
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
လာမယ့် တနင်္ဂနွေနေ့ ဆာဆူအိုလိုအသင်းနဲ့ ရင်ဆိုင်ရမယ့် အီတလီစီးရီးအေ ပွဲစဉ်ဟာ မော်ရင်ဟိုအတွက် နည်းပြဘဝမှာ သူကိုင်တွယ်ခဲ့တဲ့ ပွဲအရေအတွက်ပေါင်း (၁၀၀၀)အထိ ပြည့်မြောက်မယ့် အမှတ်တရ ပွဲစဉ်ဖြစ်နေပါတယ်။
အဲဒီပွဲကိုရိုးမားအသင်းရဲ့ အိမ်ကွင်းမှာ ကျင်းပမှာဖြစ်လို့ မော်ရင်ဟိုရဲ့ စီးရီးအေပြိုင်ပွဲအတွင်း အိမ်ကွင်းရှုံးပွဲမရှိသေးတဲ့ စံချိန်ကောင်းကိုပါ ဆက်လက်ထိန်းသိမ်းရနိုင်ဖွယ် ရှိနေပါတယ်။
မော်ရင်ဟိုဟာ ၂၀၀၀ ခုနှစ်၌ ဘင်ဖီကာအသင်းကို ကိုင်တွယ်ကာ သူ့ရဲ့ နည်းပြဘဝကို အစပြုခဲ့ခြင်းဖြစ်ပြီး (၂၁)နှစ်အကြာမှာ ပွဲ(၁၀၀၀) ပြည့်မှတ်တိုင်ကို စိုက်ထူနိုင်မယ့် အခြေအနေဖြစ်ပါတယ်။
မော်ရင်ဟိုဟာ အင်တာမီလန်အသင်းကို ကိုင်တွယ်ခဲ့စဉ်က စီးရီးအေပြိုင်ပွဲတွင် အိမ်ကွင်းရှုံးပွဲမရှိမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပြီး ရိုးမားအသင်း၌ အဲဒီမှတ်တမ်းကို တိုးမြှင့်နိုင်ရန် မျှော်လင့်နေကြောင်းလည်း သိရပါတယ်။
မော်ရင်ဟိုဟာ အင်တာမီလန်အသင်းကို (၂)ရာသီကိုင်တွယ်ခဲ့ရာ၌ စီးရီးအေအိမ်ကွင်း(၃၈)ပွဲ ရှုံးပွဲမရှိခဲ့သလို၊ ရိုးမားအသင်းနှင့် အိမ်ကွင်းအဖွင့်ပွဲတွင်လည်း ဖီအိုရင်တီးနားကို အနိုင်ရခဲ့ပါတယ်။
မော်ရင်ဟိုဟာ ဘင်ဖီကာ ၊ပေါ်တို ၊ချယ်လ်ဆီး၊ အင်တာမီလန် ၊ရီးရဲလ်မက်ဒရစ်၊ ယူနိုက်တက်နဲ့ စပါးတို့လို ဥရောပထိပ်တန်း ကလပ်အသင်းတွေကို ကိုင်တွယ်ခဲ့ပါတယ်။
နည်းပြမော်ရင်ဟိုဟာစပါးအသင်းကနေ ထုတ်ပယ်ခံလိုက်ရတာဖြစ်ပေမယ့် လာမယ့် ပွဲစဉ် ဆာဆူအိုလိုအသင်းကိုပါ ထပ်မံအနိုင်ယူလိုက်မယ်ဆိုရင် သူ့ရဲ့စီးရီးအေအိမ်ကွင်း ရှုံးပွဲမရှိ စံချိန်က ပွဲပေါင်း(၄၀)ထိ ရှိလာခဲ့မှာဖြစ်ပြီး
ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီ ရယူထားခဲ့ဖူးတဲ့ အိမ်ကွင်း(၄၁)ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကိုပါ အမီလိုက်နိုင်ဖွယ် ရှိနေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
နည္းျပဘဝနဲ႔ ပြဲ ၁၀၀၀ ျပည့္ေတာ့မယ့္ ေမာ္ရင္ဟို
လာမယ့္ တနဂၤေႏြေန႔ ဆာဆူအိုလိုအသင္းနဲ႔ ရင္ဆိုင္ရမယ့္ အီတလီစီးရီးေအ ပြဲစဥ္ဟာ ေမာ္ရင္ဟိုအတြက္ နည္းျပဘဝမွာ သူကိုင္တြယ္ခဲ့တဲ့ ပြဲအေရအတြက္ေပါင္း (၁၀၀၀)အထိ ျပည့္ေျမာက္မယ့္ အမွတ္တရ ပြဲစဥ္ျဖစ္ေနပါတယ္။အဲဒီပြဲကို႐ိုးမားအသင္းရဲ႕ အိမ္ကြင္းမွာ က်င္းပမွာျဖစ္လို႔ ေမာ္ရင္ဟိုရဲ႕ စီးရီးေအၿပိဳင္ပြဲအတြင္း အိမ္ကြင္းရႈံးပြဲမရွိေသးတဲ့ စံခ်ိန္ေကာင္းကိုပါ ဆက္လက္ထိန္းသိမ္းရႏိုင္ဖြယ္ ရွိေနပါတယ္။
ေမာ္ရင္ဟိုဟာ ၂၀၀၀ ခုႏွစ္၌ ဘင္ဖီကာအသင္းကို ကိုင္တြယ္ကာ သူ႔ရဲ႕ နည္းျပဘဝကို အစျပဳခဲ့ျခင္းျဖစ္ၿပီး (၂၁)ႏွစ္အၾကာမွာ ပြဲ(၁၀၀၀) ျပည့္မွတ္တိုင္ကို စိုက္ထူႏိုင္မယ့္ အေျခအေနျဖစ္ပါတယ္။
ေမာ္ရင္ဟိုဟာ အင္တာမီလန္အသင္းကို ကိုင္တြယ္ခဲ့စဥ္က စီးရီးေအၿပိဳင္ပြဲတြင္ အိမ္ကြင္းရႈံးပြဲမရွိမွတ္တမ္းကို ပိုင္ဆိုင္ခဲ့ၿပီး ႐ိုးမားအသင္း၌ အဲဒီမွတ္တမ္းကို တိုးျမႇင့္ႏိုင္ရန္ ေမွ်ာ္လင့္ေနေၾကာင္းလည္း သိရပါတယ္။
ေမာ္ရင္ဟိုဟာ အင္တာမီလန္အသင္းကို (၂)ရာသီကိုင္တြယ္ခဲ့ရာ၌ စီးရီးေအအိမ္ကြင္း(၃၈)ပြဲ ရႈံးပြဲမရွိခဲ့သလို၊ ႐ိုးမားအသင္းႏွင့္ အိမ္ကြင္းအဖြင့္ပြဲတြင္လည္း ဖီအိုရင္တီးနားကို အႏိုင္ရခဲ့ပါတယ္။
ေမာ္ရင္ဟိုဟာ ဘင္ဖီကာ ၊ေပၚတို ၊ခ်ယ္လ္ဆီး၊ အင္တာမီလန္ ၊ရီးရဲလ္မက္ဒရစ္၊ ယူႏိုက္တက္နဲ႔ စပါးတို႔လို ဥေရာပထိပ္တန္း ကလပ္အသင္းေတြကို ကိုင္တြယ္ခဲ့ပါတယ္။
နည္းျပေမာ္ရင္ဟိုဟာစပါးအသင္းကေန ထုတ္ပယ္ခံလိုက္ရတာျဖစ္ေပမယ့္ လာမယ့္ ပြဲစဥ္ ဆာဆူအိုလိုအသင္းကိုပါ ထပ္မံအႏိုင္ယူလိုက္မယ္ဆိုရင္ သူ႔ရဲ႕စီးရီးေအအိမ္ကြင္း ရႈံးပြဲမရွိ စံခ်ိန္က ပြဲေပါင္း(၄၀)ထိ ရွိလာခဲ့မွာျဖစ္ၿပီး ဂ်ဴဗင္တပ္စ္အသင္းနည္းျပ အယ္လီဂရီ ရယူထားခဲ့ဖူးတဲ့ အိမ္ကြင္း(၄၁)ပြဲဆက္ ရႈံးပြဲမရွိ စံခ်ိန္ကိုပါ အမီလိုက္ႏိုင္ဖြယ္ ရွိေနပါတယ္။