နည်းပြ အထုတ်မခံရရေး ပြိုင်ပွဲဆိုပြီး အလှောင်ခံနေရတဲ့ ယူနိုက်တက် နဲ့ စပါး ပွဲစဉ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လာမယ့်စနေနေ့တွင်စပါးနှင့်ယူနိုက်တက်တို့ရင်ဆိုင်ကစားရမယ့်ပွဲစဉ်ကိုပရိသတ်တွေက နည်းပြနှစ်ဦးတို့ရဲ့အထုတ်မခံရရေးယှဉ်ပြိုင်တဲ့ပွဲအဖြစ်လှောင်ပြောင်လျက်ရှိကြပါတယ်။

ယူနိုက်တက် နည်းပြဆိုးလ်ရှားနှင့်စပါးနည်းပြနူနိုတို့ဟာလာမယ့်စနေနေ့ပွဲတွင်ရှုံးပွဲကြုံတဲ့နည်းပြကအထုတ်ခံရမယ့်အခြေအနေတွင်ရှိနေတာကြောင့်ပရိသတ်တွေကအဲဒီပွဲကို El Sickico ပွဲဆိုပြီးလှောင်ပြောင်ရေးသားနေကြတာလည်းဖြစ်ပါတယ်။

ပရိသတ်တစ်ယောက်က”ယူနိုက်တက်၊စပါးပွဲက မရယ်နိုင်ရင် ငိုရမယ့်ပွဲပါ”ဆိုပြီး ရေးထားသလို၊

“တစ်ယောက်ကတော့ ရှင်သန်ရေးအတွက် တိုက်ပွဲဝင်ရမယ့်ပွဲပါ”ဆိုပြီး ရေးထားသူလည်း ရှိပါတယ်။

“ဆိုးလ်ရှားနဲ့ နူနိုတို့ လှေကားထောင်ပြီး အလုပ်မပြုတ်ရေး စာလွှာကို အပြိုင်ယူရမယ့် ပွဲပါ”ဆိုပြီး လှောင်ပြောင်တဲ့ သူလည်း ရှိပါတယ်။

ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာပြီးခဲ့တဲ့အပတ်တုန်းကလီဗာပူးကို၅-ဝဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်နောက်ဆုံးပရီးမီးယားလိဂ်ပွဲလေးပွဲဆက်တိုက်နိုင်ပွဲပျောက်နေပြီးနောက်စပါးနှင့်ပွဲတွင်ရှုံးနိမ့်လျှင်အထုတ်ခံရမယ့်အရေးနှင့်ရင်ဆိုင်နေရပါတယ်။

စပါးနည်းပြနူနိုမှာလည်းပြီးခဲ့တဲ့အပတ်တုန်းကသူ့အကြိုက်ဆုံးပွဲထွက်လူစာရင်းဖြင့်ရင်ဆိုင်ခဲ့ပေမယ့်လန်ဒန်ဒါဘီပွဲတွင်ဝက်စ်ဟမ်းကိုရှုံးနိမ့်ခဲ့မှုနဲ့အတူ ရာထူးမှအထုတ်ခံရမယ့်အရေးနှင့်ရင်ဆိုင်နေရပါတယ်။

အသင်းအောင်နိုင်ရေးထက် ဘယ်နည်းပြ ပြုတ်မလဲဆိုတာ တချို့ပရိသတ်တွေက ပိုစိတ်ဝင်စားကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

နည္းျပ အထုတ္မခံရ​ေရး ၿပိဳင္ပြဲဆိုၿပီး အ​ေလွာင္ခံ​ေနရတဲ့ ယူႏိုက္တက္ နဲ႔ စပါး ပြဲစဥ္

လာမယ့္စေနေန႔တြင္စပါးႏွင့္ယူႏိုက္တက္တို႔ရင္ဆိုင္ကစားရမယ့္ပြဲစဥ္ကိုပရိသတ္​ေတြက နည္းျပႏွစ္ဦးတို႔ရဲ႕အထုတ္မခံရေရးယွဥ္ၿပိဳင္တဲ့ပြဲအျဖစ္ေလွာင္ေျပာင္လ်က္ရွိၾကပါတယ္။

ယူႏိုက္တက္ နည္းျပဆိုးလ္ရွားႏွင့္စပါးနည္းျပႏူႏိုတို႔ဟာလာမယ့္စေနေန႔ပြဲတြင္ရႈံးပြဲႀကဳံတဲ့နည္းျပကအထုတ္ခံရမယ့္အေျခအေနတြင္ရွိေနတာေၾကာင့္ပရိသတ္​ေတြကအဲဒီပြဲကို El Sickico ပြဲဆိုၿပီးေလွာင္ေျပာင္ေရးသားေနၾကတာလည္းျဖစ္ပါတယ္။

ပရိသတ္တစ္​ေယာက္က”ယူႏိုက္တက္၊စပါးပြဲက မရယ္ႏိုင္ရင္ ငိုရမယ့္ပြဲပါ”ဆိုၿပီး ​ေရးထားသလို၊ “တစ္​ေယာက္က​ေတာ့ ရွင္သန္​ေရးအတြက္ တိုက္ပြဲ၀င္ရမယ့္ပြဲပါ”ဆိုၿပီး ​ေရးထားသူလည္း ရွိပါတယ္။ “ဆိုးလ္ရွားနဲ႔ ႏူႏိုတို႔ ​ေလွကား​ေထာင္ၿပီး အလုပ္မျပဳတ္​ေရး စာလႊာကို အၿပိဳင္ယူရမယ့္ ပြဲပါ”ဆိုၿပီး ​ေလွာင္​ေျပာင္တဲ့ သူလည္း ရွိပါတယ္။

ယူႏိုက္တက္နည္းျပဆိုးလ္ရွားဟာၿပီးခဲ့တဲ့အပတ္တုန္းကလီဗာပူးကို၅-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ေနာက္ဆုံးပရီးမီးယားလိဂ္ပြဲေလးပြဲဆက္တိုက္ႏိုင္ပြဲေပ်ာက္ေနၿပီးေနာက္စပါးႏွင့္ပြဲတြင္ရႈံးနိမ့္လွ်င္အထုတ္ခံရမယ့္အေရးႏွင့္ရင္ဆိုင္ေနရပါတယ္။

စပါးနည္းျပႏူႏိုမွာလည္းၿပီးခဲ့တဲ့အပတ္တုန္းကသူ႔အႀကိဳက္ဆုံးပြဲထြက္လူစာရင္းျဖင့္ရင္ဆိုင္ခဲ့ေပမယ့္လန္ဒန္ဒါဘီပြဲတြင္ဝက္စ္ဟမ္းကိုရႈံးနိမ့္ခဲ့မႈနဲ႔အတူ ရာထူးမွအထုတ္ခံရမယ့္အေရးႏွင့္ရင္ဆိုင္ေနရပါတယ္။ အသင္း​ေအာင္ႏိုင္​ေရးထက္ ဘယ္နည္းျပ ျပဳတ္မလဲဆိုတာ တခ်ိဳ႕ပရိသတ္​ေတြက ပိုစိတ္၀င္စားၾကပါတယ္။