M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ချဲလ်ဆီးအသင်းတောင်ပံကစားသမားဇီယက်ချ်ဟာမော်ရိုကိုလက်ရွေးစင်အသင်းကချန်လှပ်ခံလိုက်ရတယ်လို့မော်ရိုကိုဘောလုံးအသင်းနည်းပြဗာဒစ်ဟာလစ်ဟောဇစ်ကထုတ်ဖော်ပြောဆိုထားပါတယ်။
မော်ရိုကိုအသင်းနည်းပြကချဲလ်ဆီးကစားသမားဇီယက်ချ်နဲ့အငြင်းပွားရန်ဖြစ်မှုတွေရှိခဲ့တယ်လို့ အတည်ပြုပြောဆိုထားပါတယ်။
မော်ရိုကိုနည်းပြက”မော်ရိုကိုအသင်းနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်နှစ်ပွဲမှာဇီယက်ချ်ရဲ့အပြုအမှုတွေဟာစိတ်ပျက်စရာကောင်းခဲ့တယ်။
သူ့ရဲ့အပြုအမှုတွေဟာနိုင်ငံလက်ရွေးစင်အသင်းကစားသမားတစ်ဦးမဟုတ်သလိုအသင်းခေါင်းဆောင်တစ်ဦးမဟုတ်ဘူးဆိုတာပြသလိုက်တာဖြစ်ပါတယ်။
ဇီယက်ချ်ဟာအသင်းကိုနောက်ကျပြီးမှရောက်ရှိခဲ့တယ်။
အဲဒီနောက်ဇီယက်ချ်ဟာအသင်းနဲ့အတူလေ့ကျင့်ခန်းတွေ၊ပါဝင်ကစားဖို့ငြင်းဆန်ခဲ့တယ်။
ကျွန်တော်အမြင်တော့ကစားသမားတစ်ဦးအတွက်နိုင်ငံလက်ရွေးစင်အသင်းဟာအရာရာတိုင်းရဲ့အပေါ်မှာရှိနေတယ်။”လို့ပြောပါတယ်။
မော်ရိုကိုနည်းပြဟာပြီးခဲ့တဲ့ဇွန်လကဂါနာ၊ဘာကီနာဖာဆိုအသင်းတို့နဲ့ခြေစမ်းပွဲကစားဖို့ဇီယက်ချ်ကိုပြန်ခေါ်ယူခဲ့ရာဇီယက်ချ်ဟာအသင်းကိုရောက်ရှိချိန်နောက်ကျခဲ့ပြီး ပွဲကစားဖို့ ငြင်းဆန်တာတွေရှိခဲ့တယ်လို့သိရပါတယ်။
ဇီယက်ချ်ဘက်ကလည်း လက်မခံနိုင်စရာ အပြုအမူ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့တဲ့ မော်ရိုကိုနည်းပြကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
မော်ရိုကိုအတွက် ၃၅ပွဲ ကစားပြီး ၁၆ဂိုး သွင်းထားတဲ့ ဇီယက်ချ်က အင်စတာဂရန်ကနေ အဆိုပါ ကိစ္စကို ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။
ဇီယက်ချ်က “နောက်တစ်ကြိမ် ခင်ဗျား စကားပြောတဲ့အခါ အမှန်ကို ပြောပါ”လို့ လူရွှင်တော် အီမိုဂျီနဲ့အတူ ရေးသားခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
နည်းပြနဲ့ ရန်ဖြစ်တဲ့ ဇီယက်ခ်ျရဲ့ စကားနာပြန်ထိုးချက်
ချဲလ်ဆီးအသင်းတောင်ပံကစားသမားဇီယက်ခ်ျဟာမော်ရိုကိုလက်ရွေးစင်အသင်းကချန်လှပ်ခံလိုက်ရတယ်လို့မော်ရိုကိုဘောလုံးအသင်းနည်းပြဗာဒစ်ဟာလစ်ဟောဇစ်ကထုတ်ဖော်ပြောဆိုထားပါတယ်။မော်ရိုကိုအသင်းနည်းပြကချဲလ်ဆီးကစားသမားဇီယက်ခ်ျနဲ့အငြင်းပွားရန်ဖြစ်မှုတွေရှိခဲ့တယ်လို့ အတည်ပြုပြောဆိုထားပါတယ်။
မော်ရိုကိုနည်းပြဟာပြီးခဲ့တဲ့ဇွန်လကဂါနာ၊ဘာကီနာဖာဆိုအသင်းတို့နဲ့ခြေစမ်းပွဲကစားဖို့ဇီယက်ခ်ျကိုပြန်ခေါ်ယူခဲ့ရာဇီယက်ခ်ျဟာအသင်းကိုရောက်ရှိချိန်နောက်ကျခဲ့ပြီး ပွဲကစားဖို့ ငြင်းဆန်တာတွေရှိခဲ့တယ်လို့သိရပါတယ်။
ဇီယက်ခ်ျဘက်ကလည်း လက်မခံနိုင်စရာ အပြုအမူ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့တဲ့ မော်ရိုကိုနည်းပြကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ မော်ရိုကိုအတွက် ၃၅ပွဲ ကစားပြီး ၁၆ဂိုး သွင်းထားတဲ့ ဇီယက်ခ်ျက အင်စတာဂရန်ကနေ အဆိုပါ ကိစ္စကို ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။ ဇီယက်ခ်ျက “နောက်တစ်ကြိမ် ခင်ဗျား စကားပြောတဲ့အခါ အမှန်ကို ပြောပါ”လို့ လူရွှင်တော် အီမိုဂျီနဲ့အတူ ရေးသားခဲ့ပါတယ်။