေနပါတယ္။ ကြၽန္ေတာ့္ကို အခြင့္အေရးေပးခဲ့တဲ့ နယူးကာဆယ္အသင္းပိုင္ရွင္ေတြနဲ႔ လႈိက္လႈိက္လွဲလွဲႀကိဳဆိုခဲ့ၾကတဲ့ပရိသတ္ေတြကို ေက်းဇူးတင္စကားေျပာလိုပါတယ္”လို႔ဆိုခဲ့ပါတယ္။

အက္ဒီေဟာင္းအေနနဲ႔ လာမယ့္ဇန္နဝါရီလမွာ ကစားသမားသစ္ေခၚယူဖို႔ ေပါင္သန္း(၅၀)အသုံးျပဳခြင့္ရဖို႔ရွိၿပီး အခုေလာေလာဆယ္ လင္ဂတ္၊ ဗန္ဒီဘိခ္တို႔အပါအဝင္ ကစားသမားတခ်ိဳ႕ကိုပစ္မွတ္ထားေနတယ္လို႔ သတင္းထြက္ေနပါတယ္။