နည်းပြဘဝ ပွဲ (၁၀၀၀)ပြည့်မှာ ရိုးမားနိုင်ဖို့ အစွမ်းကုန်ကြိုးစားမယ့် မော်ရင်ဟို

Viber No => 09 969 710 910                                                            Shwe Casino Facebook Page Link => https://bit.ly/3AQZRVp                                                            Shwe Casino App Download Link => https://bit.ly/3k41mc4

ဆာဆူအိုလိုအသင်းနဲ့ ရင်ဆိုင်ရမယ့် အီတလီစီးရီးအေ ပွဲစဉ်ဟာ မော်ရင်ဟိုအတွက် နည်းပြဘဝမှာ

သူကိုင်တွယ်ခဲ့တဲ့ ပွဲအရေအတွက်ပေါင်း (၁၀၀၀)အထိ ပြည့်မြောက်မယ့် အမှတ်တရ ပွဲစဉ်ဖြစ်နေပါတယ်။

မော်ရင်ဟိုဟာ သူ့ရဲ့ နည်းပြဘဝ ပွဲ(၁၀၀၀)ပြည့် မြောက်မယ့် ပွဲမှာ သေချာပေါက် အောင်ပွဲရယူနိုင် ဖို့ ပြင်ဆင်လာမှာပါ။

အဲဒီအခွင့်အရေးကို မော်ကြီးအနေနဲ့ လက်လွှတ်ခံမှာ မဟုတ်ပါဘူး။ ဒါမှ ပွဲအပြီး တော်ကီ ကြွယ်နိုင်မှာပါ။

ရာသီအစ စီးရီးအေ ပွဲနှစ်ပွဲလုံးကို ရာနှုန်းပြည့် နိုင်ပွဲရယူထားနိုင်ပြီး သွင်းဂိုး (၇)ဂိုးအထိ ရယူထားတဲ့ ရိုးမားအသင်းဟာ

မော်ရင်ဟိုနဲ့ အတူ ဒီနှစ် စီးရီးအေ ရာသီမှာ ပြန်လည်တောက်ပလာနေပါတယ်။

ဆက်ဆူအိုလို မှာ လိုကာတယ်လီ မရှိလို့ အနည်းငယ် အားလျော့သွားပေမယ့် ဘီယာဒီ ၊ ဘိုဂါ နဲ့ ရက်ပါ့ဒိုရီ တို့နဲ့ အားကောင်းနေဆဲပါပဲ။

ရိုးမား မှာတော့ မန်စီနီ ၊ ဗာတောက် ၊ ဇာနီလို ၊ မစ်ကီ ၊ အေဗရာဟမ် တို့အားက စီးရီးအေ ပြိုင်ဘက်တိုင်း ကို စိန်ခေါ်နိုင်စွမ်း ရှိပါတယ်။

ဒါကြောင့် မော်ရင်ဟို ရဲ့ပွဲ(၁၀၀၀)ပြည့်မယ့် ပွဲမှာ သူ့တပည့်ကျော် တွေကမျက်နှာပျက်အောင် လုပ်မယ် မထင်ပါဘူး။ လုပ်ခဲ့ရင်လည်း မော်ကြီးအတွက် သူ့ထိုက်နဲ့ သူ့ကံပါ။

ရိုးမားနဲ့ ဆက်ဆူအိုလို အသင်းတို့ရဲ့ နောက်ဆုံး (၅) ကြိမ် တွေ့ဆုံမှုမှာတော့ အသင်း(၂) သင်းလုံးဟာ နိုင်ပွဲ (၁)ပွဲစီ ရရှိထားခဲ့ကြပြီး သရေပွဲ (၃) ပွဲ ဖြစ်နေခဲ့ပါတယ်။

ရိုးမား က စီးရီးအေ နောက်ဆုံး အိမ်ကွင်း(၂၄)ပွဲ မှာ (၂၂)ပွဲထိ မရှုံးထားသလို ဆက်ဆူအိုလို နဲ့ ပြိုင်ပွဲစုံ နောက်ဆုံး(၁၆)ပွဲ မှာလည်း (၁၅)ပွဲ ထိ မရှုံးထားပါဘူး။

ဆက်ဆူအိုလို ကလည်း စီးရီးအေ အဝေးကွင်း နောက်ဆုံး(၄)ပွဲ မှာ အနိမ့်ဆုံး(၂)ဂိုး သွင်းယူထားနိုင်ပြီး ရိုးမား ရဲ့စီးရီးအေ နောက်ဆုံး(၄)ပွဲ ဟာလည်း အနိမ့်ဆုံး(၂)ဂိုး သွင်းထားနိုင်ခဲ့ပါတယ်။

မော်ရင်ဟိုဟာ ၂၀၀၀ ခုနှစ်၌ ဘင်ဖီကာအသင်းကို ကိုင်တွယ်ကာ သူ့ရဲ့ နည်းပြဘဝကို အစပြုခဲ့ခြင်းဖြစ်ပြီး (၂၁)နှစ်အကြာမှာ ပွဲ(၁၀၀၀) ပြည့်မှတ်တိုင်ကို စိုက်ထူတာဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ဘင်ဖီကာ ၊ပေါ်တို ၊ချယ်လ်ဆီး၊ အင်တာမီလန် ၊ရီးရဲလ်မက်ဒရစ်၊ ယူနိုက်တက်နဲ့ စပါးတို့လို ဥရောပထိပ်တန်း ကလပ်အသင်းတွေကို ကိုင်တွယ်ခဲ့ပါတယ်။

မော်ကြီးရဲ့ ၉၉၉ ပွဲကိုင်တွယ်ရလဒ်ကတော့ ၆၃၇ ပွဲနိုင်ကာ၊ ၂၀၄ ပွဲသရေရပြီး၊ ၁၅၈ ပွဲရှူံးခဲ့ပါတယ်။

မော်ရင်ဟိုကတော့ သူ့အနေနဲ့ အခုလို ပွဲ၁၀၀၀ ပြည့်မြောက်အောင်ကိုင်တွယ်ခွင့်ရလာတဲ့ အတွက် လိဂ်မန်နေဂျာ အသင်းအဖွဲ့ကို ကျေးဇူးတင်ထားသလို

ဆာအဲလက်စ်ကိုလည်း ကျေးဇူးတင်ထားပါတယ်။ ဆာအဲလက်စ်ရဲ့ စကားလုံးတွေက မော်ကြီးအတွက် ကောင်းတဲ့ ဘက်မှာ ခွန်အားဖြစ်စေလို့ပါ။

နည်းပြမော်ရင်ဟိုဟာစပါးအသင်းကနေ ထုတ်ပယ်ခံလိုက်ရတာဖြစ်ပေမယ့် လာမယ့် ပွဲစဉ် ဆာဆူအိုလိုအသင်းကိုပါ ထပ်မံအနိုင်ယူလိုက်မယ်ဆိုရင်

သူ့ရဲ့စီးရီးအေအိမ်ကွင်း ရှုံးပွဲမရှိ စံချိန်က ပွဲပေါင်း(၄၀)ထိ ရှိလာခဲ့မှာဖြစ်ပြီ းဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီ ရယူထားခဲ့ဖူးတဲ့ အိမ်ကွင်း(၄၁)ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကိုပါ အမီလိုက်နိုင်ဖွယ် ရှိနေပါတယ်။

Viber No => 09 969 710 910                                                            Shwe Casino Facebook Page Link => https://bit.ly/3AQZRVp                                                            Shwe Casino App Download Link => https://bit.ly/3k41mc4

zawgyi

နည္းျပဘဝ ပြဲ (၁၀၀၀)ျပည့္မွာ ႐ိုးမားႏိုင္ဖို႔ အစြမ္းကုန္ႀကိဳးစားမယ့္ ေမာ္ရင္ဟို

ဆာဆူအိုလိုအသင္းနဲ႔ ရင္ဆိုင္ရမယ့္ အီတလီစီးရီးေအ ပြဲစဥ္ဟာ ေမာ္ရင္ဟိုအတြက္ နည္းျပဘဝမွာ သူကိုင္တြယ္ခဲ့တဲ့ ပြဲအေရအတြက္ေပါင္း (၁၀၀၀)အထိ ျပည့္ေျမာက္မယ့္ အမွတ္တရ ပြဲစဥ္ျဖစ္ေနပါတယ္။

ေမာ္ရင္ဟိုဟာ သူ႔ရဲ႕ နည္းျပဘဝ ပြဲ(၁၀၀၀)ျပည့္ ေျမာက္မယ့္ ပြဲမွာ ေသခ်ာေပါက္ ေအာင္ပြဲရယူႏိုင္ ဖို႔ ျပင္ဆင္လာမွာပါ။ အဲဒီအခြင့္အေရးကို ေမာ္ႀကီးအေနနဲ႔ လက္လႊတ္ခံမွာ မဟုတ္ပါဘူး။ ဒါမွ ပြဲအၿပီး ေတာ္ကီ ႂကြယ္ႏိုင္မွာပါ။

ရာသီအစ စီးရီးေအ ပြဲႏွစ္ပြဲလုံးကို ရာႏႈန္းျပည့္ ႏိုင္ပြဲရယူထားႏိုင္ၿပီး သြင္းဂိုး (၇)ဂိုးအထိ ရယူထားတဲ့ ႐ိုးမားအသင္းဟာ ေမာ္ရင္ဟိုနဲ႔ အတူ ဒီႏွစ္ စီးရီးေအ ရာသီမွာ ျပန္လည္ေတာက္ပလာေနပါတယ္။

ဆက္ဆူအိုလို မွာ လိုကာတယ္လီ မရွိလို႔ အနည္းငယ္ အားေလ်ာ့သြားေပမယ့္ ဘီယာဒီ ၊ ဘိုဂါ နဲ႔ ရက္ပါ့ဒိုရီ တို႔နဲ႔ အားေကာင္းေနဆဲပါပဲ။

႐ိုးမား မွာေတာ့ မန္စီနီ ၊ ဗာေတာက္ ၊ ဇာနီလို ၊ မစ္ကီ ၊ ေအဗရာဟမ္ တို႔အားက စီးရီးေအ ၿပိဳင္ဘက္တိုင္း ကို စိန္ေခၚႏိုင္စြမ္း ရွိပါတယ္။ ဒါေၾကာင့္ ေမာ္ရင္ဟို ရဲ႕ပြဲ(၁၀၀၀)ျပည့္မယ့္ ပြဲမွာ သူ႔တပည့္ေက်ာ္ ေတြကမ်က္ႏွာပ်က္ေအာင္ လုပ္မယ္ မထင္ပါဘူး။လုပ္ခဲ့ရင္လည္း ေမာ္ႀကီးအတြက္ သူ႔ထိုက္နဲ႔ သူ႔ကံပါ။

႐ိုးမားနဲ႕ ဆက္ဆူအိုလို အသင္းတို႕ရဲ႕ ေနာက္ဆံုး (၅) ၾကိမ္ ေတြ႕ဆံုမႈမွာေတာ့ အသင္း(၂) သင္းလံုးဟာ ႏိုင္ပြဲ (၁)ပြဲစီ ရရွိထားခဲ့ၾကၿပီး သေရပြဲ (၃) ပြဲ ျဖစ္ေနခဲ့ပါတယ္။ ႐ိုးမား က စီးရီးေအ ေနာက္ဆုံး အိမ္ကြင္း(၂၄)ပြဲ မွာ (၂၂)ပြဲထိ မရႈံးထားသလို ဆက္ဆူအိုလို နဲ႔ ၿပိဳင္ပြဲစုံ ေနာက္ဆုံး(၁၆)ပြဲ မွာလည္း (၁၅)ပြဲ ထိ မရႈံးထားပါဘူး။ဆက္ဆူအိုလို ကလည္း စီးရီးေအ အေဝးကြင္း ေနာက္ဆုံး(၄)ပြဲ မွာ အနိမ့္ဆုံး(၂)ဂိုး သြင္းယူထားႏိုင္ၿပီး ႐ိုးမား ရဲ႕စီးရီးေအ ေနာက္ဆုံး(၄)ပြဲ ဟာလည္း အနိမ့္ဆုံး(၂)ဂိုး သြင္းထားႏိုင္ခဲ့ပါတယ္။

ေမာ္ရင္ဟိုဟာ ၂၀၀၀ ခုႏွစ္၌ ဘင္ဖီကာအသင္းကို ကိုင္တြယ္ကာ သူ႔ရဲ႕ နည္းျပဘဝကို အစျပဳခဲ့ျခင္းျဖစ္ၿပီး (၂၁)ႏွစ္အၾကာမွာ ပြဲ(၁၀၀၀) ျပည့္မွတ္တိုင္ကို စိုက္ထူတာျဖစ္ပါတယ္။ေမာ္ရင္ဟိုဟာ ဘင္ဖီကာ ၊ေပၚတို ၊ခ်ယ္လ္ဆီး၊ အင္တာမီလန္ ၊ရီးရဲလ္မက္ဒရစ္၊ ယူႏိုက္တက္နဲ႔ စပါးတို႔လို ဥေရာပထိပ္တန္း ကလပ္အသင္းေတြကို ကိုင္တြယ္ခဲ့ပါတယ္။

ေမာ္ႀကီးရဲ႕ ၉၉၉ ပြဲကိုင္တြယ္ရလဒ္ကေတာ့ ၆၃၇ ပြဲႏိုင္ကာ၊ ၂၀၄ ပြဲသေရရၿပီး၊ ၁၅၈ ပြဲရႉံးခဲ့ပါတယ္။ ေမာ္ရင္ဟိုကေတာ့ သူ႔အေနနဲ႔ အခုလို ပြဲ၁၀၀၀ ျပည့္ေျမာက္ေအာင္ကိုင္တြယ္ခြင့္ရလာတဲ့ အတြက္ လိဂ္မန္ေနဂ်ာ အသင္းအဖြဲ႕ကို ေက်းဇူးတင္ထားသလို၊ ဆာအဲလက္စ္ကိုလည္း ေက်းဇူးတင္ထားပါတယ္။ ဆာအဲလက္စ္ရဲ႕ စကားလုံးေတြက ေမာ္ႀကီးအတြက္ ေကာင္းတဲ့ ဘက္မွာ ခြန္အားျဖစ္ေစလို႔ပါ။

နည္းျပေမာ္ရင္ဟိုဟာစပါးအသင္းကေန ထုတ္ပယ္ခံလိုက္ရတာျဖစ္ေပမယ့္ လာမယ့္ ပြဲစဥ္ ဆာဆူအိုလိုအသင္းကိုပါ ထပ္မံအႏိုင္ယူလိုက္မယ္ဆိုရင္ သူ႔ရဲ႕စီးရီးေအအိမ္ကြင္း ရႈံးပြဲမရွိ စံခ်ိန္က ပြဲေပါင္း(၄၀)ထိ ရွိလာခဲ့မွာျဖစ္ၿပီးဂ်ဴဗင္တပ္စ္အသင္းနည္းျပ အယ္လီဂရီ ရယူထားခဲ့ဖူးတဲ့ အိမ္ကြင္း(၄၁)ပြဲဆက္ ရႈံးပြဲမရွိ စံခ်ိန္ကိုပါ အမီလိုက္ႏိုင္ဖြယ္ ရွိေနပါတယ္။