နယူးကာဆယ်က ပေါင် ၂၂ သန်းနဲ့ ခေါ်ယူတဲ့ အာဆင်နယ် ကစားသမား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နယူးကာဆယ်ဟာအာဆင်နယ်အလယ်တန်းကစားသမားဂျိုးဝဲလ်လော့ခ်အားပြောင်းရွှေ့ကြေးပေါင်၂၂သန်းဖြင့်ခေါ်ယူရန်နီးစပ်နေပြီဖြစ်ကြောင်းသိရပါတယ်။

ဝဲလ်လော့ခ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ နယူးကာဆယ်ထံ ရာသီဝက်အငှားနဲ့ ပြောင်းကစားခဲ့ပြီး ၁၄ ပွဲကစားကာ သွင်းဂိုး ၈ ဂိုး ရယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။

နယူးကာဆယ်ဟာယခုအပတ်အကုန်တွင်ကစားရမယ့်ပရီးမီးယားလိဂ်အဖွင့်ပွဲမတိုင်မီဝဲလ်လော့ခ်အားခေါ်ယူရေးအပြီးသတ်သွားပါမယ်။

ဝဲလ်လော့ခ်ဟာ နယူးကာဆယ်အသင်းမှာ super-sub အဖြစ် ပရိသတ်တွေရဲ့ ချီးကျူးခြင်းကို ခံခဲ့ရပြီး ပရီးမီးယားလိဂ်မှာ ၇ ပွဲဆက်တိုက် ဂိုးသွင်းပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

အင်္ဂလန်ယူ-၂၁လက်ရွေးစင်ဟာစနေနေ့တုန်းက အာဆင်နယ်နှင့်အတူ လေ့ကျင့်ခန်းဆင်းခဲ့ပေမယ့်လည်းတနင်္ဂနွေနေ့တုန်းကစပါးနှင့်ရင်ဆိုင်ကစားတဲ့အာဆင်နယ်ရဲ့နောက်ဆုံးရာသီကြိုခြေစမ်းပွဲစဉ်ကိုလွဲချော်ခဲ့ပါတယ်။

အာဆင်နယ်အကယ်ဒမီထွက်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဝဲလ်လော့ခ်ဟာ အာဆင်နယ်အသင်းကြီးအတွက် ၇၈ ပွဲကစားပေးထားသူဖြစ်ပြီး သွင်းဂိုး ၇ ဂိုး ရယူပေးထားနိုင်ခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် လူငယ်ခြေတက် ပိုမိုတောက်ပမယ့် ကြယ်ပွင့်ကစားသမားတစ်ယောက်ကို ပေါင် ၂၂ သန်းတည်းနဲ့ ရောင်းချတော့မယ့် အာဆင်နယ်ရဲ့ လုပ်ရပ်ကိုတချို့ ပရိသတ်တွေကမကြိုက်ကြပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

နယူးကာဆယ္က​ေပါင္ ၂၂ သန္းနဲ႔ ​ေခၚယူတဲ့ အာဆင္နယ္ ကစားသမား

နယူးကာဆယ္ဟာအာဆင္နယ္အလယ္တန္းကစားသမားဂ်ိဳးဝဲလ္ေလာ့ခ္အားေျပာင္းေ႐ႊ႕ေၾကးေပါင္၂၂သန္းျဖင့္ေခၚယူရန္နီးစပ္ေနၿပီျဖစ္ေၾကာင္းသိရပါတယ္။

ဝဲလ္ေလာ့ခ္ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီရဲ႕ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ နယူးကာဆယ္ထံ ရာသီဝက္အငွားနဲ႔ ေျပာင္းကစားခဲ့ၿပီး ၁၄ ပြဲကစားကာ သြင္းဂိုး ၈ ဂိုး ရယူေပးႏိုင္ခဲ့သူျဖစ္ပါတယ္။ နယူးကာဆယ္ဟာယခုအပတ္အကုန္တြင္ကစားရမယ့္ပရီးမီးယားလိဂ္အဖြင့္ပြဲမတိုင္မီဝဲလ္ေလာ့ခ္အားေခၚယူေရးအၿပီးသတ္သြားပါမယ္။

ဝဲလ္ေလာ့ခ္ဟာ နယူးကာဆယ္အသင္းမွာ super-sub အျဖစ္ ပရိသတ္ေတြရဲ႕ ခ်ီးက်ဴးျခင္းကို ခံခဲ့ရၿပီး ပရီးမီးယားလိဂ္မွာ ၇ ပြဲဆက္တိုက္ ဂိုးသြင္းေပးႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။

အဂၤလန္ယူ-၂၁လက္ေ႐ြးစင္ဟာစေနေန႔တုန္းကအာဆင္နယ္ႏွင့္အတူေလ့က်င့္ခန္းဆင္းခဲ့ေပမယ့္လည္းတနဂၤေႏြေန႔တုန္းကစပါးႏွင့္ရင္ဆိုင္ကစားတဲ့အာဆင္နယ္ရဲ႕ေနာက္ဆုံးရာသီႀကိဳေျခစမ္းပြဲစဥ္ကိုလြဲေခ်ာ္ခဲ့ပါတယ္။

အာဆင္နယ္အကယ္ဒမီထြက္ကစားသမားတစ္ေယာက္ျဖစ္တဲ့ ဝဲလ္ေလာ့ခ္ဟာ အာဆင္နယ္အသင္းႀကီးအတြက္ ၇၈ ပြဲကစားေပးထားသူျဖစ္ၿပီး သြင္းဂိုး ၇ ဂိုး ရယူေပးထားႏိုင္ခဲ့ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ လူငယ္ေျခတက္ ပိုမို​ေတာက္ပမယ့္ ၾကယ္ပြင့္ကစားသမားတစ္ေယာက္ကို ေပါင္ ၂၂ သန္းတည္းနဲ႔ ေရာင္းခ်ေတာ့မယ့္ အာဆင္နယ္ရဲ႕ လုပ္ရပ္ကိုတခ်ိဳ႕ ပရိသတ္ေတြကမႀကိဳက္ၾကပါဘူး။