နည်းပြရာထူးအတွက် ယူနိုက်တက်အသင်းဆီက ကမ်းလှမ်းမှုကို စောင့်မျှော်နေဆဲဖြစ်တဲ့ ကွန်တီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချယ်လ်ဆီးနဲ့အင်တာမီလန်နည်းပြဟောင်းကွန်တီဟာ နယူးကာဆယ်အသင်းကို,ကိုင်တွယ်မှာမဟုတ်ဘဲ

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြရာထူးအတွက် ကမ်းလှမ်းမှုကိုသာ စောင့်ဆိုင်းသွားဖို့ရှိနေတယ်လို့ သတင်းထွက်နေပါတယ်။

နယူးကာဆယ်အသင်းကို ဆော်ဒီသန်းကြွယ်သူဌေးတွေဝယ်ယူခဲ့ပြီးတဲ့နောက် နည်းပြစတိဗ်ဘရုစ်ကို ရာထူးကထုတ်ပယ်ပြီး နည်းပြသစ်အဖြစ်ကွန်တီကို ခန့်အပ်ဖို့ပစ်မှတ်ထားနေပေမယ့်

ကွန်တီကတော့ နယူးကာဆယ်အသင်းနည်းပြရာထူးအပေါ် စိတ်မဝင်စားဘူးလို့ ဗြိတိန်နာမည်ကျော်သတင်းစာ The Sun က သုံးသပ်ခဲ့ပါတယ်။

ဒါ့အပြင် အီတလီလူမျိုးဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဖာဘီယိုဆန်တီနီက ကွန်တီဟာ ယူနိုက်တက်အသင်းနည်းပြရာထူးအတွက် ကမ်းလှမ်းမှုကို စောင့်မျှော်နေတယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ဆန်တီနီက “ကွန်တီဟာ နယူးကာဆယ်အသင်းရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။

အကြောင်းရင်းကတော့ သူဟာ ယူနိုက်တက်အသင်းဆီက ကမ်းလှမ်းမှုကို စောင့်မျှော်နေလို့ပါပဲ”လို့ဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး(၅)ပွဲမှာ(၁)ပွဲသာအနိုင်ရခဲ့ပြီး ပြီးခဲ့တဲ့လက်စတာနဲ့ပွဲမှာ စိတ်ပျက်စရာခြေစွမ်းနဲ့အတူ (၄-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့်

ပရီးမီးယားလိဂ်အဝေးကွင်းရှုံးပွဲမရှိစံချိန် ရပ်တန့်ခဲ့သလို ပရီးမီးယားလိဂ်(၃)ပွဲဆက်နိုင်ပွဲပျောက်ခဲ့တဲ့အတွက် နည်းပြဆိုးလ်ရှားအတွက် ဖိအားများနေပြီဖြစ်ပါတယ်။

အသက်(၅၂)နှစ်အရွယ်ရှိပြီဖြစ်သူ ကွန်တီဟာ နည်းပြဘဝတစ်လျှောက် ဆုဖလားအောင်မြင်မှုတွေအများကြီးရယူခဲ့ပြီး ဂျူဗင်တပ်စ်နည်းပြဘဝမှာ စီးရီးအေချန်ပီယံ(၃)ကြိမ်၊

ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ FA ဖလားတွေ ရယူခဲ့တဲ့အပြင် ပြီးခဲ့တဲ့ရာသီကလည်း အင်တာမီလန်အသင်းအတွက် ဆယ်စုနှစ်တစ်ခုကြာဝေးကွာနေတဲ့ စီးရီးအေဖလားရယူနိုင်ခဲ့ပါတယ်။

အခုလောလောဆယ် ယူနိုက်တက်ဘုတ်အဖွဲ့က ဆိုးလ်ရှားအပေါ် ထောက်ခံမှုရှိနေဆဲဖြစ်ပေမယ့်

ယူနိုက်တက်အသင်းဟာ လာမယ့်ပြိုင်ပွဲစုံမှာ ပွဲကျပ်တွေနဲ့ဆက်တိုက်ကစားရမှာဖြစ်လို့ ရလဒ်မကောင်းခဲ့ရင်တော့ ဆိုးလ်ရှားရဲ့အနာဂတ်က သေချာမှုမရှိတော့ဘူးလို့ သတ်မှတ်ရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

နည္းျပရာထူးအတြက္ ယူႏိုက္တက္အသင္းဆီက ကမ္းလွမ္းမႈကို ေစာင့္ေမွ်ာ္ေနဆဲျဖစ္တဲ့ ကြန္တီ

ခ်ယ္လ္ဆီးနဲ႔အင္တာမီလန္နည္းျပေဟာင္းကြန္တီဟာ နယူးကာဆယ္အသင္းကို,ကိုင္တြယ္မွာမဟုတ္ဘဲ မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပရာထူးအတြက္ ကမ္းလွမ္းမႈကိုသာ ေစာင့္ဆိုင္းသြားဖို႔ရွိေနတယ္လို႔ သတင္းထြက္ေနပါတယ္။ နယူးကာဆယ္အသင္းကို ေဆာ္ဒီသန္းႂကြယ္သူေဌးေတြဝယ္ယူခဲ့ၿပီးတဲ့ေနာက္ နည္းျပစတိဗ္ဘ႐ုစ္ကို ရာထူးကထုတ္ပယ္ၿပီး နည္းျပသစ္အျဖစ္ကြန္တီကို ခန႔္အပ္ဖို႔ပစ္မွတ္ထားေနေပမယ့္ ကြန္တီကေတာ့ နယူးကာဆယ္အသင္းနည္းျပရာထူးအေပၚ စိတ္မဝင္စားဘူးလို႔ ၿဗိတိန္နာမည္ေက်ာ္သတင္းစာ The Sun က သုံးသပ္ခဲ့ပါတယ္။

ဒါ့အျပင္ အီတလီလူမ်ိဳးဂ်ာနယ္လစ္တစ္ဦးျဖစ္တဲ့ ဖာဘီယိုဆန္တီနီက ကြန္တီဟာ ယူႏိုက္တက္အသင္းနည္းျပရာထူးအတြက္ ကမ္းလွမ္းမႈကို ေစာင့္ေမွ်ာ္ေနတယ္လို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။ ဆန္တီနီက “ကြန္တီဟာ နယူးကာဆယ္အသင္းရဲ႕ကမ္းလွမ္းမႈကို ျငင္းဆန္ပယ္ခ်ခဲ့ပါတယ္။ အေၾကာင္းရင္းကေတာ့ သူဟာ ယူႏိုက္တက္အသင္းဆီက ကမ္းလွမ္းမႈကို ေစာင့္ေမွ်ာ္ေနလို႔ပါပဲ”လို႔ဆိုခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ၿပိဳင္ပြဲစုံေနာက္ဆုံး(၅)ပြဲမွာ(၁)ပြဲသာအႏိုင္ရခဲ့ၿပီး ၿပီးခဲ့တဲ့လက္စတာနဲ႔ပြဲမွာ စိတ္ပ်က္စရာေျခစြမ္းနဲ႔အတူ (၄-၂)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္အေဝးကြင္းရႈံးပြဲမရွိစံခ်ိန္ ရပ္တန႔္ခဲ့သလို ပရီးမီးယားလိဂ္(၃)ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့တဲ့အတြက္ နည္းျပဆိုးလ္ရွားအတြက္ ဖိအားမ်ားေနၿပီျဖစ္ပါတယ္။

အသက္(၅၂)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ကြန္တီဟာ နည္းျပဘဝတစ္ေလွ်ာက္ ဆုဖလားေအာင္ျမင္မႈေတြအမ်ားႀကီးရယူခဲ့ၿပီး ဂ်ဴဗင္တပ္စ္နည္းျပဘဝမွာ စီးရီးေအခ်န္ပီယံ(၃)ႀကိမ္၊ ခ်ယ္လ္ဆီးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္၊ FA ဖလားေတြ ရယူခဲ့တဲ့အျပင္ ၿပီးခဲ့တဲ့ရာသီကလည္း အင္တာမီလန္အသင္းအတြက္ ဆယ္စုႏွစ္တစ္ခုၾကာေဝးကြာေနတဲ့ စီးရီးေအဖလားရယူႏိုင္ခဲ့ပါတယ္။

အခုေလာေလာဆယ္ ယူႏိုက္တက္ဘုတ္အဖြဲ႕က ဆိုးလ္ရွားအေပၚ ေထာက္ခံမႈရွိေနဆဲျဖစ္ေပမယ့္ ယူႏိုက္တက္အသင္းဟာ လာမယ့္ၿပိဳင္ပြဲစုံမွာ ပြဲက်ပ္ေတြနဲ႔ဆက္တိုက္ကစားရမွာျဖစ္လို႔ ရလဒ္မေကာင္းခဲ့ရင္ေတာ့ ဆိုးလ္ရွားရဲ႕အနာဂတ္က ေသခ်ာမႈမရွိေတာ့ဘူးလို႔ သတ္မွတ္ရမွာပါ။