နတ်နေကိုင်းကို သွားထိပြီး အန္တရာယ်နဲ့ စွန့်စားချင်တဲ့ ဂွါဒီယိုလာ

ကျွန်တော်တို့ မြန်မာရိုးရာ ဓလေ့ထုံးတမ်းစဉ်လာမှာ နတ်နေကိုင်းကို

ချန်ထားရမယ်ဆိုတဲ့ ဆိုရိုးစကားတစ်ခုရှိပါတယ်။ သစ်ကြီးဝါးကြီးတွေကို

ခုတ်ထွင်ရှင်းလင်းတဲ့အခါမျိုးမှာဆိုရင် တောစောင့်နတ်၊

တောင်စောင့်နတ် တွေနဲ့ ရုက္ခစိုးစတဲ့ နတ်ကောင်းနတ်မြတ်တွေကို

ရည်ရွယ်ပြီး ဘုံနန်းတစ်ခု ချန်ထားခဲ့တဲ့အနေနဲ့ နတ်နေကိုင်းဆိုတဲ့

အကိုင်းအခက်ကလေး တစ်ခုကို ချန်ထားခဲ့တဲ့ ရိုးရာဓလေ့တစ်ခုဟာ

လက်ရှိအချိန်အထိ အသက်ဝင်နေဆဲပါ။ ဒီလိုပါပဲ ပြောအပ်၊ မပြောအပ်

နှစ်ရပ်များစွာ သတ္တဝါဆိုတဲ့အတိုင်း တချို့ဟာတွေက ပါးစပ်ကနေ

ထုတ်ပြောလို့ ကောင်းပြီး တချို့ကိစ္စတွေကတော့ လူသိ ရှင်ကြား

ထုတ်မပြောတာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါကြောင့် လူသားတွေနဲ့

ဖွဲ့စည်းတည်ဆောက်ထားတဲ့ ဘောလုံးအသင်းတစ်သင်းမှာဆိုရင်လည်း

ပြောအပ်၊ မပြောအပ် ဆိုတဲ့ ကိစ္စတွေကလည်း ရှိပါတယ်။

ဒါကို ထင်သာမြင် သာရှိအောင် ချပြလိုက်တဲ့သူကတော့ ဘောလုံးရေးရာ

ဝေဖန်သူတစ်ယောက် ဖြစ်တဲ့ ဂရေမီဆောင်းနက်စ်ဖြစ်ပြီး မန်စီးတီးနည်းပြ

ဂွါဒီယိုလာအနေနဲ့ ဒီဘရိုင်းလို ကစားသမားမျိုးနဲ့ပတ်သက်ပြီး လူသိရှင်ကြား

ဝေဖန်ပုတ်ခတ် တာဟာ အန္တရာယ်နဲ့ စွန့်စားရာ ကျလွန်းတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဘယ်လ် ဂျီယံကွင်းလယ်လူဟာ ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလမှာ စီးတီးရဲ့ အဓိက

ကွင်းလယ်မောင်းနှင်အား ဖြစ်ခဲ့ပါတယ်။ တစ်မြီးပေါက် တစ်ယောက်ထွန်း

ကစားသမားမျိုးဖြစ်ပြီး ဘယ်လ်ဂျီယံမှာ သူ့လိုကစားသမားမျိုး နောက်ထပ်

ပေါ်လာ ဖို့ နှစ်တွေအကြာကြီး စောင့်ရနိုင်ပါတယ်။ ပရီးမီးယားလိဂ်ဖလားကို

၄ ကြိမ် ယူထားပြီး အက်ဖ်အေဖလားလည်း ရထားသလို လက်ရွေးစင်အသင်းမှာလည်း

ပွဲ ၁၀၀ နီးပါး ကစားထားပါတယ်။ ဒီရာသီမှာတော့ ဒီဘရိုင်းဟာ စီးတီးရဲ့

အရေးကြီးပွဲတချို့ကို လွဲခဲ့တယ်။ ဒီလို လွဲချော်ခဲ့တာဟာ ဒီဘရိုင်းအနေနဲ့

အကြောင်းအမျိုးမျိုး ရှိခဲ့ပါတယ်။ ဒါကို သည်းမခံနိုင်တော့တဲ့ ဂွါဒီယိုလာကတော့

ဘယ်လ်ဂျီယံသားဟာ ရိုးရိုးရှင်းရှင်းလေး ပြောထားတဲ့ကိစ္စမျိုးကိုတောင်

မလုပ်တတ်ဘူးလို့ ဝေဖန်တာမျိုးတွေ လုပ်လာပါပြီ။ ဒါကြောင့် ဒီဘရိုင်းလို

စွယ်စုံရ ကစားသမားမျိုးကို သွားပြီး ထိတာဟာ စပိန်သားနည်းပြ အနေနဲ့

နတ်နေကိုင်းကို သွားထိတာမျိုးဖြစ်နေပြီး စွန့်စားရာ ကျလွန်းတယ်လို့

ဂရေမီဆောင်းနက်စ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။ တကယ့်လက်တွေ့မှာလည်း

ဒီဘရိုင်းသာ စီးတီးမှာ မရှိတော့ရင် ဟာလန်းဆိုတဲ့ ဂိုးသွင်းစက်လည်း

အင်ဂျင်နှိုးလို့ရမယ်တောင် မထင်မိပါဘူး။ ဒီအတွက် ရှေးထုံးလည်း မပယ်နဲ့

ဈေးသုံးလည်း မကြွယ်နဲ့ ဆိုတဲ့ စကားအတိုင်း တချို့ကိစ္စတွေမှာတော့

နတ်နေကိုင်းကို မထိတာ အကောင်းဆုံးပဲဖြစ်မယ်ထင်ပါတယ်။

zawgyi

နတ္ေနကိုင္းကို သြားထိၿပီး အႏၲရာယ္နဲ႔ စြန႔္စားခ်င္တဲ့ ဂြါဒီယိုလာ

ကြၽန္ေတာ္တို႔ ျမန္မာ႐ိုးရာ ဓေလ့ထုံးတမ္းစဥ္လာမွာ နတ္ေနကိုင္းကို

ခ်န္ထားရမယ္ဆိုတဲ့ ဆို႐ိုးစကားတစ္ခုရွိပါတယ္။ သစ္ႀကီးဝါးႀကီးေတြကို

ခုတ္ထြင္ရွင္းလင္းတဲ့အခါမ်ိဳးမွာဆိုရင္ ေတာေစာင့္နတ္၊

ေတာင္ေစာင့္နတ္ ေတြနဲ႔ ႐ုကၡစိုးစတဲ့ နတ္ေကာင္းနတ္ျမတ္ေတြကို

ရည္႐ြယ္ၿပီး ဘုံနန္းတစ္ခု ခ်န္ထားခဲ့တဲ့အေနနဲ႔ နတ္ေနကိုင္းဆိုတဲ့

အကိုင္းအခက္ကေလး တစ္ခုကို ခ်န္ထားခဲ့တဲ့ ႐ိုးရာဓေလ့တစ္ခုဟာ

လက္ရွိအခ်ိန္အထိ အသက္ဝင္ေနဆဲပါ။ ဒီလိုပါပဲ ေျပာအပ္၊ မေျပာအပ္

ႏွစ္ရပ္မ်ားစြာ သတၱဝါဆိုတဲ့အတိုင္း တခ်ိဳ႕ဟာေတြက ပါးစပ္ကေန

ထုတ္ေျပာလို႔ ေကာင္းၿပီး တခ်ိဳ႕ကိစၥေတြကေတာ့ လူသိ ရွင္ၾကား

ထုတ္မေျပာတာ အေကာင္းဆုံး ျဖစ္ပါတယ္။ ဒါေၾကာင့္ လူသားေတြနဲ႔

ဖြဲ႕စည္းတည္ေဆာက္ထားတဲ့ ေဘာလုံးအသင္းတစ္သင္းမွာဆိုရင္လည္း

ေျပာအပ္၊ မေျပာအပ္ ဆိုတဲ့ ကိစၥေတြကလည္း ရွိပါတယ္။

ဒါကို ထင္သာျမင္ သာရွိေအာင္ ခ်ျပလိုက္တဲ့သူကေတာ့ ေဘာလုံးေရးရာ

ေဝဖန္သူတစ္ေယာက္ ျဖစ္တဲ့ ဂေရမီေဆာင္းနက္စ္ျဖစ္ၿပီး မန္စီးတီးနည္းျပ

ဂြါဒီယိုလာအေနနဲ႔ ဒီဘ႐ိုင္းလို ကစားသမားမ်ိဳးနဲ႔ပတ္သက္ၿပီး လူသိရွင္ၾကား

ေဝဖန္ပုတ္ခတ္ တာဟာ အႏၲရာယ္နဲ႔ စြန႔္စားရာ က်လြန္းတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဘယ္လ္ ဂ်ီယံကြင္းလယ္လူဟာ ၿပီးခဲ့တဲ့ ၅ ႏွစ္တာ ကာလမွာ စီးတီးရဲ႕ အဓိက

ကြင္းလယ္ေမာင္းႏွင္အား ျဖစ္ခဲ့ပါတယ္။ တစ္ၿမီးေပါက္ တစ္ေယာက္ထြန္း

ကစားသမားမ်ိဳးျဖစ္ၿပီး ဘယ္လ္ဂ်ီယံမွာ သူ႔လိုကစားသမားမ်ိဳး ေနာက္ထပ္

ေပၚလာ ဖို႔ ႏွစ္ေတြအၾကာႀကီး ေစာင့္ရႏိုင္ပါတယ္။ ပရီးမီးယားလိဂ္ဖလားကို

၄ ႀကိမ္ ယူထားၿပီး အက္ဖ္ေအဖလားလည္း ရထားသလို လက္ေ႐ြးစင္အသင္းမွာလည္း

ပြဲ ၁၀၀ နီးပါး ကစားထားပါတယ္။ ဒီရာသီမွာေတာ့ ဒီဘ႐ိုင္းဟာ စီးတီးရဲ႕

အေရးႀကီးပြဲတခ်ိဳ႕ကို လြဲခဲ့တယ္။ ဒီလို လြဲေခ်ာ္ခဲ့တာဟာ ဒီဘ႐ိုင္းအေနနဲ႔

အေၾကာင္းအမ်ိဳးမ်ိဳး ရွိခဲ့ပါတယ္။ ဒါကို သည္းမခံႏိုင္ေတာ့တဲ့ ဂြါဒီယိုလာကေတာ့

ဘယ္လ္ဂ်ီယံသားဟာ ႐ိုး႐ိုးရွင္းရွင္းေလး ေျပာထားတဲ့ကိစၥမ်ိဳးကိုေတာင္

မလုပ္တတ္ဘူးလို႔ ေဝဖန္တာမ်ိဳးေတြ လုပ္လာပါၿပီ။ ဒါေၾကာင့္ ဒီဘ႐ိုင္းလို

စြယ္စုံရ ကစားသမားမ်ိဳးကို သြားၿပီး ထိတာဟာ စပိန္သားနည္းျပ အေနနဲ႔

နတ္ေနကိုင္းကို သြားထိတာမ်ိဳးျဖစ္ေနၿပီး စြန႔္စားရာ က်လြန္းတယ္လို႔

ဂေရမီေဆာင္းနက္စ္က ေျပာဆိုခဲ့တာျဖစ္ပါတယ္။ တကယ့္လက္ေတြ႕မွာလည္း

ဒီဘ႐ိုင္းသာ စီးတီးမွာ မရွိေတာ့ရင္ ဟာလန္းဆိုတဲ့ ဂိုးသြင္းစက္လည္း

အင္ဂ်င္ႏႈိးလို႔ရမယ္ေတာင္ မထင္မိပါဘူး။ ဒီအတြက္ ေရွးထုံးလည္း မပယ္နဲ႔

ေဈးသုံးလည္း မႂကြယ္နဲ႔ ဆိုတဲ့ စကားအတိုင္း တခ်ိဳ႕ကိစၥေတြမွာေတာ့

နတ္ေနကိုင္းကို မထိတာ အေကာင္းဆုံးပဲျဖစ္မယ္ထင္ပါတယ္။