နယူးကာဆယ်နည်းပြရာထူးကို အမ်မရီ ပယ်ချတော့မှာလား?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နယူးကာဆယ်အသင်းက စိတ်ဝင်စားနေတဲ့ ဗီလာရီးရဲလ်နည်းပြချုပ် အမ်မရီက နယူးကာဆယ်အနေနဲ့ ၎င်းအားကမ်းလှမ်းခဲ့လျှင်လည်း အဆိုပါကမ်းလှမ်းမှုကို ငြင်းပယ်သွားရန် ဆုံးဖြတ်ထားကြောင်း၊

နယူးကာဆယ်ပိုင်ရှင်များ၏ ဘောလုံးရေးရာအမြင်နှင့် ပတ်သက်ပြီးစိတ်တိုင်းမကျသဖြင့် ငြင်းပယ်ရခြင်းဖြစ်ကြောင်း စပိန်မီဒီယာများက ထုတ်ဖော်ရေးသားလာပါတယ်။

အသက် ၅၀ အရွယ်ရှိ အမ်မရီဟာနယူးကာဆယ်အသင်းရဲ့မန်နေဂျာအဖြစ် ရေပန်းအစားဆုံး ဖြစ်နေသူဖြစ်ပါတယ်။

စပိန်ဘောလုံးဝေဖန်ရေးသမားဂူလမ်ဘာလာဂူကဗီလာရီးရဲလ်နည်းပြမှာနယူးကာဆယ်အသင်းပိုင်ရှင်တို့ရဲ့အသင်းအပေါ်အာရုံစိုက်မှုနည်းပါးမှုကြောင့် နယူးကာဆယ်နည်းပြရာထူးကိုပယ်ချသွားမှာ ဖြစ်ကြောင်း ဖွင့်ချလာပါတယ်။

၎င်းက “ကလပ်ဘက်ရှင်းလင်းပြတ်သားတဲ့လမ်းစဉ်မရှိပါဘူး။

သူ့ကိုအလိုရှိတယ်ဆိုပြီးအလျင်အမြန်ချဉ်းကပ်တယ်။

ဒါပေမယ့်တရားဝင်ကမ်းလှမ်းမှုမရှိပါဘူး။ဒီလိုလုပ်ရုံနဲ့ပြီးသွားရောလား။

ဒီရာသီမှာဖြစ်လာမယ်လို့မထင်ဘူး။ကလပ်ရဲ့တည်ဆောက်ပုံနဲ့ရှေ့လမ်းစဉ်ရှင်းလင်းလာမယ့်လာမယ့်နှစ်မှာဆိုရင်တော့ဖြစ်လာနိုင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်အူနိုင်းအမ်မရီကိုသူငယ်ချင်းများ၊မိသားစုဝင်များနှင့်ကစားသမားများကလည်းဗီလာရီးရဲလ်ကိုသာဆက်လက်ကိုင်တွယ်ရန်တိုက်တွန်းလျက်ရှိနေကြောင်းသိရပါတယ်။

မနေ့ညတုန်းကယန်းဘွိုင်းကိုဗီလာရီးရဲလ်ကအနိုင်ရရှိတဲ့ပွဲအပြီးတွင်အူနိုင်းအမ်မရီကနယူးကာဆယ်ရဲ့ချဉ်းကပ်မှုရရှိထားသော်လည်း

တရားဝင်ကမ်းလှမ်းမှုမရထားသေးကြောင်းနှင့်ကလပ်တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးကာအနာဂတ်ကိုဆွေးနွေးသွားမယ်လို့ဆိုထားတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

နယူးကာဆယ္နည္းျပရာထူးကို အမ္မရီ ပယ္ခ်ေတာ့မွာလား

နယူးကာဆယ္အသင္းက စိတ္ဝင္စားေနတဲ့ ဗီလာရီးရဲလ္နည္းျပခ်ဳပ္ အမ္မရီက နယူးကာဆယ္အေနနဲ႔ ၎အားကမ္းလွမ္းခဲ့လွ်င္လည္း အဆိုပါကမ္းလွမ္းမႈကို ျငင္းပယ္သြားရန္ ဆုံးျဖတ္ထားေၾကာင္း၊ နယူးကာဆယ္ပိုင္ရွင္မ်ား၏ ေဘာလုံးေရးရာအျမင္ႏွင့္ ပတ္သက္ၿပီးစိတ္တိုင္းမက်သျဖင့္ ျငင္းပယ္ရျခင္းျဖစ္ေၾကာင္း စပိန္မီဒီယာမ်ားက ထုတ္ေဖာ္ေရးသားလာပါတယ္။ အသက္ ၅၀ အ႐ြယ္ရွိ အမ္မရီဟာနယူးကာဆယ္အသင္းရဲ႕မန္ေနဂ်ာအျဖစ္ ေရပန္းအစားဆုံး ျဖစ္ေနသူျဖစ္ပါတယ္။

စပိန္ေဘာလုံးေဝဖန္ေရးသမားဂူလမ္ဘာလာဂူကဗီလာရီးရဲလ္နည္းျပမွာနယူးကာဆယ္အသင္းပိုင္ရွင္တို႔ရဲ႕အသင္းအေပၚအာ႐ုံစိုက္မႈနည္းပါးမႈေၾကာင့္ နယူးကာဆယ္နည္းျပရာထူးကိုပယ္ခ်သြားမွာ ျဖစ္ေၾကာင္း ဖြင့္ခ်လာပါတယ္။

၎က “ကလပ္ဘက္ရွင္းလင္းျပတ္သားတဲ့လမ္းစဥ္မရွိပါဘူး။သူ႔ကိုအလိုရွိတယ္ဆိုၿပီးအလ်င္အျမန္ခ်ဥ္းကပ္တယ္။ဒါေပမယ့္တရားဝင္ကမ္းလွမ္းမႈမရွိပါဘူး။ဒီလိုလုပ္႐ုံနဲ႔ၿပီးသြားေရာလား။ဒီရာသီမွာျဖစ္လာမယ္လို႔မထင္ဘူး။ကလပ္ရဲ႕တည္ေဆာက္ပုံနဲ႔ေရွ႕လမ္းစဥ္ရွင္းလင္းလာမယ့္လာမယ့္ႏွစ္မွာဆိုရင္ေတာ့ျဖစ္လာႏိုင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္အူႏိုင္းအမ္မရီကိုသူငယ္ခ်င္းမ်ား၊မိသားစုဝင္မ်ားႏွင့္ကစားသမားမ်ားကလည္းဗီလာရီးရဲလ္ကိုသာဆက္လက္ကိုင္တြယ္ရန္တိုက္တြန္းလ်က္ရွိေနေၾကာင္းသိရပါတယ္။

မေန႔ညတုန္းကယန္းဘြိဳင္းကိုဗီလာရီးရဲလ္ကအႏိုင္ရရွိတဲ့ပြဲအၿပီးတြင္အူႏိုင္းအမ္မရီကနယူးကာဆယ္ရဲ႕ခ်ဥ္းကပ္မႈရရွိထားေသာ္လည္းတရားဝင္ကမ္းလွမ္းမႈမရထားေသးေၾကာင္းႏွင့္ကလပ္တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးကာအနာဂတ္ကိုေဆြးေႏြးသြားမယ္လို႔ဆိုထားတာပါ။