နည်းပြသစ်လက်ထက် အသင်းနိုင်၊ ကြေးရှုံးဖြစ်နေတဲ့ဘာစီလိုနာ အသင်းရှုံး၊ ကြေးရှုံးဖြစ်ခဲ့တဲ့ပွဲ (ဗလန်စီယာ ၂-၀ ဘာစီလိုနာ ပွဲပြီးမြင်ကွင်းကျယ်)

Photo Credit

Photo Credit

လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းဟာ နည်းပြသစ် ဆီတီယန်လက်ထက် ပထမဆုံးရှုံးပွဲအဖြစ် မက်စ်တဲလားမှာ အိမ်ရှင်ဗလန်စီယာကို ၂-၀ ဂိုးနဲ့အရေးနိမ့်သွားခဲ့ရပြီး ဗလန်စီယာတိုက်စစ်မှူး မက်ဆီဂိုမက်ဇ်ကတော့ ပွဲချိန်အစောပိုင်းမှာ ပင်နယ်တီလွဲခဲ့ပေမယ့် အနိုင်သေချာစေမယ့် ဒုတိယမြောက်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit

ဗလန်စီယာဟ ဒီပွဲမတိုင်ခင် ဘာစီလိုနာနဲ့ရင်ဆိုင်ခဲ့တဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၁၀ပွဲမှာ ယမန်နှစ်စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲ တစ်ပွဲတည်းသာအနိုင်ခဲ့ပြီး မက်စ်တဲလားမှာလည်း ဘာစီလိုနာကို လိဂ်နိုင်ပွဲမရယူနိုင်တာ ၂၀၀၇ ဖေဖော်ဝါရီနောက်ပိုင်းကတည်းကပါ။

Photo Credit

ဒါပေမဲ့ ဒီတစ်ခါတော့ ဗလန်စီယာအသင်း အစဉ်အလာဆိုးကို အဆုံးသတ်နိုင်ခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာ ဘာစီလိုနာဘယ်နောက်ခံလူ အယ်လ်ဘာက ကိုယ့်ဂိုးကိုယ်သွင်းမိသွားသလို ပွဲပြီးဖို့ ၁၃ မိနစ်အလိုမှာ တိုက်စစ်မှူး ဂိုမက်ဇ်က ဗလန်စီယာအတွက် အဆုံးသတ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit

ဒါတောင် ပထမပိုင်းမှာ မက်ဆီဂိုမက်ဇ်ရဲ့ပင်နယ်တီကန်သွင်းမှုကို ဘာစီလိုနာဂိုးသမား တာစတီဂနန် ကာကွယ်နိုင်ခဲ့လို့ဖြစ်ပြီး ဘာစီလိုနာနည်းပြ ဆီတီယန်က ဆွာရက်ဇ်မပါဝင်နိုင်ချိန်မှာ ၃-၁-၄-၂ ပုံစံနဲ့ ပွဲထွက်ခဲ့ပေမယ့် တိုက်စစ်ပိုင်းက ထင်သလောက်အလုပ်မဖြစ်သေးပါဘူး။

Photo Credit

ဘာစီလိုနာဟာ နည်းပြသစ်လက်ထက် ပွဲတိုင်းစုံအောက်ကစားနေတာဖြစ်ပြီး အရင်၂ပွဲမှာ သူတို့က အသင်းနိုင်၊ ကြေးရှုံးကစားခဲ့ပေမယ့် ဒီပွဲမှာတော့ ကြေးလည်း ဆက်ရှုံး၊ အသင်းလည်း ရှုံးသွားခဲ့တာပါ။

Photo Credit

ပွဲချိန် ၁၂ မိနစ်မှာ ဘာစီလိုနာနောက်ခံလူ ပီကေးရဲ့ဆိုးရွားတဲ့ခံစစ်ကစားမှုကနေ ဗလန်စီယာပင်နယ်တီရခဲ့ပြီး မက်ဆီဂိုမက်ဇ်ရဲ့ကန်သွင်းချက်ကို တာစတီဂန်ကာကွယ်နိုင်ခဲ့လို့သာ ဘာစီလိုနာအသင်း စောစောစီးစီးဦးဆောင်ဂိုးမပေးခဲ့ရတာပါ။

Photo Credit

ဘာစီလိုနာရဲ့ပထမပိုင်းကစားပုံက ပိုဆိုးပြီး တာစတီဂန်လည်း အတော်လေးအလုပ်ရှုပ်ခဲ့ရပါတယ်။ ဒီပွဲမှာ ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့တဲ့ အယ်လ်ဘာလည်း ၂၁ ရာစုအတွင်း ကိုယ့်ဂိုးကိုယ်သွင်းမိမှု အများဆုံးဘာစီလိုနာကစားသမားအဖြစ် ၄ဂိုးနဲ့ ရပ်တည်သွားခဲ့ရပါတယ်။

Photo Credit

အဓိကပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းက တနင်္ဂနွေညကျမှ ဗယ်လာဒိုးလစ်နဲ့ အဝေးကွင်းပွဲကစားရမှာဖြစ်ပြီး အမှတ်ပြည့်ရယူနိုင်ခဲ့ရင် ဘာစီလိုနာကို ကျော်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်မှာဖြစ်ပါတယ်။

Photo Credit

Zawgyi

နည္းျပသစ္လက္ထက္ အသင္းႏိုင္၊ ေၾကး႐ံႈးျဖစ္ေနတဲ့ဘာစီလုိနာ အသင္း႐ံႈး၊ ေၾကး႐ံႈးျဖစ္ခဲ့တဲ့ပြဲ (ဗလန္စီယာ ၂-၀ ဘာစီလုိနာ ပဲြၿပီးျမင္ကြင္းက်ယ္)

လာလီဂါခ်န္ပီယံ ဘာစီလုိနာအသင္းဟာ နည္းျပသစ္ ဆီတီယန္လက္ထက္ ပထမဆုံး႐ႈံးပြဲအျဖစ္ မက္စ္တဲလားမွာ အိမ္ရွင္ဗလန္စီယာကုိ ၂-၀ ဂိုးနဲ႔အေရးနိမ့္သြားခဲ့ရၿပီး ဗလန္စီယာတုိက္စစ္မွဴး မက္ဆီဂိုမက္ဇ္ကေတာ့ ပဲြခ်ိန္အေစာပိုင္းမွာ ပင္နယ္တီလဲြခဲ့ေပမယ့္ အႏိုင္ေသခ်ာေစမယ့္ ဒုတိယေျမာက္ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။
ဗလန္စီယာဟ ဒီပြဲမတုိင္ခင္ ဘာစီလုိနာနဲ႔ရင္ဆုိင္ခဲ့တဲ့ ၿပိဳင္ပဲြစုံေနာက္ဆုံး ၁၀ပြဲမွာ ယမန္ႏွစ္စပိန္ဘုရင့္ဖလား ဗိုလ္လုပြဲ တစ္ပဲြတည္းသာအႏိုင္ခဲ့ၿပီး မက္စ္တဲလားမွာလည္း ဘာစီလုိနာကို လိဂ္ႏိုင္ပဲြမရယူႏိုင္တာ ၂၀၀၇ ေဖေဖာ္၀ါရီေနာက္ပိုင္းကတည္းကပါ။
ဒါေပမဲ့ ဒီတစ္ခါေတာ့ ဗလန္စီယာအသင္း အစဥ္အလာဆုိးကို အဆုံးသတ္ႏိုင္ခဲ့ၿပီး ပထမပိုင္းၿပီးခါနီးမွာ ဘာစီလုိနာဘယ္ေနာက္ခံလူ အယ္လ္ဘာက ကိုယ့္ဂုိးကုိယ္သြင္းမိသြားသလုိ ပြဲၿပီးဖို႔ ၁၃ မိနစ္အလုိမွာ တုိက္စစ္မွဴး ဂိုမက္ဇ္က ဗလန္စီယာအတြက္ အဆံုးသတ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
ဒါေတာင္ ပထမပိုင္းမွာ မက္ဆီဂိုမက္ဇ္ရဲ႕ပင္နယ္တီကန္သြင္းမႈကို ဘာစီလုိနာဂိုးသမား တာစတီဂနန္ ကာကြယ္ႏိုင္ခဲ့လုိ႔ျဖစ္ၿပီး ဘာစီလုိနာနည္းျပ ဆီတီယန္က ဆြာရက္ဇ္မပါ၀င္ႏုိင္ခ်ိန္မွာ ၃-၁-၄-၂ ပုံစံနဲ႔ ပြဲထြက္ခဲ့ေပမယ့္ တုိက္စစ္ပိုင္းက ထင္သေလာက္အလုပ္မျဖစ္ေသးပါဘူး။
ဘာစီလုိနာဟာ နည္းျပသစ္လက္ထက္ ပဲြတိုင္းစုံေအာက္ကစားေနတာျဖစ္ၿပီး အရင္၂ပြဲမွာ သူတုိ႔က အသင္းႏိုင္၊ ေၾကး႐ံႈးကစားခဲ့ေပမယ့္ ဒီပဲြမွာေတာ့ ေၾကးလည္း ဆက္႐ံႈး၊ အသင္းလည္း ႐ံႈးသြားခဲ့တာပါ။
ပြဲခ်ိန္ ၁၂ မိနစ္မွာ ဘာစီလုိနာေနာက္ခံလူ ပီေကးရဲ႕ဆုိးရြားတဲ့ခံစစ္ကစားမႈကေန ဗလန္စီယာပင္နယ္တီရခဲ့ၿပီး မက္ဆီဂိုမက္ဇ္ရဲ႕ကန္သြင္းခ်က္ကို တာစတီဂန္ကာကြယ္ႏုိင္ခဲ့လုိ႔သာ ဘာစီလုိနာအသင္း ေစာေစာစီးစီးဦးေဆာင္ဂိုးမေပးခဲ့ရတာပါ။
ဘာစီလုိနာရဲ႕ပထမပိုင္းကစားပုံက ပိုဆုိးၿပီး တာစတီဂန္လည္း အေတာ္ေလးအလုပ္႐ႈပ္ခဲ့ရပါတယ္။ ဒီပြဲမွာ ကိုယ့္ဂိုးကိုယ္သြင္းယူမိခဲ့တ့ဲ အယ္လ္ဘာလည္း ၂၁ ရာစုအတြင္း ကိုယ့္ဂိုးကုိယ္သြင္းမိမႈ အမ်ားဆုံးဘာစီလုိနာကစားသမားအျဖစ္ ၄ဂိုးနဲ႔ ရပ္တည္သြားခဲ့ရပါတယ္။
အဓိကၿပိဳင္ဘက္ ရီးရဲလ္မက္ဒရစ္အသင္းက တနဂၤေႏြညက်မွ ဗယ္လာဒိုးလစ္နဲ႔ အေ၀းကြင္းပဲြကစားရမွာျဖစ္ၿပီး အမွတ္ျပည့္ရယူႏိုင္ခဲ့ရင္ ဘာစီလုိနာကို ေက်ာ္ျဖတ္ကာ အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္မွာျဖစ္ပါတယ္။