နယူးကာဆယ်ကို (၁၄)နှစ်ကြာ ဒုက္ခပေးခဲ့ပြီး အမြတ်ရချိန်မှာ ရောင်းချခဲ့တဲ့ မိုက်အက်ရှ်လေရဲ့ နောက်ထပ်သားကောင် ဘယ်အသင်းဖြစ်လာမလဲ…? ရွန်းနီနည်းပြနေတဲ့ ဒါဘီလား…?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နယူးကာဆယ် အသင်းရဲ့ ပိုင်ရှင်ဟောင်း မိုက် အက်ရှ်လေ ဟာ အသင်းကို ရောင်းချ ရာကနေ ရရှိလာတဲ့ ငွေတွေ နဲ့ ဘောလုံး အသင်းတစ်သင်းမှာ ထပ်မံ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

မိုက် အက်ရှ်လေ ဟာ ၁၄ နှစ်ကြာ ပိုင်ဆိုင် ထားတဲ့ နယူးကာဆယ် ကို ဆော်ဒီ စီးပွားရေး လုပ်ငန်းစုထံ ပေါင် သန်း ၃၅၀ နဲ့ ရောင်းချ လိုက်တာ ဖြစ်ပြီး အဆိုပါ ငွေကြေးတွေ နဲ့

ချန်ပီယံရှစ် ကလပ် ဒါဘီ ကောင်တီ အသင်းကို ပြန်လည် ဝယ်ယူကာ ရင်းနှီး မြှပ်နှံမှု ပြုလုပ်ဖို့ ကြံရွယ် နေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့တာပဲ ဖြစ်ပါတယ်။

အက်ရှ်လေဟာ ဒါဘီကောင်တီအသင်းနည်းပြ ဝိန်းရွန်းနီကို အပြောင်းအရွှေ့အတွက် ငွေသုံးခွင့်ပေးဖို့လည်း ပြင်ဆင်နေပါတယ်။

မိုက် အက်ရှ်လေ ရဲ့ ရုံးချုပ် နဲ့ ဒါဘီကောင်တီ အသင်းရဲ့ ဒါဘီရှိုင်းယား ဒေသ ဟာ မိုင် ၃၀ သာ ဝေးကွာတာကြောင့် နေအိမ် ပြောင်းရွှေ့ စရာ မလိုဘဲ လုပ်ငန်းတွေ ကို ဆက်လက် လည်ပတ် နိုင်မှာလည်း ဖြစ်တယ်လို့ သိရ ပါတယ်။

ဝိန်းရွန်းနီ နည်းပြ အဖြစ် ကိုင်တွယ် နေတဲ့ ဒါဘီ အသင်းဟာ ဘဏ္ဍာရေး ကြပ်တည်းမှုတွေ ၊ အကြွေးထူမှုတွေ ကြောင့် ဒေဝါလီ ခံခဲ့ပြီး အောက်ခြေကနေ ပြန်လည် စတင်ခဲ့ရပါတယ်။

အက်ရှ်လေက နယူးကာဆယ်ကိုဝယ်ယူဖို့ တော်တော်များများကမ်းလှမ်းထားပေမယ့် ဆော်ဒီသူဌေးတွေကသာ အသင်းအတွက် အသင့်လျော်ဆုံးဖြစ်တယ်လို့ ယူဆခဲ့ပါတယ်။

“ကျွန်တော် ဆော်ဒီသူဌေးတွေကမ်းလှမ်းထားတာထက်ပိုကောင်းတဲ့ ကမ်းလှမ်းမှုတစ်ခုကိုရခဲ့ပါတယ်။

ဒါပေမယ့် ဆော်ဒီသူဌေးတွေကသာ နယူးကာဆယ်အသင်းအတွက် အသင့်တော်ဆုံးဖြစ်တာကြောင့် လက်ခံခဲ့တာပါ”လို့ အက်ရှ်လေက ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi







