နည်းပြသစ်ရာထူးအတွက် အလျင်မလိုဘူးလို့ ဘိုင်ယန်ဥက္ကဋ္ဌအူလီဟိုးနက်စ်ပြော

Photo- Internet
Photo- Internet

ဘိုင်ယန်မြူ းနစ်အသင်းနည်းပြ အူလီဟိုးနက်စ် ထုတ်ပယ်လိုက်တဲ့နည်းပြ နီကိုကိုဗက်ရဲ့နေရာမှာ အစားထိုးရမယ့်နည်းပြကို ရှာဖွေနေပေမယ့် သူတို့မှာအချိန်ရှိနေသေးတဲ့အတွက် အလျင်လိုမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

ဘိုင်ယန်ဟာပြီးခဲ့တဲ့ စနေနေ့က ဖရန့်ဖတ်ကို ၅-၁ နဲ့ရှုံးခဲ့ပြီး ၂၄ နာရီအကြာမှာ နည်းပြ ကိုဗက်ကို ရာထူးကနေထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ လက်ရှိမှာ ဘိုင်ယန်ဟာ မော်ရင်ဟို၊ တူချယ်၊ အယ်လီဂရီတို့နဲ့ သတင်းတွေထွက်နေပေမယ့် နိုင်ငံတကာပွဲတွေကြောင့် ၃ ပတ်လောက်အချိန်ရတဲ့အတွက် နည်းပြသစ်ကို အလျင်စလိုခန့်အပ်မှာ မဟုတ်ဖူးလို့ ဟိုးနက်စ်ပြောပါတယ်။

Photo- Internet(ဟန္းစ္ဖလစ္)

ဘိုင်ယန်ဟာ လက်ရှိမှာ ယာယီနည်းပြအဖြစ် ဟန်းစ်ဖလစ်ကို ခန့်အပ်ထားပြီးလက်ထောက်အဖြစ် ဝါရင့်နည်းပြ ဟာမန်းဂါလန်းကို တာဝန်ပေးထားပါတယ်။ ဂါလန်းဟာ ဗန်ဂေါလ်၊ ဟေးကက်စ်၊ ဂွာဒီယိုလာ၊ အန်စလော့တီတို့နဲ့အတူ လက်တွဲခဲ့ဘူးသူလည်းဖြစ်လို့ ကလပ်ရဲ့အကြောင်းကို ကောင်းစွာသိရှိသူဖြစ်ပါတယ်။

Photo- Internet(ဟာမန္းဂါလန္း)

လာမယ့်တစ်ပတ်ပွဲစဉ်တွေပြီးရင် နိုင်ငံတကာပွဲတွေရောက်လာမှာဖြစ်လို့ သူတို့အတွက် ၃ ပတ်လောက်အချိန်ရနေလို့ သေချာစဉ်းစားသွားမယ်လို့ ဟိုးနက်စ်ကရှင်းပြခဲ့ပါတယ်။ သူက”နည်းပြသစ်ရာထူးနဲ့ ပတ်သက်ပြီးပြောဆိုနေကြတာတွေ အများကြီးရှိခဲ့ပါတယ်။ လာမယ့်သီတင်းပတ်မှာ ဘာဖြစ်လာမလဲဆိုတာ ကျွန်တော်မပြောနိုင်သေးပါဘူး။

Photo- Internet

ဒါပေမယ့် နည်းပြသစ်ခန့်ဖို့ ၃ ပတ်တောင်အချိန်ရနေလို့ လောလောဆယ်မှာ အရမ်းအရေးကြီးတဲ့ ကိစ္စလည်းမဟုတ်ပါဘူး။ ကိုဗက်ကိုထုတ်ပယ်ခဲ့ပေမယ့် ကျွန်တော်တို့ကြားမှာ နှစ်ဖက်သဘောတူညီချက်ရရှိခဲ့တာဖြစ်လို့ ဆက်ဆံရေးကောင်းနေဆဲပါဘဲ။ ဒါကြောင့် ကိုဗက်နဲ့ကျွန်တော်တို့အကြားမှာ ညစ်ပတ်တဲ့အဝတ်တွေကိုလျှော်စရာလည်းမရှိပါဘူး။ ဒီကနေ့တင် သူနဲ့ဖုန်းပြောဖြစ်ခဲ့ပါသေးတယ်” လို့ပြောသွားပါတယ်။

Photo- Internet

Zawgyi

နည္းျပသစ္ရာထူးအတြက္ အလ်င္မလိုဘူးလို႔ ဘိုင္ယန္ဥကၠ႒အူလီဟိုးနက္စ္ေျပာ

ဘိုင္ယန္ျမဴ းနစ္အသင္းနည္းျပ အူလီဟိုးနက္စ္ ထုတ္ပယ္လိုက္တဲ႔နည္းျပ နီကိုကိုဗက္ရဲ႕ေနရာမွာ အစားထိုးရမယ္႔နည္းျပကို ရွာေဖြေနေပမယ္႔ သူတို႔မွာအခ်ိန္ရွိေနေသးတဲ႔အတြက္ အလ်င္လိုမွာ မဟုတ္ဘူးလို႔ ေျပာၾကားလိုက္ပါတယ္။

ဘိုင္ယန္ဟာၿပီးခဲ့တဲ႔ စေနေန႔က ဖရန္႔ဖတ္ကို ၅-၁ နဲ႔ရႈံးခဲ့ၿပီး ၂၄ နာရီအၾကာမွာ နည္းျပ ကိုဗက္ကို ရာထူးကေနထုတ္ပယ္လိုက္တာျဖစ္ပါတယ္။ လက္ရွိမွာ ဘိုင္ယန္ဟာ ေမာ္ရင္ဟို၊ တူခ်ယ္၊ အယ္လီဂရီတို႔နဲ႔ သတင္းေတြထြက္ေနေပမယ္႔ ႏိုင္ငံတကာပြဲေတြေၾကာင့္ ၃ ပတ္ေလာက္အခ်ိန္ရတဲ႔အတြက္ နည္းျပသစ္ကို အလ်င္စလိုခန္႔အပ္မွာ မဟုတ္ဖူးလို႔ ဟိုးနက္စ္ေျပာပါတယ္။

ဘိုင္ယန္ဟာ လက္ရွိမွာ ယာယီနည္းျပအျဖစ္ ဟန္းစ္ဖလစ္ကို ခန္႔အပ္ထားၿပီးလက္ေထာက္အျဖစ္ ၀ါရင့္နည္းျပ ဟာမန္းဂါလန္းကို တာ၀န္ေပးထားပါတယ္။ ဂါလန္းဟာ ဗန္ေဂါလ္၊ ေဟးကက္စ္၊ ဂြာဒီယိုလာ၊ အန္စေလာ႔တီတို႔နဲ႔အတူ လက္တြဲခဲ့ဘူးသူလည္းျဖစ္လို႔ ကလပ္ရဲ႕အေၾကာင္းကို ေကာင္းစြာသိရွိသူျဖစ္ပါတယ္။

လာမယ္႔တစ္ပတ္ပြဲစဥ္ေတြၿပီးရင္ ႏိုင္ငံတကာပြဲေတြေရာက္လာမွာျဖစ္လို႔ သူတို႔အတြက္ ၃ ပတ္ေလာက္အခ်ိန္ရေနလို႔ ေသခ်ာစဥ္းစားသြားမယ္လို႔ ဟိုးနက္စ္ကရွင္းျပခဲ့ပါတယ္။ သူက”နည္းျပသစ္ရာထူးနဲ႔ ပတ္သက္ၿပီးေျပာဆိုေနၾကတာေတြ အမ်ားႀကီးရွိခဲ့ပါတယ္။ လာမယ္႔သီတင္းပတ္မွာ ဘာျဖစ္လာမလဲဆိုတာ က်ြန္ေတာ္မေျပာႏိုင္ေသးပါဘူး။

ဒါေပမယ္႔ နည္းျပသစ္ခန္႔ဖို႔ ၃ ပတ္ေတာင္အခ်ိန္ရေနလို႔ ေလာေလာဆယ္မွာ အရမ္းအေရးႀကီးတဲ႔ ကိစၥလည္းမဟုတ္ပါဘူး။ ကိုဗက္ကိုထုတ္ပယ္ခဲ့ေပမယ္႔ က်ြန္ေတာ္တို႔ၾကားမွာ ႏွစ္ဖက္သေဘာတူညီခ်က္ရရွိခဲ့တာျဖစ္လို႔ ဆက္ဆံေရးေကာင္းေနဆဲပါဘဲ။ ဒါေၾကာင့္ ကိုဗက္နဲ႔က်ြန္ေတာ္တို႔အၾကားမွာ ညစ္ပတ္တဲ႔အ၀တ္ေတြကိုေလွ်ာ္စရာလည္းမရွိပါဘူး။ ဒီကေန႔တင္ သူနဲ႔ဖုန္းေျပာျဖစ္ခဲ့ပါေသးတယ္” လို႔ေျပာသြားပါတယ္။