နည်းပြဘဝတစ်လျှောက် လျော်ကြေးတွေကနေ ပေါင်သန်း(၇၀)ကျော်ရရှိခဲ့တဲ့ မော်ရင်ဟို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မကြာသေးခင်ကမှ စပါးအသင်းနည်းပြရာထူးကနေထုတ်ပယ်ခံခဲ့ရသူ မော်ရင်ဟိုဟာ စာချုပ်သက်တမ်းမပြည့်ခင်ရာထူးကအထုတ်ခံခဲ့ရတာဖြစ်လို့ လျော်ကြေးအဖြစ် ပေါင်(၁၅)သန်းရရှိခဲ့ပါတယ်။ စပါးအသင်းဟာ ဒီရာသီယူရိုပါလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်ကထွက်ခဲ့ရသလို ပြီးခဲ့တဲ့တစ်ပတ်ကလည်း အဲဗာတန်အသင်းနဲ့ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ (၂)ဂိုးစီသရေကျခဲ့ပြီး အဆင့်(၄)အတွင်းဝင်ဖို့မျှော်လင့်ချက် အားနည်းသွားပြီဖြစ်တာကြောင့် တာဝန်ရှိသူတွေက မော်ရင်ဟိုနဲ့လမ်းခွဲဖို့ဆုံးဖြတ်ခဲ့တာပါ။

စပါးအသင်းဟာ လာမယ့်တစ်ပတ်ကျရင် မန်စီးတီးနဲ့လိဂ်ဖလားဗိုလ်လုပွဲကစားရမှာဖြစ်ပေမယ့် အသင်းဥက္ကဌဖြစ်သူဒန်နီယဲလ်လီဗိုင်းကတော့ အဲဒီပွဲအပြီးအထိမစောင့်ဘဲ မော်ရင်ဟိုကို ရာထူးကထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉၊ နိုဝင်ဘာလတုန်းက ပိုချက်တီနိုရဲ့နေရာမှာ အစားထိုးခန့်အပ်ခံခဲ့ရသူ မော်ရင်ဟိုဟာ စပါးအသင်းကို တစ်ရာသီပြည့်တဲ့အထိ ကိုင်တွယ်ခွင့်မရခဲ့ဘဲ (၁၈)လနီးပါးသာကိုင်တွယ်ခဲ့ရခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ရီးယဲလ်၊ ချယ်လ်ဆီး၊ မန်ချက်စတာယူနိုက်တက်နဲ့ အခု စပါးအသင်းတို့မှာ စာချုပ်သက်တမ်းပြည့်အောင်ကိုင်တွယ်ခွင့်မရခဲ့ဘဲ ရာထူးကအထုတ်ခံခဲ့ရတာဖြစ်ပြီး ဂုဏ်သိက္ခာပိုင်းအရ ထိခိုက်မှုရှိပေမယ့် ငွေကြေးအရတော့ လျော်ကြေးငွေအများကြီး ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ မော်ရင်ဟိုရဲ့နည်းပြဘဝတစ်လျှောက်မှာ စာချုပ်လျော်ကြေးတစ်ခုတည်းကနေရရှိခဲ့တဲ့ ငွေကြေးပမာဏက ပေါင်(၇၇.၅)သန်းအထိရှိခဲ့ပြီး လျော်ကြေးငွေအများဆုံးရခဲ့တာက ချယ်လ်ဆီးအသင်းဆီကနေ ရရှိခဲ့တာပဲဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ချယ်လ်ဆီးအသင်းကို ပထမဆုံးအကြိမ်စတင်ကိုင်တွယ်ခဲ့တဲ့ ၂၀၀၄ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အတွင်း ပရီးမီးယားလိဂ်(၂)ကြိမ်၊ လိဂ်ဖလား(၂)ကြိမ်၊ FA ဖလား(၁)ကြိမ်ရယူပေးခဲ့ပေမယ့် အသင်းပိုင်ရှင်အေဘရာမိုဗစ်ချ်နဲ့ ဆက်ဆံရေးအဆင်မပြေတာကြောင့် ၂၀၀၇-၀၈ ရာသီအစပိုင်းမှာ ရာထူးကထုတ်ပယ်ခံခဲ့ရပြီး အဲဒီအတွက် လျော်ကြေးပေါင်(၁၈)သန်းရရှိခဲ့ပါတယ်။

အဲဒီနောက် အင်တာမီလန်အသင်းကို ကိုင်တွယ်ခဲ့ပြီး ၂၀၀၉-၁၀ ရာသီမှာ အင်တာမီလန်အသင်းအတွက် စီးရီးအေ၊ ကိုပါအီတာလီယာ၊ ချန်ပီယံလိဂ်ဖလား(၃)လုံးရယူပေးခဲ့တဲ့နောက် အသင်းနဲ့နှစ်ဦးသဘောတူလမ်းခွဲခဲ့သလို ရီးယဲလ်အသင်းနည်းပြအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ ရီးယဲလ်အသင်းမှာလည်း ကစားသမားတွေနဲ့ ပြဿနာဖြစ်ပွားခဲ့သူ မော်ရင်ဟိုဟာ ၂၀၁၃၊ ဇွန်လမှာ ရာထူးကအထုတ်ခံခဲ့ရပြီး စာချုပ်လျော်ကြေးပေါင်(၁၇)သန်း ရရှိခဲ့ပြန်ပါတယ်။

ချယ်လ်ဆီးအသင်းကို ဒုတိယအကြိမ်ပြန်လည်ကိုင်တွယ်ခဲ့ချိန်မှာလည်း ပရီးမီးယားလိဂ်ဖလားအပါအဝင် ဆုဖလားတချို့ရယူနိုင်ခဲ့ပေမယ့် ရလဒ်ဆိုးတွေကြောင့် ၂၀၁၅ ခုနှစ်မှာ ဒုတိယအကြိမ်မြောက်ရာထူးကအထုတ်ခံခဲ့ရသလို အဲဒီအတွက် ပေါင်(၁၂.၅)သန်းရရှိခဲ့ပြီး ယူနိုက်တက်အသင်းနည်းပြရာထူးကနေအထုတ်ခံခဲ့ရချိန်မှာလည်း ပေါင်(၁၅)သန်း အိတ်ထဲထည့်နိုင်ခဲ့ပါတယ်။

အခု စပါးအသင်းနည်းပြရာထူးက ထုတ်ပယ်ခံရတဲ့အတွက် မော်ရင်ဟိုဟာ ပေါင်(၁၅)သန်းအထိရခဲ့တယ်လို့ သတင်းတွေထွက်နေတာကြောင့် သူ့နည်းပြဘဝတစ်လျှောက် စာချုပ်လျော်ကြေးအဖြစ် ပေါင်(၇၇.၅)သန်းအထိရရှိခဲ့တာပါ။ လက်ရှိအချိန်မှာ ကလပ်အသင်းလက်မဲ့ဖြစ်သွားတဲ့ မော်ရင်ဟိုကို ဥရောပထိပ်သီးအသင်းတချို့က ခေါ်ယူဖို့ပစ်မှတ်ထားနေပြီး မော်ရင်ဟိုကလည်း နည်းပြအဖြစ်ကနေ ခဏတာအနားယူဖို့ အစီအစဉ်မရှိဘူးလို့ ဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

နည္းျပဘဝတစ္ေလွ်ာက္ ေလ်ာ္ေၾကးေတြကေန ေပါင္သန္း(၇၀)ေက်ာ္ရရွိခဲ့တဲ့ ေမာ္ရင္ဟို

မၾကာေသးခင္ကမွ စပါးအသင္းနည္းျပရာထူးကေနထုတ္ပယ္ခံခဲ့ရသူ ေမာ္ရင္ဟိုဟာ စာခ်ဳပ္သက္တမ္းမျပည့္ခင္ရာထူးကအထုတ္ခံခဲ့ရတာျဖစ္လို႔ ေလ်ာ္ေၾကးအျဖစ္ ေပါင္(၁၅)သန္းရရွိခဲ့ပါတယ္။ စပါးအသင္းဟာ ဒီရာသီယူ႐ိုပါလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ကထြက္ခဲ့ရသလို ၿပီးခဲ့တဲ့တစ္ပတ္ကလည္း အဲဗာတန္အသင္းနဲ႔ကစားခဲ့တဲ့ပရီးမီးယားလိဂ္ပြဲမွာ (၂)ဂိုးစီသေရက်ခဲ့ၿပီး အဆင့္(၄)အတြင္းဝင္ဖို႔ေမွ်ာ္လင့္ခ်က္ အားနည္းသြားၿပီျဖစ္တာေၾကာင့္ တာဝန္ရွိသူေတြက ေမာ္ရင္ဟိုနဲ႔လမ္းခြဲဖို႔ဆုံးျဖတ္ခဲ့တာပါ။ စပါးအသင္းဟာ လာမယ့္တစ္ပတ္က်ရင္ မန္စီးတီးနဲ႔လိဂ္ဖလားဗိုလ္လုပြဲကစားရမွာျဖစ္ေပမယ့္ အသင္းဥကၠဌျဖစ္သူဒန္နီယဲလ္လီဗိုင္းကေတာ့ အဲဒီပြဲအၿပီးအထိမေစာင့္ဘဲ ေမာ္ရင္ဟိုကို ရာထူးကထုတ္ပယ္ခဲ့တာျဖစ္ပါတယ္။ ၂၀၁၉၊ ႏိုဝင္ဘာလတုန္းက ပိုခ်က္တီႏိုရဲ႕ေနရာမွာ အစားထိုးခန႔္အပ္ခံခဲ့ရသူ ေမာ္ရင္ဟိုဟာ စပါးအသင္းကို တစ္ရာသီျပည့္တဲ့အထိ ကိုင္တြယ္ခြင့္မရခဲ့ဘဲ (၁၈)လနီးပါးသာကိုင္တြယ္ခဲ့ရခဲ့တာျဖစ္ပါတယ္။

ေမာ္ရင္ဟိုဟာ ရီးယဲလ္၊ ခ်ယ္လ္ဆီး၊ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အခု စပါးအသင္းတို႔မွာ စာခ်ဳပ္သက္တမ္းျပည့္ေအာင္ကိုင္တြယ္ခြင့္မရခဲ့ဘဲ ရာထူးကအထုတ္ခံခဲ့ရတာျဖစ္ၿပီး ဂုဏ္သိကၡာပိုင္းအရ ထိခိုက္မႈရွိေပမယ့္ ေငြေၾကးအရေတာ့ ေလ်ာ္ေၾကးေငြအမ်ားႀကီး ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။ ေမာ္ရင္ဟိုရဲ႕နည္းျပဘဝတစ္ေလွ်ာက္မွာ စာခ်ဳပ္ေလ်ာ္ေၾကးတစ္ခုတည္းကေနရရွိခဲ့တဲ့ ေငြေၾကးပမာဏက ေပါင္(၇၇.၅)သန္းအထိရွိခဲ့ၿပီး ေလ်ာ္ေၾကးေငြအမ်ားဆုံးရခဲ့တာက ခ်ယ္လ္ဆီးအသင္းဆီကေန ရရွိခဲ့တာပဲျဖစ္ပါတယ္။ ေမာ္ရင္ဟိုဟာ ခ်ယ္လ္ဆီးအသင္းကို ပထမဆုံးအႀကိမ္စတင္ကိုင္တြယ္ခဲ့တဲ့ ၂၀၀၄ ခုႏွစ္ကေန ၂၀၀၇ ခုႏွစ္အတြင္း ပရီးမီးယားလိဂ္(၂)ႀကိမ္၊ လိဂ္ဖလား(၂)ႀကိမ္၊ FA ဖလား(၁)ႀကိမ္ရယူေပးခဲ့ေပမယ့္ အသင္းပိုင္ရွင္ေအဘရာမိုဗစ္ခ်္နဲ႔ ဆက္ဆံေရးအဆင္မေျပတာေၾကာင့္ ၂၀၀၇-၀၈ ရာသီအစပိုင္းမွာ ရာထူးကထုတ္ပယ္ခံခဲ့ရၿပီး အဲဒီအတြက္ ေလ်ာ္ေၾကးေပါင္(၁၈)သန္းရရွိခဲ့ပါတယ္။

အဲဒီေနာက္ အင္တာမီလန္အသင္းကို ကိုင္တြယ္ခဲ့ၿပီး ၂၀၀၉-၁၀ ရာသီမွာ အင္တာမီလန္အသင္းအတြက္ စီးရီးေအ၊ ကိုပါအီတာလီယာ၊ ခ်န္ပီယံလိဂ္ဖလား(၃)လုံးရယူေပးခဲ့တဲ့ေနာက္ အသင္းနဲ႔ႏွစ္ဦးသေဘာတူလမ္းခြဲခဲ့သလို ရီးယဲလ္အသင္းနည္းျပအျဖစ္ေဆာင္႐ြက္ခဲ့ပါတယ္။ ရီးယဲလ္အသင္းမွာလည္း ကစားသမားေတြနဲ႔ ျပႆနာျဖစ္ပြားခဲ့သူ ေမာ္ရင္ဟိုဟာ ၂၀၁၃၊ ဇြန္လမွာ ရာထူးကအထုတ္ခံခဲ့ရၿပီး စာခ်ဳပ္ေလ်ာ္ေၾကးေပါင္(၁၇)သန္း ရရွိခဲ့ျပန္ပါတယ္။ ခ်ယ္လ္ဆီးအသင္းကို ဒုတိယအႀကိမ္ျပန္လည္ကိုင္တြယ္ခဲ့ခ်ိန္မွာလည္း ပရီးမီးယားလိဂ္ဖလားအပါအဝင္ ဆုဖလားတခ်ိဳ႕ရယူႏိုင္ခဲ့ေပမယ့္ ရလဒ္ဆိုးေတြေၾကာင့္ ၂၀၁၅ ခုႏွစ္မွာ ဒုတိယအႀကိမ္ေျမာက္ရာထူးကအထုတ္ခံခဲ့ရသလို အဲဒီအတြက္ ေပါင္(၁၂.၅)သန္းရရွိခဲ့ၿပီး ယူႏိုက္တက္အသင္းနည္းျပရာထူးကေနအထုတ္ခံခဲ့ရခ်ိန္မွာလည္း ေပါင္(၁၅)သန္း အိတ္ထဲထည့္ႏိုင္ခဲ့ပါတယ္။ အခု စပါးအသင္းနည္းျပရာထူးက ထုတ္ပယ္ခံရတဲ့အတြက္ ေမာ္ရင္ဟိုဟာ ေပါင္(၁၅)သန္းအထိရခဲ့တယ္လို႔ သတင္းေတြထြက္ေနတာေၾကာင့္ သူ႔နည္းျပဘဝတစ္ေလွ်ာက္ စာခ်ဳပ္ေလ်ာ္ေၾကးအျဖစ္ ေပါင္(၇၇.၅)သန္းအထိရရွိခဲ့တာပါ။ လက္ရွိအခ်ိန္မွာ ကလပ္အသင္းလက္မဲ့ျဖစ္သြားတဲ့ ေမာ္ရင္ဟိုကို ဥေရာပထိပ္သီးအသင္းတခ်ိဳ႕က ေခၚယူဖို႔ပစ္မွတ္ထားေနၿပီး ေမာ္ရင္ဟိုကလည္း နည္းျပအျဖစ္ကေန ခဏတာအနားယူဖို႔ အစီအစဥ္မရွိဘူးလို႔ ဆိုခဲ့ပါတယ္။