နည်းပြ ကိုးမန်းက မလေးမစားဆက်ဆံတယ်လို့ ရင်ဖွင့်တဲ့ ပီယာနစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ စက်တင်ဘာလ(၂)ရက်နေ့ကပဲ ဘာစီလိုနာအသင်းကနေ တူရကီ နာမည်ကျော်ကလပ် ဘက်ရှီးတက်စ်အသင်းဆီကို တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ရတဲ့

ဘော့စနီးယား ကွင်းလယ်ကစားသမား ပီယာနစ်က ဘာစီလိုနာအသင်းနည်းပြ ရော်နယ်ကိုးမန်းရဲ့ သူ့အပေါ် ဆက်ဆံမှုတွေကို သဘောမကျမိကြောင်းနဲ့ သူ့ကိုလည်း လေးစားမှုမထားကြောင်း အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီးတော့လည်း ဘာမှကို ပြောဆိုခြင်းမရှိခဲ့ကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ မထီမဲ့မြင်ပြုလုပ်ခြင်းကို ခံခဲ့ရသလားဆိုတဲ့မေးခွန်းအပေါ် ပီယာနစ်က

“နည်းပြဆီကပါ။ မနှစ်ကရင်ဆိုင်ခဲ့ရတဲ့အခြေအနေမျိုး ကျွန်တော်တစ်ခါမှ မကြုံဖူးပါဘူး။

ကျွန်တော်ဒါမျိုးမလိုချင်ပါဘူး။ ကျွန်တော်က ကစားသမားတစ်ယောက်ပါ။

ဘောလုံးကစားရရင်ကိုပျော်နေတာပါ။ ကျွန်တော်ကဘာကာအတွက် အမြဲကစားပေးချင်တာပါ။

အခြေအနေတွေဒီလိုဖြစ်လာမယ်လို့ မတွေးဖူးပါဘူး”

“ကျွန်တော်ပွဲမကစားရတဲ့အကြောင်းက သပ်သပ်ရှိပါတယ်။

နည်းပြကကျွန်တော်နဲ့ လုံးဝအပြောအဆိုမလုပ်ပါဘူး။

ကျွန်တော့်ရဲ့ယုံကြည်မှုတွေကို သတ်လိုက်တာပါပဲ။ကျွန်တော်ကဘာပဲဖြစ်ဖြစ် လက်ခံနိုင်တဲ့ကစားသမားမျိုးပါ။

ဒါပေမယ့်ပြဿနာတွေကို မျက်နှာချင်းဆိုင် ဖြေရှင်းချင်ပါတယ်။ ဘာမှမဖြစ်ခဲ့သလိုမျိုးတော့ မနေနိုင်ပါဘူး” လို့ ပြောဆိုပါတယ်။

အသက်(၃၁)နှစ်အရွယ်ရှိ ဘော့စနီးယားလက်ရွေးစင် ကွင်းလယ်ကစားသမား ပီယာနစ်ဟာ ပြီးခဲ့တဲ့နှစ် နွေဈေးကွက်အတွင်းကမှ ဂျူဗင်တပ်စ်အသင်းကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀)နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပေမယ့်လည်း

တစ်ရာသီအတွင်း ပွဲပေါင်း(၃၀)မှာ ပွဲတော်တော်များများကို အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်ခဲ့ရသလို အသင်းအတွက် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေလည်း မပြုလုပ်နိုင်ခဲ့ပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

နည္းျပ ကိုးမန္းက မေလးမစားဆက္ဆံတယ္လို႔ ရင္ဖြင့္တဲ့ ပီယာနစ္

ၿပီးခဲ့တဲ့ စက္တင္ဘာလ(၂)ရက္ေန႔ကပဲ ဘာစီလိုနာအသင္းကေန တူရကီ နာမည္ေက်ာ္ကလပ္ ဘက္ရွီးတက္စ္အသင္းဆီကို တစ္ရာသီအငွားစာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့ရတဲ့ ေဘာ့စနီးယား ကြင္းလယ္ကစားသမား ပီယာနစ္က ဘာစီလိုနာအသင္းနည္းျပ ေရာ္နယ္ကိုးမန္းရဲ႕ သူ႔အေပၚ ဆက္ဆံမႈေတြကို သေဘာမက်မိေၾကာင္းနဲ႔ သူ႔ကိုလည္း ေလးစားမႈမထားေၾကာင္း အေျပာင္းအေ႐ႊ႕နဲ႔ ပတ္သက္ၿပီးေတာ့လည္း ဘာမွကို ေျပာဆိုျခင္းမရွိခဲ့ေၾကာင္း ဖြင့္ဟေျပာဆိုသြားခဲ့ပါတယ္။

ဘာစီလိုနာအသင္းရဲ႕ မထီမဲ့ျမင္ျပဳလုပ္ျခင္းကို ခံခဲ့ရသလားဆိုတဲ့ေမးခြန္းအေပၚ ပီယာနစ္က”နည္းျပဆီကပါ။ မႏွစ္ကရင္ဆိုင္ခဲ့ရတဲ့အေျခအေနမ်ိဳး ကြၽန္ေတာ္တစ္ခါမွ မႀကဳံဖူးပါဘူး။ကြၽန္ေတာ္ဒါမ်ိဳးမလိုခ်င္ပါဘူး။ ကြၽန္ေတာ္က ကစားသမားတစ္ေယာက္ပါ။ ေဘာလုံးကစားရရင္ကိုေပ်ာ္ေနတာပါ။ ကြၽန္ေတာ္ကဘာကာအတြက္ အၿမဲကစားေပးခ်င္တာပါ။ အေျခအေနေတြဒီလိုျဖစ္လာမယ္လို႔ မေတြးဖူးပါဘူး”

“ကြၽန္ေတာ္ပြဲမကစားရတဲ့အေၾကာင္းက သပ္သပ္ရွိပါတယ္။ နည္းျပကကြၽန္ေတာ္နဲ႔ လုံးဝအေျပာအဆိုမလုပ္ပါဘူး။ ကြၽန္ေတာ့္ရဲ႕ယုံၾကည္မႈေတြကို သတ္လိုက္တာပါပဲ။ကြၽန္ေတာ္ကဘာပဲျဖစ္ျဖစ္ လက္ခံႏိုင္တဲ့ကစားသမားမ်ိဳးပါ။ ဒါေပမယ့္ျပႆနာေတြကို မ်က္ႏွာခ်င္းဆိုင္ ေျဖရွင္းခ်င္ပါတယ္။ ဘာမွမျဖစ္ခဲ့သလိုမ်ိဳးေတာ့ မေနႏိုင္ပါဘူး” လို႔ ​ေျပာဆိုပါတယ္။

အသက္(၃၁)ႏွစ္အ႐ြယ္ရွိ ေဘာ့စနီးယားလက္ေ႐ြးစင္ ကြင္းလယ္ကစားသမား ပီယာနစ္ဟာ ၿပီးခဲ့တဲ့ႏွစ္ ေႏြေဈးကြက္အတြင္းကမွ ဂ်ဴဗင္တပ္စ္အသင္းကေန ဘာစီလိုနာအသင္းဆီ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း(၆၀)နဲ႔ ေရာက္ရွိလာခဲ့တာျဖစ္ေပမယ့္လည္း တစ္ရာသီအတြင္း ပြဲေပါင္း(၃၀)မွာ ပြဲေတာ္ေတာ္မ်ားမ်ားကို အရန္ကစားသမားအျဖစ္နဲ႔သာ ပါဝင္ခဲ့ရသလို အသင္းအတြက္ သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈေတြလည္း မျပဳလုပ္ႏိုင္ခဲ့ပါဘူး။