နည်းပြသစ်အဖြစ် မော်ရင်ဟိုကို ၂၀၂၃ အထိ ခန့်အပ်လိုက်တဲ့ စပါး

photo-br football

photo-gettyimages

စပါးအသင်းဟာ သူတို့ရဲ့နည်းပြသစ်အဖြစ် မော်ရင်ဟိုကိုအတည်ပြုလိုက်ပြီး ၂၀၂၃ အထိ စာချုပ်ချုပ်လိုက်ပါတယ်။ ဆိုးရွားတဲ့ရာသီတာထွက်ကြောင့် ပိုချက်တီနိုကိုထုတ်ပယ်ပြီး တစ်ရက်အတွင်းမှာပဲ မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တာပါ။ စပါးဟာ ပထမဆုံးပရီးမီးယားလိဂ် ၁၂ ပွဲမှာ ၃ ပွဲသာနိုင်ပြီးနောက် အမှတ်ပေးဇယားမှာ အဆင့် ၁၄ နေရာကို ရောက်ရှိနေတာပါ။ မော်ရင်ဟိုအနေနဲ့ကတော့ တစ်နှစ်မပြည့်ခင်မှာပဲ ပရီးမီးယားလိဂ်မှာ ပြန်လည်နည်းပြခွင့်ရခဲ့တာပါ။

photo-gettyimages

”ပထမအသင်းမှာရော အကယ်ဒမီမှာပါရှိတဲ့အရည်အသွေးဟာ ကျွန်တော့်ကို စိတ်လှုပ်ရှားစေပါတယ်။ ဒီလိုကစားသမားတွေနဲ့အလုပ်လုပ်ရမှာက ကျွန်တော့်ကိုဆွဲဆောင်စေတာပါ”လို့ အသင်းဝက်ဘ်ဆိုဒ်မှာ မော်ရင်ဟိုက ပြောခဲ့ပါတယ်။ စပါးအသင်းဥက္ကဌဒန်နီရယ်လီဗိုင်းကလည်း”မော်ရင်ဟိုကြောင့် ကျွန်တော်တို့ဟာ ဘောလုံးလောကရဲ့အအောင်မြင်ဆုံးနည်းပြတွေထဲက တစ်ယောက်ကို ရရှိခဲ့ပါပြီ။ သူဟာ အတွေ့အကြုံများစွာ ကြွယ်ဝပြီး အသင်းကိုလည်း စေ့ဆော်ပေးနိုင်ပါတယ်။ သူနည်းပြတဲ့အသင်းတိုင်းကို ဆုဖလားတွေယူပေးခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။

photo-gettyimages

မော်ရင်ဟိုဟာ သူ့နည်းပြဘဝမှာ ပေါ်တို၊ချဲလ်ဆီး၊အင်တာမီလန်၊ရီးရဲလ်မက်ဒရစ်နဲ့မန်ယူတို့ကို ကိုင်တွယ်ခဲ့ပြီး ချန်ပီယံလိဂ် ၂ ကြိမ်၊ ယူရိုပါလိဂ် ၂ ကြိမ်နဲ့ အမှတ်ပေးချန်ပီယံဆု ၈ ကြိမ်ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာမှာ မန်ယူကနေ ထွက်ခွာပြီးတဲ့နောက် ရုပ်သံဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်နေပြီး အခုတော့ နည်းပြလောကထဲ ပြန်ရောက်လာပါတယ်။ မော်ရင်ဟိုရဲ့စပါးနည်းပြဘ၀ ပထမဆုံးပွဲကတော့ လာမယ့်စနေနေ့ အစောဆုံးကစားမယ့် ဝက်စ်ဟမ်းနဲ့အဝေးကွင်းပွဲ ဖြစ်ပါတယ်။

[Zawgyi]

နည္းျပသစ္အျဖစ္ ေမာ္ရင္ဟိုကို ၂၀၂၃ အထိ ခန္႔အပ္လိုက္တဲ့ စပါး

စပါးအသင္းဟာ သူတို႔ရဲ႕နည္းျပသစ္အျဖစ္ ေမာ္ရင္ဟိုကိုအတည္ျပဳလိုက္ၿပီး ၂၀၂၃ အထိ စာခ်ဳပ္ခ်ဳပ္လိုက္ပါတယ္။ ဆိုးရြားတဲ့ရာသီတာထြက္ေၾကာင့္ ပိုခ်က္တီႏိုကိုထုတ္ပယ္ၿပီး တစ္ရက္အတြင္းမွာပဲ ေမာ္ရင္ဟိုကို နည္းျပသစ္အျဖစ္ ခန္႔အပ္လိုက္တာပါ။ စပါးဟာ ပထမဆုံးပရီးမီးယားလိဂ္ ၁၂ ပြဲမွာ ၃ ပြဲသာႏိုင္ၿပီးေနာက္ အမွတ္ေပးဇယားမွာ အဆင့္ ၁၄ ေနရာကို ေရာက္ရွိေနတာပါ။ ေမာ္ရင္ဟိုအေနနဲ႔ကေတာ့ တစ္ႏွစ္မျပည့္ခင္မွာပဲ ပရီးမီးယားလိဂ္မွာ ျပန္လည္နည္းျပခြင့္ရခဲ့တာပါ။

”ပထမအသင္းမွာေရာ အကယ္ဒမီမွာပါရွိတဲ့အရည္အေသြးဟာ ကၽြန္ေတာ့္ကို စိတ္လႈပ္ရွားေစပါတယ္။ ဒီလိုကစားသမားေတြနဲ႔အလုပ္လုပ္ရမွာက ကၽြန္ေတာ့္ကိုဆြဲေဆာင္ေစတာပါ”လို႔ အသင္း၀က္ဘ္ဆိုဒ္မွာ ေမာ္ရင္ဟိုက ေျပာခဲ့ပါတယ္။ စပါးအသင္းဥကၠဌဒန္နီရယ္လီဗိုင္းကလည္း”ေမာ္ရင္ဟိုေၾကာင့္ ကၽြန္ေတာ္တို႔ဟာ ေဘာလုံးေလာကရဲ႕အေအာင္ျမင္ဆုံးနည္းျပေတြထဲက တစ္ေယာက္ကို ရရွိခဲ့ပါၿပီ။ သူဟာ အေတြ႕အႀကဳံမ်ားစြာ ၾကြယ္၀ၿပီး အသင္းကိုလည္း ေစ့ေဆာ္ေပးႏိုင္ပါတယ္။ သူနည္းျပတဲ့အသင္းတုိင္းကို ဆုဖလားေတြယူေပးခဲ့တာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ေမာ္ရင္ဟိုဟာ သူ႔နည္းျပဘ၀မွာ ေပၚတို၊ခ်ဲလ္ဆီး၊အင္တာမီလန္၊ရီးရဲလ္မက္ဒရစ္န႔ဲမန္ယူတို႔ကို ကိုင္တြယ္ခဲ့ၿပီး ခ်န္ပီယံလိဂ္ ၂ ႀကိမ္၊ ယူရိုပါလိဂ္ ၂ ႀကိမ္နဲ႔ အမွတ္ေပးခ်န္ပီယံဆု ၈ ႀကိမ္ရရွိခဲ့ပါတယ္။ ၿပီးခဲ့တဲ့ဒီဇင္ဘာမွာ မန္ယူကေန ထြက္ခြာၿပီးတဲ့ေနာက္ ရုပ္သံေ၀ဖန္သုံးသပ္သူအျဖစ္ လုပ္ကိုင္ေနၿပီး အခုေတာ့ နည္းျပေလာကထဲ ျပန္ေရာက္လာပါတယ္။ ေမာ္ရင္ဟိုရဲ႕စပါးနည္းျပဘ၀ ပထမဆုံးပြဲကေတာ့ လာမယ့္စေနေန႔ အေစာဆုံးကစားမယ့္ ၀က္စ္ဟမ္းနဲ႔အေ၀းကြင္းပြဲ ျဖစ္ပါတယ္။