နည်းပြရာထူးအတွက် စိုးရိမ်နေရပြီလို့ လမ်းပတ် ဝန်ခံ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဖရန့် လမ်းပတ်က အပြောင်းအလဲ ပြုလုပ်နေတဲ့ ချဲလ်ဆီးအသင်းရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ခုခံပြောကြားခဲ့ပေမယ့် ( ၈ ) ပွဲမှာ ( ၅ ) ကြိမ်ထိ ရှုံးနိမ့်ထားပြီးနောက် သူ့ရဲ့ အနာဂတ်က မေးခွန်းထုတ်စရာ ဖြစ်လာကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

လမ်းပတ်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ညက လက်စတာစီးတီးအသင်းကို ၂ ဂိုး – ဂိုး မရှိ ရှုံးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်က အသင်းနဲ့ ( ၉ ) မှတ် ကွာဟနေပြီး ဝက်စ်ဟမ်း နှင့် ဆောက်သမ်တန်တို့ကြား အဆင့် ( ၈ ) နေရာမှာ ရပ်တည်နေပါတယ်။

ဒါပေမယ့် ချဲလ်ဆီးအသင်းက ပြီးခဲ့တဲ့ နွေရာသီမှာ ပေါင်သန်း ( ၂၀၀ ) ကျော်ထိ အသုံးပြုခဲ့ပြီး ( ၁ ) လကျော်က ချန်ပီယံဆု စိန်ခေါ်နိုင်တဲ့ အနေအထား ရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး ( ၈ ) ပွဲမှာ ( ၇ ) မှတ်ပဲ ရရှိခဲ့ပြီး ဆက်တိုက် ရလာဒ်ဆိုးရွားမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။

Sky Sports က လမ်းပတ်ကို သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးမေးမြန်းရာ ” ဒါက ကျွန်တော့် ဆုံးဖြတ်ချက်မဟုတ်ပါဘူး ။ တချို့သောအရာတွေကို ကိုယ်တိုင် ထိန်းချုပ်လို့ မရဘူးဆိုတာ နားလည်ထားရပါမယ်။ ထိန်းချုပ်နိုင်တဲ့အရာတွေကို ပြန်လည်ဆုံးရှုံးသွားပါပြီ ။ မေးခွန်းနဲ့ ပတ်သက်ပြီး ကျွန်တော် အဖြေမပေးနိုင်ပါဘူး။ ” ဟု ဆိုသွားခဲ့ပါတယ်။

” အသင်းရဲ့ မျှော်လင့်ချက်က မြင့်မားပါတယ်။ လက်ရှိ ကျွန်တော်တို့အသင်းကို ကြည့်မယ်ဆိုရင် အသက်အရွယ်အရရော ၊ ဖွဲ့စည်းပုံအရပါ အသစ်တွေ ဖြစ်နေတာ တွေ့မြင်ရပါတယ်။ ကျွန်တော် အပြောင်းအလဲတွေအကြောင်း ဆက်ပြောနေအုံးမှာပဲ ။ ဒီလို ရလာဒ်ကြုံတွေ့တဲ့အခါ လူတွေ မေးခွန်းထုတ်တာက သာမာန်ပါပဲ ။

ချဲလ်ဆီးအသင်းဟာ အဲဗာတန် နှင့် ဝုဗ်အသင်းတွေကို ( ၂ ) ပွဲဆက် ရှုံးနိမ့်ခဲ့ပြီးနောက် အမှတ်ပေဇယား အဆင့် ( ၄ ) အပြင်ကို ရောက်ရှိသွားခဲ့ပါတယ်။ လမ်းပတ်က ” ကျွန်တော် စိုးရိမ်မိပါတယ်။ ဒီလို အခြေအနေကို အလျင်အမြန်ပဲ ရောက်ရှိလာခဲ့တာပါ။

ဖူလ်ဟမ်ကို အနိုင်ရခဲ့ပေမယ့် ကစားပုံပိုကောင်းခဲ့သင့်ပါတယ်။ ( ၈ ) ပွဲမှာ ( ၅ ) ပွဲ ရှုံးတာက ကျွန်တော်တို့လိုချင်တဲ့ ရလာဒ် မဟုတ်ပါဘူး။ ပုံစံကောင်းပြန်ရဖို့ အများကြီးပြင်ဆင်ရပါမယ်။ ” လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

နည္းျပရာထူးအတြက္ စိုးရိမ္ေနရၿပီလို႔ လမ္းပတ္ ဝန္ခံ

ဖရန႔္ လမ္းပတ္က အေျပာင္းအလဲ ျပဳလုပ္ေနတဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ အေျခအေနနဲ႔ ပတ္သက္လို႔ ခုခံေျပာၾကားခဲ့ေပမယ့္ ( ၈ ) ပြဲမွာ ( ၅ ) ႀကိမ္ထိ ရႈံးနိမ့္ထားၿပီးေနာက္ သူ႔ရဲ႕ အနာဂတ္က ေမးခြန္းထုတ္စရာ ျဖစ္လာေၾကာင္း ဝန္ခံေျပာၾကားခဲ့ပါတယ္။ လမ္းပတ္ရဲ႕ အသင္းဟာ ၿပီးခဲ့တဲ့ အဂၤါေန႔ညက လက္စတာစီးတီးအသင္းကို ၂ ဂိုး – ဂိုး မရွိ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အမွတ္ေပးဇယားထိပ္က အသင္းနဲ႔ ( ၉ ) မွတ္ ကြာဟေနၿပီး ဝက္စ္ဟမ္း ႏွင့္ ေဆာက္သမ္တန္တို႔ၾကား အဆင့္ ( ၈ ) ေနရာမွာ ရပ္တည္ေနပါတယ္။ ဒါေပမယ့္ ခ်ဲလ္ဆီးအသင္းက ၿပီးခဲ့တဲ့ ေႏြရာသီမွာ ေပါင္သန္း ( ၂၀၀ ) ေက်ာ္ထိ အသုံးျပဳခဲ့ၿပီး ( ၁ ) လေက်ာ္က ခ်န္ပီယံဆု စိန္ေခၚႏိုင္တဲ့ အေနအထား ရွိခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ဆုံး ( ၈ ) ပြဲမွာ ( ၇ ) မွတ္ပဲ ရရွိခဲ့ၿပီး ဆက္တိုက္ ရလာဒ္ဆိုး႐ြားမႈေတြ ႀကဳံေတြ႕ခဲ့ရပါတယ္။

Sky Sports က လမ္းပတ္ကို သူ႔ရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီးေမးျမန္းရာ ” ဒါက ကြၽန္ေတာ့္ ဆုံးျဖတ္ခ်က္မဟုတ္ပါဘူး ။ တခ်ိဳ႕ေသာအရာေတြကို ကိုယ္တိုင္ ထိန္းခ်ဳပ္လို႔ မရဘူးဆိုတာ နားလည္ထားရပါမယ္။ ထိန္းခ်ဳပ္ႏိုင္တဲ့အရာေတြကို ျပန္လည္ဆုံးရႈံးသြားပါၿပီ ။ ေမးခြန္းနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္ အေျဖမေပးႏိုင္ပါဘူး။ ” ဟု ဆိုသြားခဲ့ပါတယ္။ ” အသင္းရဲ႕ ေမွ်ာ္လင့္ခ်က္က ျမင့္မားပါတယ္။ လက္ရွိ ကြၽန္ေတာ္တို႔အသင္းကို ၾကည့္မယ္ဆိုရင္ အသက္အ႐ြယ္အရေရာ ၊ ဖြဲ႕စည္းပုံအရပါ အသစ္ေတြ ျဖစ္ေနတာ ေတြ႕ျမင္ရပါတယ္။ ကြၽန္ေတာ္ အေျပာင္းအလဲေတြအေၾကာင္း ဆက္ေျပာေနအုံးမွာပဲ ။ ဒီလို ရလာဒ္ႀကဳံေတြ႕တဲ့အခါ လူေတြ ေမးခြန္းထုတ္တာက သာမာန္ပါပဲ ။

ခ်ဲလ္ဆီးအသင္းဟာ အဲဗာတန္ ႏွင့္ ဝုဗ္အသင္းေတြကို ( ၂ ) ပြဲဆက္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အမွတ္ေပဇယား အဆင့္ ( ၄ ) အျပင္ကို ေရာက္ရွိသြားခဲ့ပါတယ္။ လမ္းပတ္က ” ကြၽန္ေတာ္ စိုးရိမ္မိပါတယ္။ ဒီလို အေျခအေနကို အလ်င္အျမန္ပဲ ေရာက္ရွိလာခဲ့တာပါ။ ဖူလ္ဟမ္ကို အႏိုင္ရခဲ့ေပမယ့္ ကစားပုံပိုေကာင္းခဲ့သင့္ပါတယ္။ ( ၈ ) ပြဲမွာ ( ၅ ) ပြဲ ရႈံးတာက ကြၽန္ေတာ္တို႔လိုခ်င္တဲ့ ရလာဒ္ မဟုတ္ပါဘူး။ ပုံစံေကာင္းျပန္ရဖို႔ အမ်ားႀကီးျပင္ဆင္ရပါမယ္။ ” လို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။