နည်းပြအာတီတာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ အာဆင်နယ်ကြေညာ

photo-daily mail

photo-REX

အသင်းနည်းပြအာတီတာဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ အာဆင်နယ်က ကြေညာလိုက်ပါတယ်။ ဒီရက်သတ္တပတ်မှာကစားမယ့်ပွဲတွေအားလုံးကို ပုံမှန်အတိုင်းပဲကျင်းပဖို့ ရည်ရွယ်ထားတယ်လို့ ပရီးမီးယားလိဂ်က အတည်ပြုခဲ့ပြီး မကြာခင်မှာပဲ အာတီတာရဲ့သတင်းထွက်ပေါ်လာခဲ့တာပါ။ ဒါကြောင့်လည်း အာဆင်နယ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်ဆိုတာကို အတည်ပြုခဲ့တဲ့ပထမဆုံးပရီးမီးယားလိဂ်ကလပ်ဖြစ်လာခဲ့ပါတယ်။

photo-gettyimages

လောလောဆယ်တော့ အာတီတာကြောင့် ပထမအသင်းတစ်သင်းလုံးနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ တစ်ယောက်တည်းသီးသန့်အဖြစ် ၁၄ ရက်စောင့်ကြည့်မှုကို ခံယူရတော့မှာပါ။ ဒါ့အပြင် အာဆင်နယ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့နည်းပြကြောင့် အသင်းရဲ့လန်ဒန်ကိုလ်နေးလေ့ကျင့်ရေးစင်တာကိုလည်း ပိတ်လိုက်ပြီ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ပထမအသင်းကစားသမားတွေဟာ ပြီးခဲ့တဲ့အင်္ဂါနေ့ကပဲ အဲဒီမှာ လေ့ကျင့်ခန်းဆင်းခဲ့ကြတာပါ။

photo-daily mail

ကလပ်ကို ယာယီအားဖြင့် ပိတ်ဆို့လိုက်ပြီဖြစ်တာကြောင့် အာဆင်နယ်ရဲ့လက်ရှိပွဲစဉ်တွေဟာ စီစဉ်ထားသလို ကစားဖြစ်ဖွယ်မရှိတော့ပါဘူး။ အာဆင်နယ်ဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာ ဘရိုက်တန်နဲ့အဝေးကွင်းသွားကစားရမှာပါ။ အာတီတာဟာ ကိုရိုနာဗိုင်းရပ်စ်ကူးခံထားရတဲ့ ယူရိုပါလိဂ်ပြိုင်ဘက် အိုလံပီယာကို့စ်က အသင်းပိုင်းရှင်မာရီနက်ကစ်နဲ့ ဆက်စပ်မှုမရှိဘူးလို့တော့ နားလည်ရပါတယ်။ အသက် ၃၇ နှစ်အရွယ် အာတီတာကလည်း ”ဒါဟာ တကယ်ကိုစိတ်ပျက်စရာပါ။ နေမကောင်းဘူးလို့ ခံစားရတာနဲ့ စစ်ဆေးမှုကို ကျွန်တော်ခံယူခဲ့တာပါ။ ခွင့်ပြုချက်ရတာနဲ့ မြန်နိုင်သမျှ အမြန်ဆုံး ကျွန်တော်အလုပ်ပြန်လုပ်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

နည္းျပအာတီတာ ကုိရိုနာဗုိင္းရပ္စ္ကူးစက္ခံထားရတယ္လုိ႔ အာဆင္နယ္ေၾကညာ

အသင္းနည္းျပအာတီတာဟာ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံထားရတယ္လုိ႔ အာဆင္နယ္က ေၾကညာလိုက္ပါတယ္။ ဒီရက္သတၱပတ္မွာကစားမယ့္ပြဲေတြအားလုံးကို ပုံမွန္အတိုင္းပဲက်ငး္ပဖုိ႔ ရည္ရြယ္ထားတယ္လို႔ ပရီးမီးယားလိဂ္က အတည္ျပဳခဲ့ၿပီး မၾကာခင္မွာပဲ အာတီတာရဲ႕သတင္းထြက္ေပၚလာခဲ့တာပါ။ ဒါေၾကာင့္လည္း အာဆင္နယ္ဟာ ကုိရိုနာဗုိင္းရပ္စ္ကူးစက္ခံထားရတယ္ဆိုတာကို အတည္ျပဳခဲ့တဲ့ပထမဆုံးပရီးမီးယားလိဂ္ကလပ္ျဖစ္လာခဲ့ပါတယ္။

ေလာေလာဆယ္ေတာ့ အာတီတာေၾကာင့္ ပထမအသင္းတစ္သင္းလုံးနဲ႔ နည္းျပအဖြဲ႔၀င္ေတြဟာ တစ္ေယာက္တည္းသီးသန္႔အျဖစ္ ၁၄ ရက္ေစာင့္ၾကည့္မႈကို ခံယူရေတာ့မွာပါ။ ဒါ့အျပင္ အာဆင္နယ္ဟာ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံရတဲ့နည္းျပေၾကာင့္ အသင္းရဲ႕လန္ဒန္ကိုလ္ေနးေလ့က်င့္ေရးစင္တာကိုလည္း ပိတ္လိုက္ၿပီ ျဖစ္ပါတယ္။ အာဆင္နယ္ရဲ႕ပထမအသင္းကစားသမားေတြဟာ ၿပီးခဲ့တဲ့အဂၤါေန႔ကပဲ အဲဒီမွာ ေလ့က်င့္ခန္းဆင္းခဲ့ၾကတာပါ။

ကလပ္ကို ယာယီအားျဖင့္ ပိတ္ဆို႔လိုက္ၿပီျဖစ္တာေၾကာင့္ အာဆင္နယ္ရဲ႕လက္ရွိပြဲစဥ္ေတြဟာ စီစဥ္ထားသလို ကစားျဖစ္ဖြယ္မရွိေတာ့ပါဘူး။ အာဆင္နယ္ဟာ ဒီတစ္ပတ္ပရီးမီးယားလိဂ္မွာ ဘရိုက္တန္နဲ႔အေ၀းကြင္းသြားကစားရမွာပါ။ အာတီတာဟာ ကုိရိုနာဗုိင္းရပ္စ္ကူးခံထားရတဲ့ ယူရိုပါလိဂ္ၿပိဳင္ဘက္ အိုလံပီယာကို႔စ္က အသင္းပိုင္းရွင္မာရီနက္ကစ္နဲ႔ ဆက္စပ္မႈမရွိဘူးလို႔ေတာ့ နားလည္ရပါတယ္။ အသက္ ၃၇ ႏွစ္အရြယ္ အာတီတာကလည္း ”ဒါဟာ တကယ္ကိုစိတ္ပ်က္စရာပါ။ ေနမေကာင္းဘူးလို႔ ခံစားရတာနဲ႔ စစ္ေဆးမႈကုိ ကၽြန္ေတာ္ခံယူခဲ့တာပါ။ ခြင့္ျပဳခ်က္ရတာနဲ႔ ျမန္ႏိုင္သမွ် အျမန္ဆုံး ကၽြန္ေတာ္အလုပ္ျပန္လုပ္သြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။