နည်းပြဘဝမှာလည်း အသင်းတန်းမဆင်းရဖို့ လုပ်နိုင်ခဲ့တဲ့ ရွန်းနီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်မှာ ၁၃ နှစ် ကြာ ကစားသွားခဲ့တဲ့ ဝိန်းရွန်းနီဟာ ကစား သမားဘ၀ရဲ့ နောက်ဆုံး နှစ်တွေကို စတင် ရောက်ရှိနေပြီး မကြာခင်မှာပဲ အနားယူကာ နည်းပြဘဝကို တက်လှမ်းခဲ့ပါတယ်။ ကစားသမားဘဝမှာ ခြေစွမ်းကောင်းခဲ့သလို နည်းပြဘဝမှာလည်း ဖောက်တဲ့လမ်းကောင်းတယ်ဆိုရပါမယ်။

ရွန်းနီဟာသူ့လက်ထက်မရောက်ခင် တန်းဆင်းဇုန်ကို ရောက်ရှိနေတဲ့ ဒါဘီအသင်းကို အခုအခါမှာတော့ တန်းဆင်းဇုန်နဲ့ဝေးရာကို ခေါ်ဆောင်လာနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ဝိန်းရွန်းနီကို အမြဲတမ်းနည်းပြအဖြစ်ရာထူး ပေးခံရချိန်မှာ ဒါဘီကောင်တီဟာ ၁၁ပွဲဆက်အရှုံးနဲ့အတူ လိဂ်ချန်ပီယံရှစ်ရဲ့ အမှတ်ပေးဇယားအောက်ဆုံး အဆင့် ၂၄မှာ ရောက်နေခဲ့ပါတယ်။

ဝိန်းရွန်းနီ ကိုင်တွယ်လာခဲ့တဲ့ အချိန်မှာတော့ ရလဒ်ကောင်းတွေရရှိလာကာ အမှတ် ပေးဇယားရဲ့ အဆင့် ၁၆အထိ တက်ရောက်လာနိုင်ခဲ့ပါတယ်။

ယာယီနည်းပြကနေ အတည်နည်းပြအဖြစ်ရောက်ခဲ့တဲ့ ဝိန်းတစ်ယောက် သူကိုင်တွယ်ခဲ့တဲ့ ဒါဘီအသင်းရဲ့ နောက်ဆုံး ၁၄ပွဲမှာ ၈ပွဲ အနိုင်ရထားသလို နောက်ဆုံး ၆ ပွဲမှာလည်း ၅ပွဲအထိ အနိုင်ယူရင်း ရမှတ် ၃၄ မှတ်နဲ့အတူ အဆင့် ၂၂က Shelffield Wednesday ထက် ရမှတ် ၆မှတ် ဖြတ်ထားသလို အောက်ဆုံးအသင်းနဲ့ ရမှတ် ၁၅မှတ် အသာရယူထားပါတယ်။

ရွန်းနီ ဟာ ဒီစီ ယူနိုက်တက်ကနေ ဒါဘီအသင်းထံ ကစားသမား – နည်းပြ အဖြစ် ပြောင်းရွှေ့ လာခဲ့ပြီး နောက်နယ်သာလန် နည်းပြ ဖိလစ် ကိုကူး လက်အောက်မှာလုပ်ကိုင်ခဲ့ပါတယ်။ ဒီရာသီမှာ ဒါဘီရဲ့ ရလဒ်တွေ တောက်လျောက် ထိုးကျ ခဲ့ပြီး တန်းဆင်းဇုန်ထဲအထိ ရောက်လာခဲ့တာကြောင့် နည်းပြ ကိုကူးကို ထုတ်ပယ်ကာ ရွန်းနီ ကို အစောပိုင်းမှာယာယီ တာဝန်ပေးအပ် ခဲ့တာဖြစ်ပါတယ်။

နည်းပြဟောင်းကြီး ဖာဂူဆန်ကတော့ ရွန်းနီဟာ နည်းပြလောကမှာ အောင်မြင်မှု ရယူနိုင်လိမ့်မယ်လို့ မှတ်ချက်ပြုထားပါတယ်။ “ရွန်းနီကနည်းပြတစ်ယောက်အနေနဲ့ဆိုရင်လည်း ရလဒ်ကောင်းတွေ ရယူနိုင်မှာပါ။ ဒါကို သူလည်း ကောင်းကောင်းသိပါတယ်။ ရွန်းနီဟာ အစကောင်းခဲ့ပြီး ဆက်လက်ကောင်းကောင်းလုပ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။”

“နည်းပြဘဝအောင်မြင်ဖို့ဟာ သူ့အတွက်တော့ နောက်ထပ်ခြေလှမ်းပါ။ဒါက သူလုပ်ချင်နေတဲ့ အလုပ်လည်း ဖြစ်ပါတယ်။ ရွန်းနီအနေနဲ့ ကောင်းကောင်းလုပ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်”လို့ ဖာဂူဆန်က ပြောဆိုထားပါတယ်။ ဝိန်းရွန်းနီတစ်ယောက် နောင်တစ်ချိန်မှာ ယူနိုက်တက်နည်းပြဖြစ်လာမလားဆိုတာ စောင့်ကြည့်ရအောင်ပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

နည္းျပဘ၀မွာလည္း အသင္းတန္းမဆင္းရဖို႔ လုပ္ႏိုင္ခဲ့တဲ့ ႐ြန္းနီ

ယူႏိုက္တက္ မွာ ၁၃ ႏွစ္ ၾကာ ကစား သြားခဲ့ တဲ့ ဝိန္း႐ြန္းနီ ဟာ ကစား သမား ဘ၀ ရဲ႕ ေနာက္ဆုံး ႏွစ္ေတြ ကို စတင္ ေရာက္ရွိ ေနၿပီး မၾကာခင္ မွာပဲ အနားယူကာ နည္းျပ ဘ၀ကို တက္လွမ္းခဲ့ပါတယ္။ ကစားသမားဘ၀မွာ ​ေျခစြမ္း​ေကာင္းခဲ့သလို နည္းျပဘ၀မွာလည္း ​​ေဖာက္တဲ့လမ္း​ေကာင္းတယ္ဆိုရပါမယ္။

႐ြန္းနီဟာသူ႔လက္ထက္မ​ေရာက္ခင္ တန္းဆင္းဇုန္ကို ေရာက္ရွိေနတဲ့ ဒါဘီအသင္းကို အခုအခါမွာေတာ့ တန္းဆင္းဇုန္နဲ႔ေဝးရာကို ေခၚေဆာင္လာႏိုင္ခဲ့ၿပီပဲ ျဖစ္ပါတယ္။ဝိန္း႐ြန္းနီကို အၿမဲတမ္းနည္းျပအျဖစ္ရာထူး ေပးခံရခ်ိန္မွာ ဒါဘီေကာင္တီဟာ ၁၁ပြဲဆက္အရႈံးနဲ႔အတူ လိဂ္ခ်န္ပီယံရွစ္ရဲ႕ အမွတ္ေပးဇယားေအာက္ဆုံး အဆင့္ ၂၄မွာ ေရာက္ေနခဲ့​ပါတယ္။

ဝိန္း႐ြန္းနီ ကိုင္တြယ္လာခဲ့တဲ့ အခ်ိန္မွာေတာ့ ရလဒ္ေကာင္းေတြရရွိလာကာ အမွတ္ ေပးဇယားရဲ႕ အဆင့္ ၁၆အထိ တက္ေရာက္လာႏိုင္ခဲ့ပါတယ္။ ယာယီနည္းျပက​ေန အတည္နည္းျပအျဖစ္​ေရာက္ခဲ့တဲ့ ဝိန္းတစ္​ေယာက္ သူကိုင္တြယ္ခဲ့တဲ့ ဒါဘီအသင္းရဲ႕ ေနာက္ဆုံး ၁၄ပြဲမွာ ၈ပြဲ အႏိုင္ရထားသလို ေနာက္ဆုံး ၆ပြဲမွာလည္း ၅ပြဲအထိ အႏိုင္ယူရင္း ရမွတ္ ၃၄မွတ္နဲ႔အတူ အဆင့္ ၂၂ကShelffield Wednesday ထက္ ရမွတ္ ၆မွတ္ ျဖတ္ထားသလို ေအာက္ဆုံးအသင္းနဲ႔ ရမွတ္ ၁၅မွတ္ အသာရယူထားပါတယ္။

႐ြန္းနီ ဟာ ဒီစီ ယူႏိုက္တက္ ကေန ဒါဘီ အသင္းထံ ကစား သမား – နည္းျပ အျဖစ္ ေျပာင္းေ႐ႊ႕ လာခဲ့ၿပီး ​ေနာက္နယ္သာလန္ နည္းျပ ဖိလစ္ ကိုကူး လက္ေအာက္မွာလုပ္ကိုင္ခဲ့ပါတယ္။ ဒီရာသီ မွာ ဒါဘီ ရဲ႕ ရလဒ္ေတြ ေတာက္ေလ်ာက္ ထိုးက် ခဲ့ၿပီး တန္းဆင္းဇုန္ ထဲ အထိ ေရာက္လာ ခဲ့တာေၾကာင့္ နည္းျပ ကိုကူး ကို ထုတ္ပယ္ကာ ႐ြန္းနီ ကို အ​ေစာပိုင္းမွာယာယီ တာဝန္ေပးအပ္ ခဲ့တာျဖစ္ပါတယ္။

နည္းျပ​ေဟာင္းႀကီး ဖာဂူဆန္က​ေတာ့ ႐ြန္းနီဟာ နည္းျပေလာကမွာ ေအာင္ျမင္မႈ ရယူႏိုင္လိမ့္မယ္လို႔ မွတ္ခ်က္ျပဳထားပါတယ္။ “႐ြန္းနီကနည္းျပတစ္ေယာက္အေနနဲ႔ဆိုရင္လည္း ရလဒ္ေကာင္းေတြ ရယူႏိုင္မွာပါ။ ဒါကို သူလည္း ေကာင္းေကာင္းသိပါတယ္။ ႐ြန္းနီဟာ အစေကာင္းခဲ့ၿပီး ဆက္လက္ေကာင္းေကာင္းလုပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။”

“နည္းျပဘ၀​ေအာင္ျမင္ဖို႔ဟာ သူ႔အတြက္ေတာ့ ေနာက္ထပ္ေျခလွမ္းပါ။ဒါက သူလုပ္ခ်င္ေနတဲ့ အလုပ္လည္း ျဖစ္ပါတယ္။ ႐ြန္းနီအေနနဲ႔ ေကာင္းေကာင္းလုပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္”လို႔ ဖာဂူဆန္က ​ေျပာဆိုထားပါတယ္။ ဝိန္း႐ြန္းနီတစ္​​ေယာက္ ​ေနာင္တစ္ခ်ိန္မွာ ယူႏိုက္တက္နည္းျပျဖစ္လာမလားဆိုတာ ​ေစာင့္ၾကည့္ရ​ေအာင္ပါ။