နည်းပြဘဝရင်ဆိုင်ခဲ့ရသမျှ အကောင်းဆုံးပြိုင်ဘက်က ကလော့ပ်ရဲ့လီဗာပူးလို့ မန်စီးတီးနည်းပြဂွါဒီယိုလာဖွင့်ဟ

PC ; Internet

နည်းပြဘဝမှာ ပြိုင်ဘက်ကောင်းများစွာနဲ့ရင်ဆိုင်ခဲ့ဖူးပေမယ့် လက်ရှိဂျာဂင်ကလော့ပ်ရဲ့လီဗာပူးသာ အကောင်းဆုံးပြိုင်ဘက်လို့ မန်စီးတီးနည်းပြဂွါဒီယိုလာက ထုတ်ဖော်ဖွင့်ဟလိုက်ပါတယ်။လက်ရှိချန်ပီယံမန်စီးတီးဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အမှတ်ပေးဇယားထိပ်က လီဗာပူးနဲ့ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပြီး တကယ်လို့ ရှုံးနိမ့်ခဲ့ရင် ၉မှတ်ပြတ်သွားမှာဖြစ်တာကြောင့် ချန်ပီယံဆုကာကွယ်ရေးအတွက် သက်ရောက်မှုတွေအများကြီးရှိလာနိုင်ပါတယ်။

PC ; Internet

လီဗာပူးဟာ လက်ရှိအင်အားအတောင့်တင်းဆုံးအသင်းဖြစ်နေသလို သူ့ရဲ့နည်းပြဘ၀ ၁၁နှစ်တာကာလအတွင်းမှာ ရှိန်ရလောက်တဲ့ ပြိုင်တွေရှိခဲ့ဖူးပေမယ့် လက်ရှိကလော့ပ်ရဲ့အသင်းက အခက်ခဲဆုံးပြိုင်ဘက်လို့ စပိန်သားနည်းပြက ဖွင့်ဟလိုက်တာပါ။ “နည်းပြတစ်ယောက်အဖြစ်နဲ့ကတော့ ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တုန်းက လီဗာပူးဟာပရော်ဖက်ရှင်နယ်ဘဝတွေ့ဖူးသမျှထဲမှာ အကောင်းဆုံးစိန်ခေါ်သူဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာလည်း သူတို့ဟာကမ္ဘာပေါ်မှာအတောင့် တင်းဆုံးအသင်းအဖြစ်ရှိနေတာကြောင့် ကျွန်တော်တို့ဘက်ကဒီပွဲအတွက် အစီအစဉ်တွေကိုကြိုးစားချမှတ်ရမှာပါ”လို့ ဂွါဒီယိုလာက ဆိုပါတယ်။

PC ; Internet

ဂါွဒီယိုလာဟာ ဘာစီလိုနာနည်းပြဘဝတုန်းက မော်ရင်ညိုရဲ့ရီးရဲလ်နဲ့အကြိတ်အနယ်ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ရဖူးပြီး ၂၀၁၁-၁၂ရာသီမှာ ရီးရဲလ်က စံချိန်တင်ရမှတ် ၁၀၀နဲ့ လာလီဂါဖလားကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

PC ; Internet

ဒါ့အပြင် စပိန်မြေပေါ်မှာပဲ ခံစစ်မာစတာဆီမြွန်နီရဲ့အက်သလက်တီကိုနဲ့ရင်ဆိုင်ခဲ့ဖူးသလို ဘိုင်ယန်မြူးနစ်နည်းပြဘဝမှာလည်း ကလော့ပ်ရဲ့ဒေါ့တ်မန်နဲ့အကြိတ်အနယ်ကစားခဲ့ကြရဖူးပါတယ်။ဒါပေမဲ့ ကလော့ပ်ရဲ့လက်ရှိလီဗာပူးလောက် ခက်ခဲတဲ့ပြိုင်ဘက်တွေမဟုတ်ဘူးလို့ ဂွါဒီယိုလာက ရှင်းလင်းသွားခဲ့တာပါ။

(zawgyi)

နည္းျပဘ၀မွာ ၿပိဳင္ဘက္ေကာင္းမ်ားစြာနဲ႔ရင္ဆိုင္ခဲ့ဖူးေပမယ့္ လက္ရွိဂ်ာဂင္ကေလာ့ပ္ရဲ႕လီဗာပူးသာ အေကာင္းဆံုးၿပိဳင္ဘက္လို႔ မန္စီးတီးနည္းျပဂြါဒီယိုလာက ထုတ္ေဖာ္ဖြင့္ဟလိုက္ပါတယ္။လက္ရွိခ်န္ပီယံမန္စီးတီးဟာ ဒီတစ္ပတ္ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ အမွတ္ေပးဇယားထိပ္က လီဗာပူးနဲ႔ထိပ္တိုက္ရင္ဆိုင္ရမွာျဖစ္ၿပီး တကယ္လို႔ ရံႈးနိမ့္ခဲ့ရင္ ၉မွတ္ျပတ္သြားမွာျဖစ္တာေၾကာင့္ ခ်န္ပီယံဆုကာကြယ္ေရးအတြက္ သက္ေရာက္မႈေတြအမ်ားႀကီးရွိလာႏိုင္ပါတယ္။လီဗာပူးဟာ လက္ရွိအင္အားအေတာင့္တင္းဆံုးအသင္းျဖစ္ေနသလို သူ႔ရဲ႕နည္းျပဘ၀ ၁၁ႏွစ္တာကာလအတြင္းမွာ ရွိန္ရေလာက္တဲ့ ၿပိဳင္ေတြရွိခဲ့ဖူးေပမယ့္ လက္ရွိ္ကေလာ့ပ္ရဲ႕အသင္းက အခက္ခဲဆံုးၿပိဳင္ဘက္လို႔ စပိန္သားနည္းျပက ဖြင့္ဟလိုက္တာပါ။ “နည္းျပတစ္ေယာက္အျဖစ္နဲ႔ကေတာ့ ျပီးခဲ့တဲ့ရာသီမွာ ကၽြန္ေတာ္တို႔ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တုန္းက လီဗာပူးဟာပေရာ္ဖက္ရွင္နယ္ဘ၀ေတြ႔ဖူးသမွ်ထဲမွာ အေကာင္းဆံုးစိန္ေခၚသူျဖစ္ခဲ့ပါတယ္။ အခုအခ်ိန္မွာလည္း သူတို႔ဟာကမၻာေပၚမွာအေတာင့္ တင္းဆံုးအသင္းအျဖစ္ရွိေနတာေၾကာင့္ ကၽြန္ေတာ္တို႔ဘက္ကဒီပြဲအတြက္ အစီအစဥ္ေတြကိုၾကိဳးစားခ်မွတ္ရမွာပါ”လို႔ ဂြါဒီယိုလာက ဆိုပါတယ္။ဂါြဒီယိုလာဟာ ဘာစီလိုနာနည္းျပဘ၀တုန္းက ေမာ္ရင္ညိဳရဲ႕ရီးရဲလ္နဲ႔အႀကိတ္အနယ္ရင္ဆိုင္ယွဥ္ၿပိဳင္ခဲ့ရဖူးၿပီး ၂၀၁၁-၁၂ရာသီမွာ ရီးရဲလ္က စံခ်ိန္တင္ရမွတ္ ၁၀၀နဲ႔ လာလီဂါဖလားကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။ဒါ့အျပင္ စပိန္ေျမေပၚမွာပဲ ခံစစ္မာစတာဆီျမြန္နီရဲ႕အက္သလက္တီကိုနဲ႔ရင္ဆိုင္ခဲ့ဖူးသလို ဘိုင္ယန္ျမဴးနစ္နည္းျပဘ၀မွာလည္း ကေလာ့ပ္ရဲ႕ေဒါ့တ္မန္နဲ႔အႀကိတ္အနယ္ကစားခဲ့ၾကရဖူးပါတယ္။ဒါေပမဲ့ ကေလာ့ပ္ရဲ႕လက္ရွိလီဗာပူးေလာက္ ခက္ခဲတဲ့ၿပိဳင္ဘက္ေတြမဟုတ္ဘူးလို႔ ဂြါဒီယိုလာက ရွင္းလင္းသြားခဲ့တာပါ။