နည်းပြဘဝမှာ ၃ပွဲဆက်နိုင်ထားပြီဖြစ်တဲ့ ရွန်းနီရဲ့ အစွမ်းအစ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့က ယူနိုက်တက် ကစားသမားဟောင်း ရွန်းနီကိုင်တွယ်တဲ့ ဒါဘီအသင်းဟာ ဘရစ္စတိုးလ်အသင်းကို တစ်ဂိုး၊ဂိုးမရှိအနိုင်ရရှိခဲ့ပါတယ်။ ဒါကြောင့် ဒါဘီကောင်တီအသင်းဟာ ချန်ပီယံရှစ်နောက်ဆုံး ၃ ပွဲဆက်တိုက် အနိုင်ရရှိမှုနဲ့အတူ တန်းဆင်းဇုန်ကနေ ရုန်းထွက်လာနိုင်ခဲ့ကာ အခြေအနေကောင်းနေခဲ့ပြီဖြစ်ပါတယ်။

ထူးခြားချက်တစ်ခုကတော့ ရွန်းနီရဲ့ဒါဘီအသင်းဟာ ပွဲစဉ်အားလုံးမှာ ၁-၀ ဆိုတဲ့ ရလဒ်တွေထွက်ပေါ်နေခဲ့တာပဲဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲဆက်တိုက်မှာ ဒါဘီအသင်းတစ်ပွဲအရေးနိမ့်ခဲ့ပြီး ရလဒ်က ၁-၀ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် နောက်ဆုံး ၃ပွဲဆက်အနိုင်ရခဲ့သလို ပေးဂိုးလည်းမရှိခဲ့ပါဘူး။

ကစားသမားဘဝမှာ အောင်မြင်ခဲ့သူက၊ အဆင့်တွေကျနေခဲ့တဲ့အသင်းကို အောင်မြင်အောင်ပြန်လုပ်ပေးနေရတာလွယ်တော့ မလွယ်ပါဘူး။ ရွန်းနီခမျာ ငွေကြေးပိုင်းလည်း ကောင်းကောင်းရနေတာမဟုတ်ပါဘူး။ ဆီလည်းစိုက်၊ ဆံထုံးလည်းစိုက် အနေအထားပါ။

ရွန်းနီ ဟာ အသင်းရဲ့ငွေရေးကြေးရေးအကျပ်အတည်းဖြစ်တာကို ကူညီဖို့ အတွက် သူရနေတဲ့ တစ်ပတ်လုပ်ခလစာပေါင်(၉)သောင်းကို ဆိုင်းငံ့ထားတယ်လို့သိရပါတယ်။ ရွန်းနီ က သူ့ရဲ့လုပ်ခလစာတွေကို အချိန်အကြာကြီးစောင့်ပြီးမှ ပေးဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။ ရွန်းနီဟာ ဒါဘီအသင်းရဲ့လုပ်ခလစာအများဆုံးရနေတဲ့သူဖြစ်ပေမယ့် လုပ်ခလစာကို အပြည့်အဝရယူမှာမဟုတ်သလို ကစားသမားတွေလစာအရင်ရဖို့ သူရရှိနေတဲ့လစာကိုလည်း ဆိုင်းငံ့ဖို့ သဘောတူထားတာဖြစ်ပါတယ်။

လက်ရှိမှာ ဒါဘီအသင်းက အဆင့် ၁၈ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်နဲ့ ၅ မှတ်ကွာအနေအထားကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အသင်းပေါင်း ၂၄ သင်း ကစားနေတဲ့ ချန်ပီယံရှစ်မှာ တန်းမဆင်းရဖို့အတွက် ရွန်းနီက အဓိကထားတာဝန်ယူပေးသွားရမှာဖြစ်ပါတယ်။ ဒါဘီ အသင်းဟာ သူတို့ရဲ့ကစားသမားဖြစ်တဲ့ ဝိန်းရွန်းနီ ကို (၂)နှစ်ခွဲစာချုပ်ချုပ်ဆိုကာ နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

နည္းျပဘဝမွာ ၃ပြဲဆက္ႏိုင္ထားၿပီျဖစ္တဲ့ ႐ြန္းနီရဲ႕ အစြမ္းအစ

မေန႔က ယူႏိုက္တက္ ကစားသမားေဟာင္း ႐ြန္းနီကိုင္တြယ္တဲ့ ဒါဘီအသင္းဟာ ဘရစၥတိုးလ္အသင္းကို တစ္ဂိုး၊ဂိုးမရွိအႏိုင္ရရွိခဲ့ပါတယ္။ ဒါေၾကာင့္ ဒါဘီေကာင္တီအသင္းဟာ ခ်န္ပီယံရွစ္ေနာက္ဆုံး ၃ ပြဲဆက္တိုက္ အႏိုင္ရရွိမႈနဲ႔အတူ တန္းဆင္းဇုန္ကေန ႐ုန္းထြက္လာႏိုင္ခဲ့ကာ အေျခအေနေကာင္းေနခဲ့ၿပီျဖစ္ပါတယ္။

ထူးျခားခ်က္တစ္ခုကေတာ့ ႐ြန္းနီရဲ႕ဒါဘီအသင္းဟာ ပြဲစဥ္အားလုံးမွာ ၁-၀ ဆိုတဲ့ ရလဒ္ေတြထြက္ေပၚေနခဲ့တာပဲျဖစ္ပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ ၄ ပြဲဆက္တိုက္မွာ ဒါဘီအသင္းတစ္ပြဲအေရးနိမ့္ခဲ့ၿပီး ရလဒ္က ၁-၀ ျဖစ္ခဲ့တာပါ။ ဒါေပမယ့္ ေနာက္ဆုံး ၃ပြဲဆက္အႏိုင္ရခဲ့သလို ေပးဂိုးလည္းမရွိခဲ့ပါဘူး။

ကစားသမားဘ၀မွာ ​ေအာင္ျမင္ခဲ့သူက၊ အဆင့္​ေတြက်​ေနခဲ့တဲ့အသင္းကို ေအာင္ျမင္ေအာင္ျပန္လုပ္ေပးေနရတာလြယ္​ေတာ့ မလြယ္ပါဘူး။ ႐ြန္းနီခမ်ာ ေငြေၾကးပိုင္းလည္း ေကာင္းေကာင္းရေနတာ​မဟုတ္ပါဘူး။ ဆီလည္းစိုက္၊ ဆံထုံးလည္းစိုက္ အေနအထားပါ။ ႐ြန္းနီ ဟာ အသင္းရဲ႕ေငြေရးေၾကးေရးအက်ပ္အတည္းျဖစ္တာကို ကူညီဖို႔ အတြက္ သူရေနတဲ့ တစ္ပတ္လုပ္ခလစာေပါင္(၉)ေသာင္းကို ဆိုင္းငံ့ထားတယ္လို႔သိရပါတယ္။ ႐ြန္းနီ က သူ႔ရဲ႕လုပ္ခလစာေတြကို အခ်ိန္အၾကာႀကီးေစာင့္ၿပီးမွ ေပးဖို႔ သေဘာတူခဲ့တာျဖစ္ပါတယ္။ ႐ြန္းနီ ဟာ ဒါဘီအသင္းရဲ႕လုပ္ခလစာအမ်ားဆုံးရေနတဲ့သူျဖစ္ေပမယ့္ လုပ္ခလစာကို အျပည့္အဝရယူမွာမဟုတ္သလို ကစားသမားေတြလစာအရင္ရဖို႔ သူရရွိေနတဲ့လစာကိုလည္း ဆိုင္းငံ့ဖို႔ သေဘာတူထားတာျဖစ္ပါတယ္။

လက္ရွိမွာ ဒါဘီအသင္းက အဆင့္ ၁၈ ေနရာမွာ ရပ္တည္ေနၿပီး တန္းဆင္းဇုန္နဲ႔ ၅ မွတ္ကြာအေနအထားကို ျပန္လည္ေရာက္ရွိလာခဲ့ပါတယ္။ အသင္းေပါင္း ၂၄ သင္း ကစားေနတဲ့ ခ်န္ပီယံရွစ္မွာ တန္းမဆင္းရဖို႔အတြက္ ႐ြန္းနီက အဓိကထားတာဝန္ယူေပးသြားရမွာျဖစ္ပါတယ္။ ဒါဘီ အသင္းဟာ သူတို႔ရဲ႕ကစားသမားျဖစ္တဲ့ ဝိန္း႐ြန္းနီ ကို (၂)ႏွစ္ခြဲစာခ်ဳပ္ခ်ဳပ္ဆိုကာ နည္းျပသစ္အျဖစ္ခန႔္အပ္ခဲ့တာျဖစ္ပါတယ္။