နည်းပြအပြောင်းအလဲလုပ်ဖို့ မရှိဘူးလို့ အေးဂျင့်တွေကိုပြောထားတဲ့ မန်ယူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းဟာ နည်းပြအပြောင်းအလဲလုပ်ဖို့ မရှိဘူးလို့ အခိုင်အမာဆိုခဲ့တာကြောင့် လက်ရှိနည်းပြဆိုးလ်ရှားကို ထောက်ခံထားဆဲဆိုတဲ့အဓိပ္ပါတယ်ဖြစ်ကြောင်း အင်္ဂလန်က သတင်းတစ်ရပ်က ဆိုပါတယ်။

သူ့အသင်းက နောက်ဆုံးပရီးမီးယားလိဂ် ၃ ပွဲမှာ ၁ မှတ်သာရရှိခဲ့မှုနဲ့အတူ အဲဒီနော်ဝေသားနည်းပြဟာ မကြာသေးခင်ရက်သတ္တပတ်တွေမှာ ဖိအားတွေပိုတိုးလာခဲ့တာပါ။

ဒီလိုပရီးမီးယားလိဂ် ၃ ပွဲဆက်နိုင်ပွဲပျောက်မှုကြောင့်လည်း မန်ယူဟာ အိုးလ်ထရက်ဖို့ဒ်မှာကစားမယ့် လီဗာပူးနဲ့ပွဲမတိုင်ခင် အမှတ်ပေးဇယားမှာ အဆင့် ၆ နေရာဆင်းပေးလိုက်ရပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာတောင် မန်ယူဟာ ဆိုးရွားတဲ့ပထမပိုင်းခြေစွမ်းနဲ့အတူ အတ္တလန္တာကို ၂-၀ နဲ့ရှုံးနေခဲ့ပြီးမှ ဒုတိယပိုင်း ၃ ဂိုးပြန်လိုက်သွင်းပြီး အနိုင်ရခဲ့တာပါ။

ဒါကြောင့်လည်း ဆိုးလ်ရှားရဲ့အနာဂါတ်နဲ့ပတ်သက်လို့ မရေရာသတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့် အင်္ဂလန်က The Sun သတင်းစာကတော့

ယူနိုက်တက်ဟာ ၄၈ နှစ်အရွယ် အဲဒီနော်ဝေသားနည်းပြအပေါ်မှာ ယုံကြည်မှုရှိနေဆဲဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

လိုအပ်လု့ိရှိရင် အစားထိုးလို့ရမယ့်နည်းပြတစ်ယောက်ရှာပေးဖို့အတွက် စိတ်ဝင်စားကြောင်း အေးဂျင့်တွေက ကမ်းလှမ်းမှုလုပ်လာပေမယ့် လောလောဆယ် မရှိကြောင်း မန်ယူက ပြောခဲ့တယ်လို့ The Sun က ဖော်ပြခဲ့တာပါ။

ဒါပေမဲ့လည်း မန်ယူဟာ ပွဲကျပ်ကာလကို ဖြတ်သန်းနေတာဖြစ်လို့ ဆိုးလ်ရှားရဲ့လက်ရှိအခြေအနေဟာ လာမယ့်ရက်သတ္တပတ်တွေမှာ ပြောင်းလဲသွားနိုင်ပါတယ်။

မန်ယူဟာ လီဗာပူးနဲ့ကစားအပြီး နောက်တစ်ပတ်ပရီးမီးယားလိဂ်မှာ စပါးနဲ့အဝေးကွင်းရင်ဆိုင်ရမှာဖြစ်ပြီး

အဲဒီနောက် အတ္တလန္တာနဲ့ဒုတိယအကျော့ကစားရဖို့ အီတလီကို သွားရမှာဖြစ်ကာ အီတလီကပြန်လာပြီး ၄ ရက်အကြာ အိုးလ်ထရက်ဖို့ဒ်မှာ မန်စီးတီးကို ဧည့်ခံရမှာပါ။

သူတို့ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ စီရော်နယ်ဒို၊ ဗာရာနီနဲ့ ဆန်ချိုတို့အတွက် သုံးစွဲမှုတွေ ပြုလုပ်ခဲ့တာကြောင့် ချန်ပီယံဆုစိန်ခေါ်နိုင်မယ်လို့ မျှော်လင့်ခြင်းခံခဲ့ရတာပါ။

ဒါပေမဲ့လည်း မန်ယူဟာ အခုတော့ ထိပ်ဆုံးကဦးဆောင်နေတဲ့ချဲလ်ဆီးနဲ့ လက်ကျန်တစ်ပွဲရှိအနေအထားမှာ ၈ မှတ်ကွာသွားပြီး ဒီရာသီပြိုင်ပွဲအရပ်ရပ်မှာ တစ်ပွဲပဲပေးဂိုးမရှိထားတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

နည္းျပအေျပာင္းအလဲလုပ္ဖို႔ မရွိဘူးလို႔ ေအးဂ်င့္ေတြကိုေျပာထားတဲ့ မန္ယူ

မန္ယူအသင္းဟာ နည္းျပအေျပာင္းအလဲလုပ္ဖို႔ မရွိဘူးလို႔ အခိုင္အမာဆိုခဲ့တာေၾကာင့္ လက္ရွိနည္းျပဆိုးလ္ရွားကို ေထာက္ခံထားဆဲဆိုတဲ့အဓိပၸါတယ္ျဖစ္ေၾကာင္း အဂၤလန္က သတင္းတစ္ရပ္က ဆိုပါတယ္။

သူ႔အသင္းက ေနာက္ဆုံးပရီးမီးယားလိဂ္ ၃ ပြဲမွာ ၁ မွတ္သာရရွိခဲ့မႈနဲ႔အတူ အဲဒီေနာ္ေဝသားနည္းျပဟာ မၾကာေသးခင္ရက္သတၱပတ္ေတြမွာ ဖိအားေတြပိုတိုးလာခဲ့တာပါ။

ဒီလိုပရီးမီးယားလိဂ္ ၃ ပြဲဆက္ႏိုင္ပြဲေပ်ာက္မႈေၾကာင့္လည္း မန္ယူဟာ အိုးလ္ထရက္ဖို႔ဒ္မွာကစားမယ့္ လီဗာပူးနဲ႔ပြဲမတိုင္ခင္ အမွတ္ေပးဇယားမွာ အဆင့္ ၆ ေနရာဆင္းေပးလိုက္ရပါတယ္။

ေနာက္ဆုံးကစားခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာေတာင္ မန္ယူဟာ ဆိုး႐ြားတဲ့ပထမပိုင္းေျခစြမ္းနဲ႔အတူ အတၱလႏၲာကို ၂-၀ နဲ႔ရႈံးေနခဲ့ၿပီးမွ ဒုတိယပိုင္း ၃ ဂိုးျပန္လိုက္သြင္းၿပီး အႏိုင္ရခဲ့တာပါ။

ဒါေၾကာင့္လည္း ဆိုးလ္ရွားရဲ႕အနာဂါတ္နဲ႔ပတ္သက္လို႔ မေရရာသတင္းေတြ ထြက္ေပၚလာခဲ့ေပမယ့္ အဂၤလန္က The Sun သတင္းစာကေတာ့ ယူႏိုက္တက္ဟာ ၄၈ ႏွစ္အ႐ြယ္ အဲဒီေနာ္ေဝသားနည္းျပအေပၚမွာ ယုံၾကည္မႈရွိေနဆဲျဖစ္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

လိုအပ္လု႔ိရွိရင္ အစားထိုးလို႔ရမယ့္နည္းျပတစ္ေယာက္ရွာေပးဖို႔အတြက္ စိတ္ဝင္စားေၾကာင္း ေအးဂ်င့္ေတြက ကမ္းလွမ္းမႈလုပ္လာေပမယ့္ ေလာေလာဆယ္ မရွိေၾကာင္း မန္ယူက ေျပာခဲ့တယ္လို႔ The Sun က ေဖာ္ျပခဲ့တာပါ။

ဒါေပမဲ့လည္း မန္ယူဟာ ပြဲက်ပ္ကာလကို ျဖတ္သန္းေနတာျဖစ္လို႔ ဆိုးလ္ရွားရဲ႕လက္ရွိအေျခအေနဟာ လာမယ့္ရက္သတၱပတ္ေတြမွာ ေျပာင္းလဲသြားႏိုင္ပါတယ္။

မန္ယူဟာ လီဗာပူးနဲ႔ကစားအၿပီး ေနာက္တစ္ပတ္ပရီးမီးယားလိဂ္မွာ စပါးနဲ႔အေဝးကြင္းရင္ဆိုင္ရမွာျဖစ္ၿပီး အဲဒီေနာက္ အတၱလႏၲာနဲ႔ဒုတိယအေက်ာ့ကစားရဖို႔ အီတလီကို သြားရမွာျဖစ္ကာ အီတလီကျပန္လာၿပီး ၄ ရက္အၾကာ အိုးလ္ထရက္ဖို႔ဒ္မွာ မန္စီးတီးကို ဧည့္ခံရမွာပါ။

သူတို႔ဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ စီေရာ္နယ္ဒို၊ ဗာရာနီနဲ႔ ဆန္ခ်ိဳတို႔အတြက္ သုံးစြဲမႈေတြ ျပဳလုပ္ခဲ့တာေၾကာင့္ ခ်န္ပီယံဆုစိန္ေခၚႏိုင္မယ္လို႔ ေမွ်ာ္လင့္ျခင္းခံခဲ့ရတာပါ။

ဒါေပမဲ့လည္း မန္ယူဟာ အခုေတာ့ ထိပ္ဆုံးကဦးေဆာင္ေနတဲ့ခ်ဲလ္ဆီးနဲ႔ လက္က်န္တစ္ပြဲရွိအေနအထားမွာ ၈ မွတ္ကြာသြားၿပီး ဒီရာသီၿပိဳင္ပြဲအရပ္ရပ္မွာ တစ္ပြဲပဲေပးဂိုးမရွိထားတာပါ။