နည်းပြဘဝပွဲ(၁၀၀၀)ပြည့်ပြီး မကြာခင်မှာပဲ ရှုံးပွဲစတွေ့ခဲ့တဲ့ မော်ရင်ဟို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရိုးမားအသင်းနည်းပြမော်ရင်ဟိုဟာ နည်းပြဘဝတစ်လျှောက်ပွဲ(၁၀၀၀)ပြည့်ခဲ့တဲ့ဂုဏ်ယူစရာမှတ်တမ်းကောင်းတစ်ခုပိုင်ဆိုင်ခဲ့ပြီး မကြာခင်မှာပဲ မနေ့က,ကစားခဲ့တဲ့ ဗီရိုနာနဲ့စီးရီအေးပွဲမှာ ရိုးမားနည်းပြဘဝပထမဆုံးရှုံးပွဲနဲ့ စတင်ရင်ဆိုင်လိုက်ရပြီဖြစ်ပါတယ်။

ဗီရိုနာနဲ့ပွဲမှာ ရိုးမားအသင်းအတွက် ပယ်လီဂရီနီက အဖွင့်ဂိုးသွင်းယူခဲ့တာကြောင့် ပယ်လီဂရီနီဟာ ဒီရာသီစီးရီးအေအဝေးကွင်းသွင်းဂိုး(၃)ဂိုးအထိရှိလာပြီဖြစ်လို့ ရိုးမားကစားသမားဘဝမှာ အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်ခဲ့ပြီး

ကစားသမားဘဝတစ်လေျှာက်မှာတော့ ဆာဆူအိုလိုအသင်းမှာကစားခဲ့တုန်းက ၂၀၁၆-၁ရရာသီမှာ စီးရီးအေအဝေးကွင်းသွင်းဂိုး(၅)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဗီရိုနာအသင်းက ဘာရက်ခ်၊ ကာပီရာရီတို့က ဂိုးတွေပြန်သွင်းယူခဲ့ပြီး (၅၈)မိနစ်မှာ ဗီရိုနာကစားသမားအီလစ်ရဲ့ OG ကြောင့် ရိုးမားချေပဂိုးရခဲ့ပေမယ့် (၆၃)မိနစ်မှာတော့ ဖာရာအိုနီက ဒီရာသီ ရိုးမားအသင်းပထမဆုံးရှုံးပွဲကြုံတွေ့အောင် အနိုင်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ပြီးခဲ့တဲ့တစ်ပတ်က ဆာဆူအိုလိုနဲ့ကစားခဲ့တဲ့ပွဲမှာ နည်းပြဘဝပွဲ(၁၀၀၀)ပြည့်မြောက်ခဲ့ပြီး နိုင်ပွဲရယူခဲ့တာကြောင့် ကျေနပ်စရာဖြစ်ခဲ့ရပေမယ့် တစ်ပတ်အကြာမှာပဲ ရိုးမားနည်းပြဘဝပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့သလို ပြိုင်ပွဲစုံ(၆)ပွဲဆက်အနိုင်မှတ်တမ်းကလည်း ရပ်တန့်ခံခဲ့ရပါပြီ။

ဗီရိုနာနဲ့ပွဲအပြီးမှာ မော်ရင်ဟိုက သုန်မှုန်နေတဲ့မျက်နှာပေးနဲ့ရိုက်ထားတဲ့ ဓာတ်ပုံကို သူ့ Instagram မှာ Post တင်ခဲ့ပြီး “ဒီမျက်နှာကို ကြည့်ရင် အခြေအနေကို သဘောပေါက်လောက်ပါပြီ။

ဒါပေမဲ့ နောက်နေ့တွေအများကြီးကျန်ပါသေးတယ်”လို့ Caption ရေးသားခဲ့ပါတယ်။

ရိုးမားအသင်းဟာ စီးရီးအေရာသီအစ(၃)ပွဲဆက်တိုက်အနိုင်ရခဲ့ပေမယ့် ဗီရိုနာနဲ့ပွဲမှာ ရှုံးပွဲစတွေ့ခဲ့တာကြောင့် အခုဆိုရင် အင်တာမီလန်၊ အေစီမီလန်အသင်းတို့နဲ့ (၁)မှတ်အကွာ အဆင့်(၃)နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

နည္းျပဘဝပြဲ(၁၀၀၀)ျပည့္ၿပီး မၾကာခင္မွာပဲ ရႈံးပြဲစေတြ႕ခဲ့တဲ့ ေမာ္ရင္ဟို

႐ိုးမားအသင္းနည္းျပေမာ္ရင္ဟိုဟာ နည္းျပဘဝတစ္ေလွ်ာက္ပြဲ(၁၀၀၀)ျပည့္ခဲ့တဲ့ဂုဏ္ယူစရာမွတ္တမ္းေကာင္းတစ္ခုပိုင္ဆိုင္ခဲ့ၿပီး မၾကာခင္မွာပဲ မေန႔က,ကစားခဲ့တဲ့ ဗီ႐ိုနာနဲ႔စီးရီေအးပြဲမွာ ႐ိုးမားနည္းျပဘဝပထမဆုံးရႈံးပြဲနဲ႔ စတင္ရင္ဆိုင္လိုက္ရၿပီျဖစ္ပါတယ္။ ဗီ႐ိုနာနဲ႔ပြဲမွာ ႐ိုးမားအသင္းအတြက္ ပယ္လီဂရီနီက အဖြင့္ဂိုးသြင္းယူခဲ့တာေၾကာင့္ ပယ္လီဂရီနီဟာ ဒီရာသီစီးရီးေအအေဝးကြင္းသြင္းဂိုး(၃)ဂိုးအထိရွိလာၿပီျဖစ္လို႔ ႐ိုးမားကစားသမားဘဝမွာ အေကာင္းဆုံးစြမ္းေဆာင္ရည္ျဖစ္ခဲ့ၿပီး ကစားသမားဘဝတစ္ေလွ်ာက္မွာေတာ့ ဆာဆူအိုလိုအသင္းမွာကစားခဲ့တုန္းက ၂၀၁၆-၁ရရာသီမွာ စီးရီးေအအေဝးကြင္းသြင္းဂိုး(၅)ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ ဗီ႐ိုနာအသင္းက ဘာရက္ခ္၊ ကာပီရာရီတို႔က ဂိုးေတြျပန္သြင္းယူခဲ့ၿပီး (၅၈)မိနစ္မွာ ဗီ႐ိုနာကစားသမားအီလစ္ရဲ႕ OG ေၾကာင့္ ႐ိုးမားေခ်ပဂိုးရခဲ့ေပမယ့္ (၆၃)မိနစ္မွာေတာ့ ဖာရာအိုနီက ဒီရာသီ ႐ိုးမားအသင္းပထမဆုံးရႈံးပြဲႀကဳံေတြ႕ေအာင္ အႏိုင္ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။

ေမာ္ရင္ဟိုဟာ ၿပီးခဲ့တဲ့တစ္ပတ္က ဆာဆူအိုလိုနဲ႔ကစားခဲ့တဲ့ပြဲမွာ နည္းျပဘဝပြဲ(၁၀၀၀)ျပည့္ေျမာက္ခဲ့ၿပီး ႏိုင္ပြဲရယူခဲ့တာေၾကာင့္ ေက်နပ္စရာျဖစ္ခဲ့ရေပမယ့္ တစ္ပတ္အၾကာမွာပဲ ႐ိုးမားနည္းျပဘဝပထမဆုံးရႈံးပြဲႀကဳံေတြ႕ခဲ့သလို ၿပိဳင္ပြဲစုံ(၆)ပြဲဆက္အႏိုင္မွတ္တမ္းကလည္း ရပ္တန႔္ခံခဲ့ရပါၿပီ။

ဗီ႐ိုနာနဲ႔ပြဲအၿပီးမွာ ေမာ္ရင္ဟိုက သုန္မႈန္ေနတဲ့မ်က္ႏွာေပးနဲ႔႐ိုက္ထားတဲ့ ဓာတ္ပုံကို သူ႔ Instagram မွာ Post တင္ခဲ့ၿပီး “ဒီမ်က္ႏွာကို ၾကည့္ရင္ အေျခအေနကို သေဘာေပါက္ေလာက္ပါၿပီ။ ဒါေပမဲ့ ေနာက္ေန႔ေတြအမ်ားႀကီးက်န္ပါေသးတယ္”လို႔ Caption ေရးသားခဲ့ပါတယ္။ ႐ိုးမားအသင္းဟာ စီးရီးေအရာသီအစ(၃)ပြဲဆက္တိုက္အႏိုင္ရခဲ့ေပမယ့္ ဗီ႐ိုနာနဲ႔ပြဲမွာ ရႈံးပြဲစေတြ႕ခဲ့တာေၾကာင့္ အခုဆိုရင္ အင္တာမီလန္၊ ေအစီမီလန္အသင္းတို႔နဲ႔ (၁)မွတ္အကြာ အဆင့္(၃)ေနရာမွာရပ္တည္ေနတာျဖစ္ပါတယ္။