နည်းပြဘဝတစ်လျှောက် ဂွါဒီယိုလာကို ပထမဆုံးအကြိမ်အနိုင်ယူခဲ့တဲ့ တူချယ်လ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးအသင်းကို အနိုင်ယူပြီး FA ဖလားဗိုလ်လုပွဲတက်ရောက်ခွင့်ရရှိခဲ့ပြီးတဲ့နောက် ချယ်လ်ဆီးအသင်းနည်းပြတူချယ်လ်ဟာ နည်းပြဘဝတစ်လျှောက် ဂွါဒီယိုလာကို ပထမဆုံးအကြိမ်အနိုင်ရခဲ့ပြီး ပွဲအပြီးမှာတူချယ်လ်က သူတို့ဟာ လက်ရှိ ဥရောပမှာအကောင်းဆုံးလို့သတ်မှတ်ရမယ့် အသင်းကို အနိုင်ယူခဲ့တာဖြစ်ပြီး အသင်းအတွက် အရမ်းဂုဏ်ယူမိတယ်လို့ ကြွေးကြော်လိုက်ပါတယ်။

မန်စီးတီးနဲ့ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲမှာ ချယ်လ်ဆီးအသင်းဟာ ခြေစွမ်းအသာနဲ့ကစားနိုင်ခဲ့ပြီး ဒုတိယပိုင်း(၅၅)မိနစ်မှာ ဗာနာ ခင်းပေးလိုက်တာကနေတစ်ဆင့် ဇီယက်ချ်က တစ်လုံးတည်းသော အနိုင်ဂိုးအဖြစ် သွင်းယူခဲ့တာကြောင့် FA ဖလားဗိုလ်လုပွဲကို (၂)နှစ်ဆက်တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။

အခုရှုံးပွဲကြောင့် တစ်ရာသီအတွင်း ဖလား(၄)လုံးဆွတ်ခူးနိုင်မယ့် ပထမဆုံးအင်္ဂလန်ကလပ်အဖြစ် စံချိန်တင်နိုင်ဖို့ ကြိုးစားနေတဲ့ မန်စီးတီးအသင်း ဖလားတစ်ခုလက်လွတ်ဆုံးရှုံးလိုက်ရပြီဖြစ်သလို အားထားရတဲ့ကွင်းလယ်လူ ဒီဘရိုင်းနားကလည်း ဒဏ်ရာရရှိခဲ့တာကြောင့် ပေးဆပ်မှုကြီးမားခဲ့ရပါတယ်။

မန်စီးတီးနဲ့ပွဲအပြီးမှာ တူချယ်လ်က “ဒီပွဲမှာ ကျွန်တော်တို့အသင်းဟာ တကယ်ကောင်းမွန်တဲ့ခြေစွမ်းမျိုးပြသခဲ့ပြီး အဲဒီအတွက် ကျွန်တော်အရမ်းဂုဏ်ယူမိပါတယ်။

ဒီပွဲမှာ ပေးဂိုးမရှိခဲ့တာက ကံကောင်းလို့မဟုတ်ဘဲ မန်စီးတီးအသင်းကို ဂိုးမပေးရအောင် ကျွန်တော်တို့အစွမ်းကုန်ကြိုးစားလေ့ကျင့်ခဲ့ကြလို့ အခုလိုရလဒ်ပိုင်ဆိုင်ခဲ့တာပါ။ ကျွန်တော်တို့ဟာ လက်ရှိ ဥရောပမှာ အကောင်းဆုံးလို့သတ်မှတ်ရမယ့်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး သူတို့ကိုအနိုင်ရခဲ့တဲ့အတွက် ကျေနပ်ဝမ်းမြောက်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မန်စီးတီးလိုအသင်းနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ကိုယ့်အသင်းက အကောင်းဆုံးအနေအထားရှိမှဖြစ်မှာပါ”လို့ ပြောကြားခဲ့ပါတယ်။

တူချယ်လ်ဟာ မိန့်ဇ်၊ ဒေ့ါမွန်အသင်းတွေကို ကိုင်တွယ်ခဲ့စဉ်တုန်းက ဂွါဒီယိုလာနဲ့ (၅)ကြိမ်ဆုံတွေ့ခဲ့ဖူးပြီး တစ်ပွဲမှအနိုင်မရခဲ့ပါဘူး။ အခု(၆)ကြိမ်မြောက်ဆုံတွေ့ခဲ့ချိန်မှာတော့ တူချယ်လ်ဟာ သူ့နည်းပြဘဝမှာ ပထမဆုံးအဖြစ် ဂွါဒီယိုလာကိုအနိုင်ယူခဲ့သလို ဖလား(၄)လုံးရဖို့ပစ်မှတ်ထားနေတဲ့ မျှော်လင့်ချက်ကိုလည်း ရိုက်ချိုးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလကမှ ချယ်လ်ဆီးနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသူ တူချယ်လ်ဟာ ကာလတိုအတွင်းမှာပဲ ရလဒ်ကောင်းတွေရယူပြနေပြီး FA ဖလားဗိုလ်လုပွဲရောက်ရှိအောင်စွမ်းဆောင်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ၂၀၁၁-၁၂ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ်ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

TUCHEL V GUARDIOLA
October 19, 2013 – Bayern Munich 4-1 Mainz (Bundesliga)
March 22, 2014 – Mainz 0-2 Bayern Munich (Bundesliga)
October 4, 2015 – Bayern Munich 5-1 Borussia Dortmund (Bundesliga)
March 5, 2016 – Borussia Dortmund 0-0 Bayern Munich (Bundesliga)
May 21, 2016 – Bayern Munich 0-0 Borussia Dortmund
(after extra time; 4-3 pens; Bayern Munich Won German Cup final)
April 17, 2021 – Chelsea 1-0 Manchester City (FA Cup)

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

နည္းျပဘဝတစ္ေလွ်ာက္ ဂြါဒီယိုလာကို ပထမဆုံးအႀကိမ္အႏိုင္ယူခဲ့တဲ့ တူခ်ယ္လ္

မန္စီးတီးအသင္းကို အႏိုင္ယူၿပီး FA ဖလားဗိုလ္လုပြဲတက္ေရာက္ခြင့္ရရွိခဲ့ၿပီးတဲ့ေနာက္ ခ်ယ္လ္ဆီးအသင္းနည္းျပတူခ်ယ္လ္ဟာ နည္းျပဘဝတစ္ေလွ်ာက္ ဂြါဒီယိုလာကို ပထမဆုံးအႀကိမ္အႏိုင္ရခဲ့ၿပီး ပြဲအၿပီးမွာတူခ်ယ္လ္က သူတို႔ဟာ လက္ရွိ ဥေရာပမွာအေကာင္းဆုံးလို႔သတ္မွတ္ရမယ့္ အသင္းကို အႏိုင္ယူခဲ့တာျဖစ္ၿပီး အသင္းအတြက္ အရမ္းဂုဏ္ယူမိတယ္လို႔ ေႂကြးေၾကာ္လိုက္ပါတယ္။ မန္စီးတီးနဲ႔ကစားခဲ့တဲ့ ဆီမီးဖိုင္နယ္ပြဲမွာ ခ်ယ္လ္ဆီးအသင္းဟာ ေျခစြမ္းအသာနဲ႔ကစားႏိုင္ခဲ့ၿပီး ဒုတိယပိုင္း(၅၅)မိနစ္မွာ ဗာနာ ခင္းေပးလိုက္တာကေနတစ္ဆင့္ ဇီယက္ခ်္က တစ္လုံးတည္းေသာ အႏိုင္ဂိုးအျဖစ္ သြင္းယူခဲ့တာေၾကာင့္ FA ဖလားဗိုလ္လုပြဲကို (၂)ႏွစ္ဆက္တက္ေရာက္ခြင့္ရရွိခဲ့ပါတယ္။ အခုရႈံးပြဲေၾကာင့္ တစ္ရာသီအတြင္း ဖလား(၄)လုံးဆြတ္ခူးႏိုင္မယ့္ ပထမဆုံးအဂၤလန္ကလပ္အျဖစ္ စံခ်ိန္တင္ႏိုင္ဖို႔ ႀကိဳးစားေနတဲ့ မန္စီးတီးအသင္း ဖလားတစ္ခုလက္လြတ္ဆုံးရႈံးလိုက္ရၿပီျဖစ္သလို အားထားရတဲ့ကြင္းလယ္လူ ဒီဘ႐ိုင္းနားကလည္း ဒဏ္ရာရရွိခဲ့တာေၾကာင့္ ေပးဆပ္မႈႀကီးမားခဲ့ရပါတယ္။

မန္စီးတီးနဲ႔ပြဲအၿပီးမွာ တူခ်ယ္လ္က “ဒီပြဲမွာ ကြၽန္ေတာ္တို႔အသင္းဟာ တကယ္ေကာင္းမြန္တဲ့ေျခစြမ္းမ်ိဳးျပသခဲ့ၿပီး အဲဒီအတြက္ ကြၽန္ေတာ္အရမ္းဂုဏ္ယူမိပါတယ္။ ဒီပြဲမွာ ေပးဂိုးမရွိခဲ့တာက ကံေကာင္းလို႔မဟုတ္ဘဲ မန္စီးတီးအသင္းကို ဂိုးမေပးရေအာင္ ကြၽန္ေတာ္တို႔အစြမ္းကုန္ႀကိဳးစားေလ့က်င့္ခဲ့ၾကလို႔ အခုလိုရလဒ္ပိုင္ဆိုင္ခဲ့တာပါ။ ကြၽန္ေတာ္တို႔ဟာ လက္ရွိ ဥေရာပမွာ အေကာင္းဆုံးလို႔သတ္မွတ္ရမယ့္အသင္းနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး သူတို႔ကိုအႏိုင္ရခဲ့တဲ့အတြက္ ေက်နပ္ဝမ္းေျမာက္မိပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ မန္စီးတီးလိုအသင္းနဲ႔ ရင္ဆိုင္ရမယ္ဆိုရင္ ကိုယ့္အသင္းက အေကာင္းဆုံးအေနအထားရွိမွျဖစ္မွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ တူခ်ယ္လ္ဟာ မိန႔္ဇ္၊ ေဒ့ါမြန္အသင္းေတြကို ကိုင္တြယ္ခဲ့စဥ္တုန္းက ဂြါဒီယိုလာနဲ႔ (၅)ႀကိမ္ဆုံေတြ႕ခဲ့ဖူးၿပီး တစ္ပြဲမွအႏိုင္မရခဲ့ပါဘူး။ အခု(၆)ႀကိမ္ေျမာက္ဆုံေတြ႕ခဲ့ခ်ိန္မွာေတာ့ တူခ်ယ္လ္ဟာ သူ႔နည္းျပဘဝမွာ ပထမဆုံးအျဖစ္ ဂြါဒီယိုလာကိုအႏိုင္ယူခဲ့သလို ဖလား(၄)လုံးရဖို႔ပစ္မွတ္ထားေနတဲ့ ေမွ်ာ္လင့္ခ်က္ကိုလည္း ႐ိုက္ခ်ိဳးႏိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ဇန္နဝါရီလကမွ ခ်ယ္လ္ဆီးနည္းျပအျဖစ္ ခန႔္အပ္ခံခဲ့ရသူ တူခ်ယ္လ္ဟာ ကာလတိုအတြင္းမွာပဲ ရလဒ္ေကာင္းေတြရယူျပေနၿပီး FA ဖလားဗိုလ္လုပြဲေရာက္ရွိေအာင္စြမ္းေဆာင္ခဲ့သလို ခ်န္ပီယံလိဂ္မွာလည္း ၂၀၁၁-၁၂ ရာသီေနာက္ပိုင္း ပထမဆုံးအႀကိမ္ ဆီမီးဖိုင္နယ္ေရာက္ရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

TUCHEL V GUARDIOLA
October 19, 2013 – Bayern Munich 4-1 Mainz (Bundesliga)
March 22, 2014 – Mainz 0-2 Bayern Munich (Bundesliga)
October 4, 2015 – Bayern Munich 5-1 Borussia Dortmund (Bundesliga)
March 5, 2016 – Borussia Dortmund 0-0 Bayern Munich (Bundesliga)
May 21, 2016 – Bayern Munich 0-0 Borussia Dortmund
(after extra time; 4-3 pens; Bayern Munich Won German Cup final)
April 17, 2021 – Chelsea 1-0 Manchester City (FA Cup)