နည်းပြဟောင်းအကြောင်းပြောလာတဲ့ မန်ချက်စတာကွင်းလယ်လူ မာတစ်

photo internet

မန်ချက်စတာ အသင်းရဲ့ ကွင်းလယ်ကစားသမား မာတစ်ဟာ လာမယ့်အပြောင်းအရွှေ့မှာတော့ အသင်းကနေထွက်ခွာရဖွယ် ရှိနေပါတယ်။ ဘာကြောင့်လဲဆိုရင် ခြေစွမ်းကောင်းတွေမပြသနိုင်မှု ၊ ဒဏ်ရာ ပြသနာတွေရှိမှု၊ အသက်အရွယ်ရလာမှု၊ လူငယ်ကစားသမားတွေနေရာရလာမှု စတဲ့အကြောင်းအချက်အလက်တွေကြောင့် မန်ချက်စတာကနေထွက်ခွာရဖွယ်ရှိနေပါတယ်။ ဒါပေမယ့်လည်းတစ်ဖက်မှာသူ့ကိုခေါ်ချင်တဲ့အသင်းတွေရှိနေပါတယ်။

photo internet

နည်းပြဟောင်းဖြစ်ခဲ့ဖူးသူ ကွန်တီတာဝန်ယူနေတဲ့ အင်တာမီလန်ကိုသူရောက်ရှိနိုင်ဖွယ်ရှိပါတယ်။ မာတစ်က ချဲလ်ဆီးမှာသူရှိစဉ်ဆုံခဲ့တဲ့နည်းပြဟောင်းဖြစ်သူ ကွန်တီအကြောင်းအခုလိုပြောပါတယ်။ “ကွန်တီဟာ ဘောလုံးနဲ့ပတ်သက်ရင်ရူးသွပ်သူပါ။ တစ်နေ့လုံးအလုပ်လုပ်နိုင်စွမ်းရှိပါတယ်။ ကစားသမားတွေနဲ့ ပြိုင်ဖက်အသင်းအကြောင်းကို ခွဲခြားလေ့လာနိုင်စွမ်းတွေလည်းရှိပါတယ်။ သူဟာကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲကတစ်ယောက်ပါ”လို့ပြောပါတယ်။

photo internet

“သူဟာ အင်တာမီလန် အသင်းအတွက် အကောင်းဆုံးနည်းပြပေးနိုင်ပါလိမ့်မယ်။ သူဟာနည်းပြပိုင်းမှာအတော်ကို အကောင်းဆုံးလုပ်ပြနိုင်ပါတယ်”လို့မာတစ်ကပြောပါတယ်။ မာတစ်ဟာ အင်တာမီလန်နဲ့ချိတ်ဆက်နိုင်ဖို့ နည်းပြဟောင်းနဲ့ဆက်ဆံရေးကောင်းမွန်တာလည်းဖြစ်နိုင်ပါတယ်။ ချဲလ်ဆီးကစားဖော်ဟောင်း အီဒင်ဟာဇက်အကြောင်းလည်း သူကပြောပါသေးတယ်။

photo internet

“ဟာဇက်အတွက်ကြီးမားတဲ့အခက်အခဲတစ်ခုကတော့ သူကလူကောင်းတစ်ယောက်ဖြစ်နေတာပါပဲ။ မက်ဒရစ်မှာ အခြေကျဖို့ သူ့အတွက်အချိန်အနည်းငယ်တော့လိုပါမယ်။ သူ့မှာဒဏ်ရာဒဏ်ချက်တွေလည်း ရှိပါတယ်။ ဖိအားတွေလည်းများပါတယ်။ ဒါပေမယ့်5လ 6လ လောက်ကြာရင်တော့သူခြေစွမ်းတွေပြန်ပြနိုင်မှာပါ။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ယောက်ဆိုတာ ကျွန်တော်ပြောရဲပါတယ်”လို့ မာတစ်က ပြောပါတယ်။

photo internet

(Zawgyi Version)

နည္းျပေဟာင္းအေၾကာင္းေျပာလာတဲ့ မန္ခ်က္စတာကြင္းလယ္လူ မာတစ္

မန္ခ်က္စတာ အသင္းရဲ႕ ကြင္းလယ္ကစားသမား မာတစ္ဟာ လာမယ့္အေျပာင္းအေရႊ႕မွာေတာ့ အသင္းကေနထြက္ခြာရဖြယ္ ရိွေနပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ေျခစြမ္းေကာင္းေတြမျပသႏိုင္မႈ ၊ ဒဏ္ရာ ျပသနာေတြရိွမႈ၊ အသက္အရြယ္ရလာမႈ၊ လူငယ္ကစားသမားေတြေနရာရလာမႈ စတဲ့အေၾကာင္းအခ်က္အလက္ေတြေၾကာင့္ မန္ခ်က္စတာကေနထြက္ခြာရဖြယ္ရိွေနပါတယ္။ ဒါေပမယ့္လည္းတစ္ဖက္မွာသူ႔ကိုေခၚခ်င္တဲ့အသင္းေတြရိွေနပါတယ္။

နည္းျပေဟာင္းျဖစ္ခဲ့ဖူးသူ ကြန္တီတာ၀န္ယူေနတဲ့ အင္တာမီလန္ကိုသူေရာက္ရိွႏိုင္ဖြယ္ရိွပါတယ္။ မာတစ္က ခ်ဲလ္ဆီးမွာသူရိွစဥ္ဆုံခဲ့တဲ့နည္းျပေဟာင္းျဖစ္သူ ကြန္တီအေၾကာင္းအခုလုိေျပာပါတယ္။ “ကြန္တီဟာ ေဘာလုံးနဲ႔ပတ္သက္ရင္ရူးသြပ္သူပါ။ တစ္ေန႔လုံးအလုပ္လုပ္ႏိုင္စြမ္းရိွပါတယ္။ ကစားသမားေတြနဲ႔ ၿပိဳင္ဖက္အသင္းအေၾကာင္းကို ခြဲျခားေလ့လာႏိုင္စြမ္းေတြလည္းရိွပါတယ္။ သူဟာကမၻာ့အေကာင္းဆုံးနည္းျပေတြထဲကတစ္ေယာက္ပါ”လို႔ေျပာပါတယ္။

“သူဟာ အင္တာမီလန္ အသင္းအတြက္ အေကာင္းဆုံးနည္းျပေပးႏိုင္ပါလိမ့္မယ္။ သူဟာနည္းျပပိုင္းမွာအေတာ္ကို အေကာင္းဆုံးလုပ္ျပႏိုင္ပါတယ္”လို႔မာတစ္ကေျပာပါတယ္။ မာတစ္ဟာ အင္တာမီလန္နဲ႔ခ်ိတ္ဆက္ႏိုင္ဖို႔ နည္းျပေဟာင္းနဲ႔ဆက္ဆံေရးေကာင္းမြန္တာလည္းျဖစ္ႏိုင္ပါတယ္။ ခ်ဲလ္ဆီးကစားေဖာ္ေဟာင္း အီဒင္ဟာဇက္အေၾကာင္းလည္း သူကေျပာပါေသးတယ္။

“ဟာဇက္အတြက္ႀကီးမားတဲ့အခက္အခဲတစ္ခုကေတာ့ သူကလူေကာင္းတစ္ေယာက္ျဖစ္ေနတာပါပဲ။ မက္ဒရစ္မွာ အေျခက်ဖုိ႔ သူ႔အတြက္အခ်ိန္အနည္းငယ္ေတာ့လုိပါမယ္။ သူ႔မွာဒဏ္ရာဒဏ္ခ်က္ေတြလည္း ရိွပါတယ္။ ဖိအားေတြလည္းမ်ားပါတယ္။ ဒါေပမယ့္5လ 6လ ေလာက္ၾကာရင္ေတာ့သူေျခစြမ္းေတြျပန္ျပႏိုင္မွာပါ။ ကမၻာ့အေကာင္းဆုံးေဘာလုံးသမားတစ္ေယာက္ဆုိတာ ကၽြန္ေတာ္ေျပာရဲပါတယ္”လို႔ မာတစ္က ေျပာပါတယ္။