နည်းပြ ဆိုးလ်ရှားကိုလည်း စိတ်သက်သာရာရစေမယ့် သတင်း၊ ယူနိုက်တက် နောက်ခံလူ တဲလက်စ် ကိုဗစ် negative ပြန်ဖြစ်သွားပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်း ကဘရာဇီးနောက်ခံလူ အဲလက်စ်တဲလက်စ်ဟာကိုဗစ် negative ဖြစ်သွားလို့ ဥရုဂွေးနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်လူစာရင်းမှာ ပါဝင်နိုင်မှာဖြစ်ကြောင်း ဘရာဇီးဘောလုံးအဖွဲ့ချုပ်က အတည်ပြုလိုက်ပါတယ်။

ဘယ်နောက်ခံလူဖြစ်တဲ့ တဲလက်စ်ဟာ ဘရာဇီးအသင်းအတွက် ရွေးချယ်ခံခဲ့ရပြီးနောက် ဆေးစစ်ကြည့်ရာမှာ ကိုဗစ်ပိုးတွေ့ခဲ့တယ်လို့ ပြီးခဲ့တဲ့စနေနေ့က ဘရာဇီးဘက်က အတည်ပြုထုတ်ပြန်ခဲ့ပြီး ဒုတိယအကြိမ်ဆေးထပ်စစ် မယ်လို့လည်းဆိုခဲ့ပါတယ်။ တနင်္လာနေ့က ဒုတိယအကြိမ်ဆေးထပ်စစ်ရာမှာတော့ negative ဖြစ်သွားတာပါ။

အခုသတင်းဟာ မန်ယူနည်းပြ ဆိုးလ်ရှားကိုလည်း စိတ်သက်သာရာရစေမှာဖြစ်ပါတယ်။ မန်ယူရဲ့လက်ရှိဦးစားပေးဘယ်နောက်ခံ လူဖြစ်တဲ့ လုခ်ရှောဟာ အဲဗာတန်နဲ့ပွဲမှာရခဲ့တဲ့ ဒဏ်ရာကြောင့် တစ်လလောက်နားရမှာဖြစ်လို့ တဲလက်စ် negative ဖြစ်ပြီး ပြန်ကစားနိုင်ဖို့က အရေးကြီးနေတာပါ။ မန်ယူဟာ လာမယ့်စနေနေ့မှာ ဝက်စ်ဘရွန်းနဲ့ အိမ်ကွင်းကစားရမှာဖြစ်ပြီး ဒီရာသီပထမဆုံးအိမ်ကွင်းနိုင်ပွဲဖြစ်လာဖို့လည်း မျှော်လင့်နေတာပါ။

အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ တဲလက်စ်ဟာ ဘရာဇီးကဗင်နီဇွဲလားကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ လူစားဝင်ကစားခဲ့သေးသူဖြစ်ပါတယ်။ သူဟာပြီးခဲ့တဲ့အောက်တိုဘာလတုန်းက မန်ယူက ပီအက်စ်ဂျီကိုအဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ပြီးခြေစွမ်းပြသွားလို့ သူ့ကိုအများကြီးမျှော်လင့်ခဲ့ကြတာပါ။ ဒါပေမယ့် ကိုဗစ်ဖြစ်သွားလို့ အနားယူခဲ့ရတာကြောင့် ပါဝင်ကစားဖို့အခွင့်မသာခဲ့ပါဘူး။

မန်ယူအသင်းဟာ တဲလက်စ်ရဲ့အခြေအနေကို သေချာစွာစောင့်ကြည့်နေပြီး ဘရာဇီးဘက်က စစ်ဆေးမှုမှာ ပိုးတွေ့တယ်ဆိုတာဟာ မန်ယူမှာရှိတုန်းက တွေ့ခဲ့တဲ့ ပိုးရဲ့ လက်ကျန်အစအနဖြစ်နိုင်လို့ ကစားသမားပြန်လာရင် သေချာစစ်ဆေးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

နည္းျပ ဆိုးလ္ရွားကိုလည္း စိတ္သက္သာရာရေစမယ့္ သတင္း၊ ယူႏိုက္တက္ ေနာက္ခံလူ တဲလက္စ္ ကိုဗစ္ negative ျပန္ျဖစ္သြားျပီ

မန္ယူအသင္း ကဘရာဇီးေနာက္ခံလူ အဲလက္စ္တဲလက္စ္ဟာကိုဗစ္ negative ျဖစ္သြားလို႔ ဥ႐ုေဂြးနဲ႔ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲစဥ္လူစာရင္းမွာ ပါဝင္ႏိုင္မွာျဖစ္ေၾကာင္း ဘရာဇီးေဘာလုံးအဖြဲ႕ခ်ဳပ္က အတည္ျပဳလိုက္ပါတယ္။ ဘယ္ေနာက္ခံလူျဖစ္တဲ့ တဲလက္စ္ဟာ ဘရာဇီးအသင္းအတြက္ ေ႐ြးခ်ယ္ခံခဲ့ရၿပီးေနာက္ ေဆးစစ္ၾကည့္ရာမွာ ကိုဗစ္ပိုးေတြ႕ခဲ့တယ္လို႔ ၿပီးခဲ့တဲ့စေနေန႔က ဘရာဇီးဘက္က အတည္ျပဳထုတ္ျပန္ခဲ့ၿပီး ဒုတိယအႀကိမ္ေဆးထပ္စစ္ မယ္လို႔လည္းဆိုခဲ့ပါတယ္။

တနလၤာေန႔က ဒုတိယအႀကိမ္ေဆးထပ္စစ္ရာမွာေတာ့ negative ျဖစ္သြားတာပါ။ အခုသတင္းဟာ မန္ယူနည္းျပ ဆိုးလ္ရွားကိုလည္း စိတ္သက္သာရာရေစမွာျဖစ္ပါတယ္။ မန္ယူရဲ႕လက္ရွိဦးစားေပးဘယ္ေနာက္ခံ
လူျဖစ္တဲ့ လုခ္ေရွာဟာ အဲဗာတန္နဲ႔ပြဲမွာရခဲ့တဲ့ ဒဏ္ရာေၾကာင့္ တစ္လေလာက္နားရမွာျဖစ္လို႔ တဲလက္စ္ negative ျဖစ္ၿပီး ျပန္ကစားႏိုင္ဖို႔က အေရးႀကီးေနတာပါ။

မန္ယူဟာ လာမယ့္စေနေန႔မွာ ဝက္စ္ဘ႐ြန္းနဲ႔ အိမ္ကြင္းကစားရမွာျဖစ္ၿပီး ဒီရာသီပထမဆုံးအိမ္ကြင္းႏိုင္ပြဲျဖစ္လာဖို႔လည္း ေမွ်ာ္လင့္ေနတာပါ။ အသက္ ၂၇ ႏွစ္ရွိၿပီျဖစ္တဲ့ တဲလက္စ္ဟာ ဘရာဇီးကဗင္နီဇြဲလားကို ၁-၀ နဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ လူစားဝင္ကစားခဲ့ေသးသူျဖစ္ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ေအာက္တိုဘာလတုန္းက မန္ယူက ပီအက္စ္ဂ်ီကိုအေဝးကြင္းမွာ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ပါဝင္ၿပီးေျခစြမ္းျပသြားလို႔ သူ႔ကိုအမ်ားႀကီးေမွ်ာ္လင့္ခဲ့ၾကတာပါ။

ဒါေပမယ့္ ကိုဗစ္ျဖစ္သြားလို႔ အနားယူခဲ့ရတာေၾကာင့္ ပါဝင္ကစားဖို႔အခြင့္မသာခဲ့ပါဘူး။ မန္ယူအသင္းဟာ တဲလက္စ္ရဲ႕အေျခအေနကို ေသခ်ာစြာေစာင့္ၾကည့္ေနၿပီး ဘရာဇီးဘက္က စစ္ေဆးမႈမွာ ပိုးေတြ႕တယ္ဆိုတာဟာ မန္ယူမွာရွိတုန္းကေတြ႕ခဲ့တဲ့ ပိုးရဲ႕ လက္က်န္အစအနျဖစ္ႏိုင္လို႔ ကစားသမားျပန္လာရင္ ေသခ်ာစစ္ေဆးသြားမယ္လို႔ ထုတ္ျပန္ခဲ့ပါေသးတယ္။