နည်းပြရဲ့မှာကြားချက်တွေ မပေါက်ကြားစေဖို့ ပြုလုပ်ခဲ့တဲ့ အင်န်ဒီယာယေးရဲ့ အပြုအမူ လူမှုမီဒီယာမှာ ရေပန်းစားနေ

Photo Credit

ထရက်ဇွန်စပေါအသင်းကွင်းလယ်လူ ဘာဒူအင်န်ဒီယာယေးဟာ သူ့အသင်းရဲ့ နည်းစနစ်တွေ ပြိုင်ဘက်အသင်းဘက်က မသိအောင် အလုံခြုံဆုံးဖြစ်သွားစေဖို့အတွက် အဲဒီစာရွက်ကို ဝါးစားခဲ့ပြီး လူမှုမီဒီယာမှာလည်း အတော်လေးရေပန်းစားသွားပါတယ်။

Photo Credit

အသက် ၂၉နှစ်အရွယ်ရှိ အင်န်ဒီယာယေးဟာ ဂါဇီယန်တက်အသင်းနဲ့ကစားခဲ့တဲ့ပွဲရဲ့ ဒုတိယပိုင်းမှာ နည်းပြဖြစ်သူ စင်ဆီယာက သူ့ဆီ နည်းစနစ်ပိုင်းတွေ ရေးထားတဲ့စာရွက်ကို အသင်းဖော်တစ်ဦးကနေ ပေးပို့လိုက်ပါတယ်။ ပထမတော့ သူဟာ ကွင်းလယ်မှာ ဘောလုံးပေးပို့မှုတွေ ပြုလုပ်ခဲ့ပြီးနောက် နည်းစနစ်စာရွက်ကို မှတ်မိနေအောင် သေချာကြည့်ပါတယ်။

Photo Credit

ဒါပေမဲ့ စာရွက်ကို သေချာဖတ်ရှုပြီးနောက် အဲဒီစာရွက်ကို ဘယ်လိုလုပ်ရမလဲဆိုတာ ဝေခွဲမရဖြစ်သွားတာလား ဒါမှမဟုတ် ဗိုက်ထဲမှာ ဆာသလိုလိုခံစားရလို့လားမသိ။ သူဟာ အဲဒီစာရွက်ကို ပုံမှန်အတိုင်း ခြေအိတ်ထဲမထည့်ဘဲ ပါးစပ်ထဲ ဝါးစားလိုက်ပါတယ်။

Photo Credit

တွစ်တာမှာလည်း ပရိသတ်တွေက အဲဒီဗီဒီယိုဖိုင်ကြည့်ပြီး အသီးသီးမှတ်ချက်ရေးသားခဲ့ပါတယ်။ ”ဘယ်လောက်များ သစ္စာရှိလိုက်လဲနော်”။ ”မင်းရဲ့ခြေအိတ်ထဲ အသာလေးထည့်လိုက်လို့ရတာကိုများကွာ”လို့ ပရိသတ်တွေက အသီးသီးရေးသားခဲ့ပါတယ်။

Photo Credit

ဒီလိုပြုလုပ်ခဲ့ပေမယ့် ထရက်ဇွန်စပေါအသင်းကတော့ အနိုင်ဂိုးမရခဲ့ဘဲ ဂါဇီယန်တက်အသင်းနဲ့ ၁-၁ ဂိုးသရေကျခဲ့ပါတယ်။ အင်န်ဒီယာယေးဟာ စတုတ်စီးတီးကနေ ထရက်ဇွန်စပေါကို ၆လအငှားစာချုပ်နဲ့ လာရောက်ကစားနေတာဖြစ်ပြီး မကြာသေးခင်က စတာရစ်ချ်ကို အသင်းကနေ ထွက်ခွာခွင့်ပြုခဲ့တဲ့ ထရက်ဇွန်စပေါအသင်းဟာ ၁၉၈၄ နောက်ပိုင်း ပထမဆုံးအမှတ်ပေးချန်ပီယံဖြစ်ဖို့ ကြိုးစားနေပါတယ်။

Photo Credit

သူတို့ဟာ လက်ရှိအချိန်မှာ ဒုတိယနေရာ ရောက်နေပေမယ့် အမှတ်ပေးဇယားထိပ်ဆုံးက အစ္စတန်ဘူလ်ဘက်စ်ကီးရှီးယားနဲ့ ၃ မှတ်ကွာနေပြီး ထရက်ဇွန်စပေါအသင်းက ၁ပွဲလျော့နေလို့ ၇ကြိမ်မြောက်ချန်ပီယံဖြစ်ဖို့က မျှော်လင့်ချက်ရှိနေပါတယ်။

Photo Credit

ဆီနီဂေါလက်ရွေးစင် အင်န်ဒီယာယေးဟာ ၂၀၁၇-၁၈၊ ၂၀၁၈-၁၉ ရာသီတွေမှာ ဂါလာတာစာရေးအသင်းနဲ့အတူ တူရကီမှာ ကစားခဲ့ဖူးပြီး သူ့အနေနဲ့ ၂၀၁၈ ဇန်နဝါရီလက စတုတ်ကို ပေါင် ၁၄သန်းနဲ့ ရောက်ရှိလာပြီးနောက် အင်္ဂလန်မှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

https://twitter.com/Footyments/status/1236610110870425601

Video Credit

Zawgyi

နည္းျပရဲ႕မွာၾကားခ်က္ေတြ မေပါက္ၾကားေစဖုိ႔ ျပဳလုပ္ခဲ့တဲ့ အင္န္ဒီယာေယးရဲ႕ အျပဳအမူ လူမႈမီဒီယာမွာ ေရပန္းစားေန

ထရက္ဇြန္စေပါအသင္းကြင္းလယ္လူ ဘာဒူအင္န္ဒီယာေယးဟာ သူ႕အသင္းရဲ႕ နည္းစနစ္ေတြ ၿပိဳင္ဘက္အသင္းဘက္က မသိေအာင္ အလုံၿခံဳဆုံးျဖစ္သြားေစဖို႔အတြက္ အဲဒီစာရြက္ကို ၀ါးစားခဲ့ၿပီး လူမႈမီဒီယာမွာလည္း အေတာ္ေလးေရပန္းစားသြားပါတယ္။
အသက္ ၂၉ႏွစ္အရြယ္ရွိ အင္န္ဒီယာေယးဟာ ဂါဇီယန္တက္အသင္းနဲ႔ကစားခဲ့တ့ဲပြဲရဲ႕ ဒုတိယပိုင္းမွာ နည္းျပျဖစ္သူ စင္ဆီယာက သူ႕ဆီ နည္းစနစ္ပိုင္းေတြ ေရးထားတဲ့စာရြက္ကို အသင္းေဖာ္တစ္ဦးကေန ေပးပို႔လုိက္ပါတယ္။ ပထမေတာ့ သူဟာ ကြင္းလယ္မွာ ေဘာလုံးေပးပို႔မႈေတြ ျပဳလုပ္ခဲ့ၿပီးေနာက္ နည္းစနစ္စာရြက္ကို မွတ္မိေနေအာင္ ေသခ်ာၾကည့္ပါတယ္။
ဒါေပမဲ့ စာရြက္ကို ေသခ်ာဖတ္႐ႈၿပီးေနာက္ အဲဒီစာရြက္ကို ဘယ္လုိလုပ္ရမလဲဆုိတာ ေ၀ခြဲမရျဖစ္သြားတာလား ဒါမွမဟုတ္ ဗုိက္ထဲမွာ ဆာသလုိလုိခံစားရလုိ႔လားမသိ။ သူဟာ အဲဒီစာရြက္ကုိ ပုံမွန္အတုိင္း ေျခအိတ္ထဲမထည့္ဘဲ ပါးစပ္ထဲ ၀ါးစားလုိက္ပါတယ္။
တြစ္တာမွာလည္း ပရိသတ္ေတြက အဲဒီဗီဒီယုိဖိုင္ၾကည့္ၿပီး အသီးသီးမွတ္ခ်က္ေရးသားခဲ့ပါတယ္။ ”ဘယ္ေလာက္မ်ား သစၥာရွိလိုက္လဲေနာ္”။ ”မင္းရဲ႕ေျခအိတ္ထဲ အသာေလးထည့္လုိက္လို႔ရတာကိုမ်ားကြာ”လုိ႔ ပရိသတ္ေတြက အသီးသီးေရးသားခဲ့ပါတယ္။
ဒီလုိျပဳလုပ္ခဲ့ေပမယ့္ ထရက္ဇြန္စေပါအသင္းကေတာ့ အႏိုင္ဂိုးမရခဲ့ဘဲ ဂါဇီယန္တက္အသင္းနဲ႔ ၁-၁ ဂိုးသေရက်ခဲ့ပါတယ္။ အင္န္ဒီယာေယးဟာ စတုတ္စီးတီးကေန ထရက္ဇြန္စေပါကို ၆လအငွားစာခ်ဳပ္နဲ႔ လာေရာက္ကစားေနတာျဖစ္ၿပီး မၾကာေသးခင္က စတာရစ္ခ်္ကို အသင္းကေန ထြက္ခြာခြင့္ျပဳခဲ့တဲ့ ထရက္ဇြန္စေပါအသင္းဟာ ၁၉၈၄ ေနာက္ပိုင္း ပထမဆုံးအမွတ္ေပးခ်န္ပီယံျဖစ္ဖို႔ ႀကိဳးစားေနပါတယ္။
သူတုိ႔ဟာ လက္ရွိအခ်ိန္မွာ ဒုတိယေနရာ ေရာက္ေနေပမယ့္ အမွတ္ေပးဇယားထိပ္ဆုံးက အစၥတန္ဘူလ္ဘက္စ္ကီးရွီးယားနဲ႔ ၃ မွတ္ကြာေနၿပီး ထရက္ဇြန္စေပါအသင္းက ၁ပဲြေလ်ာ့ေနလုိ႔ ၇ႀကိမ္ေျမာက္ခ်န္ပီယံျဖစ္ဖုိ႔က ေမွ်ာ္လင့္ခ်က္ရွိေနပါတယ္။
ဆီနီေဂါလက္ေရြးစင္ အင္န္ဒီယာေယးဟာ ၂၀၁၇-၁၈၊ ၂၀၁၈-၁၉ ရာသီေတြမွာ ဂါလာတာစာေရးအသင္းနဲ႔အတူ တူရကီမွာ ကစားခဲ့ဖူးၿပီး သူ႕အေနနဲ႔ ၂၀၁၈ ဇန္န၀ါရီလက စတုတ္ကို ေပါင္ ၁၄သန္းနဲ႔ ေရာက္ရွိလာၿပီးေနာက္ အဂၤလန္မွာ ေျခစြမ္းျပႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။