နည်းပြဘဝမှာ နိုင်ပွဲ၅၀၀ ရှာဖွေနိုင်ခဲ့ပြီ ဖြစ်တဲ့ ပက်ဂွါဒီယိုလာ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပက်ဂွါဒီယိုလာဟာယမန်နေ့က ရှက်ဖီးလ်ယူနိုက်တက်ကို ၁-ဝဂိုးနဲ့ အနိုင်ရအပြီးမှာ ပြိုင်ပွဲစုံတွင် နည်းပြဘဝနဲ့ နိုင်ပွဲ ၅၀၀မြောက်ကို ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ တစ်ဖက်မှာတော့ မန်စီးတီးအသင်းဟာရှက်ဖီးယူနိုက်တက်အသင်းကိုအနိုင်ရတဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာအသင်းသမိုင်းတစ်လျှောက်အကောင်းဆုံးစံချိန်တစ်ခုကိုရယူနိုင်ခဲ့ပါတယ်။
ရှက်ဖီးယူနိုက်တက်အသင်းကိုအနိုင်ရလိုက်တာဟာမန်စီးတီးအသင်းအတွက်ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး၁၂ပွဲဆက်တိုက်အနိုင်ရခဲ့တာဖြစ်ပြီးအသင်းသမိုင်း တစ်လျှောက်နိုင်ပွဲရယူနိုင်မှုအချိန်အကြာဆုံးဖြစ်ခဲ့ပါတယ်။ မန်စီးတီး အသင်းကတော့ ပွဲစထဲက ဘောလုံးကို အသာစီးရယူပြီး ဖိအားပေးကစားခဲ့ပါတယ်။ပွဲချိန်(၈)မိနစ်မှာတော့ မန်စီးတီး အသင်း ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။ဒီဂိုးကို ဖာရန်တောရက်စ် ရဲ့ပေးပို့မှုကနေ ဂျီးဆပ်စ် သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
မန်စီးတီး အသင်းဟာ ဂိုးရအပြီးမှာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ တိုက်စစ်ဆင်မှုတွေထပ်မံပြုလုပ်ခဲ့ပြီး ရှက်ဖီးယူနိုက်တက် အသင်းက ခံစစ်ကို ပိတ်ပြီး မန်စီးတီး အသင်း တိုက်စစ်ဆင်လို့ မရအောင် ဖျက်ထုတ်မှုတွေပြုလုပ်ခဲ့ပါတယ်။မန်စီးတီးအသင်းဟာပရီးမီးယားလိဂ်အမှတ်ပေးပြိုင်ပွဲမှာတစ်ပွဲလျော့ကစားထားပေမယ့်ပွဲပြည့်ကစားထားတဲ့အသင်းတွေကိုကျော်ဖြတ်ကာအမှတ်ပေးဇယားထိပ်ဆုံးမှာရပ်တည်နေပါတယ်။
မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာက“ရှက်ဖီးယူနိုက်တက်အသင်းကိုအနိုင်ရခဲ့တာဟာအသင်းအတွက်အလွန်ကောင်းမွန်တဲ့နိုင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။အသင်းအတွက်ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး၁၂ပွဲဆက်တိုက်အနိုင်ရယူမှုကအသင်းအတွက်အလွန်အံ့အားသင့်စရာကောင်းတဲ့အခြေအနေမျိုးဖြစ်တယ်။ “ လို့ပြောပါတယ်။
မန်စီးတီးအသင်းဟာလက်ရှိအချိန်မှာတော့ပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုလက်ရှိရာသီမှာပထမဆုံးအကြိမ်ဦးဆောင်ခွင့်ရထားပြီဖြစ်ပါတယ်။ကတ်တလန်သားဟာ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီးတို့မှာရှိခဲ့စဉ်အတွင်း နည်းပြဘဝတစ်လျှောက်လုံး ဆုဖလားပေါင်းများစွာ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi