နည်းပြသစ်ဂျရတ်ရဲ့လက်ထက်မှာ ဗီလာအသင်း ဘယ်အဆင့်ရပ်တည်နိုင်မလဲဆိုတာ စူပါကွန်ပြူတာတွက်ချက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အက်စတွန်ဗီလာအသင်းဟာ နည်းပြသစ်စတီဗင်ဂျရတ်ရဲ့လက်ထက်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဘယ်အဆင့် ရပ်တည်နိုင်မလဲဆိုတာ စူပါကွန်ပြူတာက တွက်ချက်ခဲ့ပြီး ထွက်လာတဲ့ရလဒ်ကတော့ အားရစရာသိပ်မရှိပါဘူး။

အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ်(၅)ပွဲဆက်တိုက်ရှုံးပွဲကြုံတွေ့ခဲ့ပြီးတဲ့နောက် ဒင်းစမစ်ကို ရာထူးကထုတ်ပယ်ခဲ့ပြီး

စကော့တလန်ထိပ်သီးကလပ်ရိန်းဂျားစ်အသင်းနဲ့ ဆုဖလားအောင်မြင်မှုတွေရယူခဲ့တဲ့ လီဗာပူးလ်ဂန္ထဝင်ဂျရတ်ကို (၂)နှစ်ခွဲစာချုပ်နဲ့နည်းပြသစ်ခန့်အပ်လိုက်တာဖြစ်ပါတယ်။

ဂျရတ်အနေနဲ့ ဦးစားပေးလုပ်ဆောင်ရမှာက အက်စတွန်ဗီလာအသင်းကို ဒီရာသီကုန်ကျရင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆက်လက်ရပ်တည်နိုင်အောင်ကြိုးစားရမှာဖြစ်ပြီး

အခုလောလောဆယ် အက်စတွန်ဗီလာအသင်းဟာ (၁၁)မှတ်ရရှိထားတာကြောင့် တန်းဆင်းဇုန်ထဲက ဘန်လေနဲ့(၂)မှတ်အကွာ အဆင့်(၁၆)နေရာမှာရပ်တည်နေပါတယ်။

ဗြိတိန်နာမည်ကျော် ဘွတ်ကီဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ bettingexpert က သူတို့ရဲ့စူပါကွန်ပြူတာကို အသုံးပြုပြီး ဂျရတ်လက်ထက်မှာ အက်စတွန်ဗီလာအသင်းရဲ့အနေအထား

ဘယ်လောက်အထိရောက်နိုင်မလဲဆိုတာ တွက်ချက်ခဲ့တာမှာတော့ အက်စတွန်ဗီလာအသင်းဟာ ဂျရတ်ကို နည်းပြသစ်ခန့်အပ်ခဲ့ပေမယ့် တန်းဆင်းရမယ့်အန္တရာယ်နဲ့ရင်ဆိုင်ရဦးမှာဖြစ်တယ်လို့ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်း ဒီရာသီကုန်မှာ တန်းဆင်းနိုင်ဖို့ဖြစ်နိုင်ခြေက (၅ လေး/ ၁ လေး)ရှိနေပြီး နောဝစ်ချ်၊ ဘရန့်ဖို့ဒ်၊ ဘန်လေ၊ နယူးကာဆယ်၊ ဝက်ဖို့ဒ်တို့နဲ့အတူ တန်းမဆင်းရအောင်အပြိုင်ရုန်းကန်ရဖို့ရှိတယ်လို့ စူပါကွန်ပြူတာက တွက်ချက်ဖော်ပြခဲ့ပါတယ်။

ဂျရတ်ဟာ လာမယ့်နိုဝင်ဘာ(၂၀)ရက်ကျရင် ဘရိုက်တန်နဲ့ကစားမယ့်ပရီးမီးယားလိဂ်ပွဲမှာ အသင်းကိုစတင်ကိုင်တွယ်သွားမှာဖြစ်ပြီး

သူ့ရဲ့ပထမဆုံး(၅)ပွဲမှာ ပဲလေ့စ်(အဝေး)၊ မန်စီးတီး(အိမ်)၊ လက်စတာ(အိမ်)၊ လီဗာပူးလ်(အဝေး)တို့နဲ့ကစားရမှာဖြစ်လို့ နည်းပြဘဝအစပိုင်းမှာပဲ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

နည္းျပသစ္ဂ်ရတ္ရဲ႕လက္ထက္မွာ ဗီလာအသင္း ဘယ္အဆင့္ရပ္တည္ႏိုင္မလဲဆိုတာ စူပါကြန္ျပဴတာတြက္ခ်က္

အက္စတြန္ဗီလာအသင္းဟာ နည္းျပသစ္စတီဗင္ဂ်ရတ္ရဲ႕လက္ထက္မွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားဘယ္အဆင့္ ရပ္တည္ႏိုင္မလဲဆိုတာ စူပါကြန္ျပဴတာက တြက္ခ်က္ခဲ့ၿပီး ထြက္လာတဲ့ရလဒ္ကေတာ့ အားရစရာသိပ္မရွိပါဘူး။

အက္စတြန္ဗီလာအသင္းဟာ ပရီးမီးယားလိဂ္(၅)ပြဲဆက္တိုက္ရႈံးပြဲႀကဳံေတြ႕ခဲ့ၿပီးတဲ့ေနာက္ ဒင္းစမစ္ကို ရာထူးကထုတ္ပယ္ခဲ့ၿပီး စေကာ့တလန္ထိပ္သီးကလပ္ရိန္းဂ်ားစ္အသင္းနဲ႔ ဆုဖလားေအာင္ျမင္မႈေတြရယူခဲ့တဲ့ လီဗာပူးလ္ဂႏၴဝင္ဂ်ရတ္ကို (၂)ႏွစ္ခြဲစာခ်ဳပ္နဲ႔နည္းျပသစ္ခန႔္အပ္လိုက္တာျဖစ္ပါတယ္။ ဂ်ရတ္အေနနဲ႔ ဦးစားေပးလုပ္ေဆာင္ရမွာက အက္စတြန္ဗီလာအသင္းကို ဒီရာသီကုန္က်ရင္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ဆက္လက္ရပ္တည္ႏိုင္ေအာင္ႀကိဳးစားရမွာျဖစ္ၿပီး အခုေလာေလာဆယ္ အက္စတြန္ဗီလာအသင္းဟာ (၁၁)မွတ္ရရွိထားတာေၾကာင့္ တန္းဆင္းဇုန္ထဲက ဘန္ေလနဲ႔(၂)မွတ္အကြာ အဆင့္(၁၆)ေနရာမွာရပ္တည္ေနပါတယ္။

ၿဗိတိန္နာမည္ေက်ာ္ ဘြတ္ကီဝက္ဘ္ဆိုက္တစ္ခုျဖစ္တဲ့ bettingexpert က သူတို႔ရဲ႕စူပါကြန္ျပဴတာကို အသုံးျပဳၿပီး ဂ်ရတ္လက္ထက္မွာ အက္စတြန္ဗီလာအသင္းရဲ႕အေနအထား ဘယ္ေလာက္အထိေရာက္ႏိုင္မလဲဆိုတာ တြက္ခ်က္ခဲ့တာမွာေတာ့ အက္စတြန္ဗီလာအသင္းဟာ ဂ်ရတ္ကို နည္းျပသစ္ခန႔္အပ္ခဲ့ေပမယ့္ တန္းဆင္းရမယ့္အႏၲရာယ္နဲ႔ရင္ဆိုင္ရဦးမွာျဖစ္တယ္လို႔ ရလဒ္ထြက္ေပၚခဲ့ပါတယ္။

အက္စတြန္ဗီလာအသင္း ဒီရာသီကုန္မွာ တန္းဆင္းႏိုင္ဖို႔ျဖစ္ႏိုင္ေျခက (၅ ေလး/ ၁ ေလး)ရွိေနၿပီး ေနာဝစ္ခ်္၊ ဘရန႔္ဖို႔ဒ္၊ ဘန္ေလ၊ နယူးကာဆယ္၊ ဝက္ဖို႔ဒ္တို႔နဲ႔အတူ တန္းမဆင္းရေအာင္အၿပိဳင္႐ုန္းကန္ရဖို႔ရွိတယ္လို႔ စူပါကြန္ျပဴတာက တြက္ခ်က္ေဖာ္ျပခဲ့ပါတယ္။ ဂ်ရတ္ဟာ လာမယ့္ႏိုဝင္ဘာ(၂၀)ရက္က်ရင္ ဘ႐ိုက္တန္နဲ႔ကစားမယ့္ပရီးမီးယားလိဂ္ပြဲမွာ အသင္းကိုစတင္ကိုင္တြယ္သြားမွာျဖစ္ၿပီး သူ႔ရဲ႕ပထမဆုံး(၅)ပြဲမွာ ပဲေလ့စ္(အေဝး)၊ မန္စီးတီး(အိမ္)၊ လက္စတာ(အိမ္)၊ လီဗာပူးလ္(အေဝး)တို႔နဲ႔ကစားရမွာျဖစ္လို႔ နည္းျပဘဝအစပိုင္းမွာပဲ စိန္ေခၚမႈေတြနဲ႔ရင္ဆိုင္ရမွာျဖစ္ပါတယ္။