နည်းပြဆောက်ဂိတ်ကို ပေါင်(၆)သန်းအထိလစာငွေတိုးမြှင့်ပြီးတော့ စာချုပ်သစ်ချုပ်ဖို့ FA ကြိုးပမ်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဟာ လက်ရွေးစင်အသင်းနည်းပြဆောက်ဂိတ်ကို အသင်းမှာဆက်ရှိနေဖို့အတွက် (၁)နှစ်လစာပေါင်(၆)သန်းအထိ တိုးမြှင့်ပေးပြီးတော့ စာချုပ်သက်တမ်းတိုးဖို့ကြိုးပမ်းနေပါတယ်။

ဆောက်ဂိတ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုတွင်းမှာ အင်္ဂလန်အသင်းကို ရှုံးပွဲမရှိအောင်စွမ်းဆောင်ထားပြီး

တကယ်လို့ လက်ကျန်နှစ်ပွဲဖြစ်တဲ့ အယ်လ်ဘေးနီးယား၊ ဆန်မာရီနိုတို့နဲ့ပွဲမှာ (၃)မှတ်ရယူနိုင်တာနဲ့ အင်္ဂလန်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲတိုက်ရိုက်အောင်မြင်မှာဖြစ်ပါတယ်။

အခုလောလောဆယ်လစာငွေအဖြစ် (၁)နှစ်ပေါင်(၃)သန်းရရှိနေသူ ဆောက်ဂိတ်ရဲ့လက်ရှိစာချုပ်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ သက်တမ်းပြည့်မှာဖြစ်လို့ FA က စာချုပ်သက်တမ်းတိုးဖို့ကြိုးပမ်းနေတာဖြစ်ပြီး

ဆောက်ဂိတ်အနေနဲ့ အင်္ဂလန်အသင်းကို ဆက်လက်မကိုင်တွယ်တော့ဘဲ ပရီးမီးယားလိဂ်မှာနည်းပြအဖြစ်ပြန်လည်ဆောင်ရွက်မှာကို တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။

အင်္ဂလန်အသင်းဟာ ဒီညမှာ အယ်လ်ဘေးနီးယား၊ လာမယ့်တနင်္လာနေ့ကျရင် ဆန်မာရီနိုတို့နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီပွဲတွေအပြီးမှ စာချုပ်သစ်ကိစ္စအတွက် ဆောက်ဂိတ်နဲ့ FA တာဝန်ရှိသူတွေဟာ မျက်နှာချင်းဆိုင်ဆွေးနွေးကြမှာဖြစ်ပါတယ်။

FA အမှုဆောင်ချုပ်ဖြစ်သူမာ့ခ်ဘယ်လင်ဂမ်ကတော့ ယူရိုပြိုင်ပွဲကာလမှာကတည်းက ဆောက်ဂိတ်ကို စာချုပ်သက်တမ်းတိုးဖို့ဆန္ဒရှိခဲ့တယ်လို့

ဖွင့်ဟပြောဆိုခဲ့ပြီး ဆောက်ဂိတ်က အင်္ဂလန်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ပြီးမှသာ စာချုပ်သစ်ကိစ္စကို ဆွေးနွေးသွားမယ်လို့ ဆိုခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ အင်္ဂလန်အသင်းနည်းပြအဖြစ်ခန့်အပ်ခံခဲ့ရသူ ဆောက်ဂိတ်ဟာ သူ့လက်ထက်အတွင်း အသင်းကို အတိုင်းအတာတစ်ခုအထိအောင်မြင်မှုရအောင်စွမ်းဆောင်နိုင်ခဲ့ပြီး

၂၀၁၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၉၉၀ နောက်ပိုင်း ပထမဆုံးအကြိမ်ဆီမီးဖိုင်နယ်အဆင့်ရောက်ရှိအောင်ပို့ဆောင်ခဲ့သလို ယူရို-၂၀၂ဝပြိုင်ပွဲမှာ စံချိန်မှတ်တမ်းကောင်းတွေနဲ့အတူ အသင်းရဲ့ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအဖြစ်ဗိုလ်လုပွဲတက်ရောက်ခွင့်ရအောင် ဦးဆောင်နိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းနည်းပြတွေထဲမှာ လစာငွေအများဆုံးဖြစ်ခဲ့တဲ့ နာမည်ကျော်နည်းပြဟောင်းကာပယ်လိုဖြစ်ပြီး

ပေါင်(၆)သန်းအထိရရှိခဲ့တာကြောင့် အခု FA က ဆောက်ဂိတ်ကို အဲဒီလစာအတိုင်းပေးပြီးတော့ ၂၀၂၄ ခုနှစ်အထိစာချုပ်သက်တမ်းတိုးနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

နည္းျပေဆာက္ဂိတ္ကို ေပါင္(၆)သန္းအထိလစာေငြတိုးျမႇင့္ၿပီးေတာ့ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ FA ႀကိဳးပမ္း

အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္(FA)ဟာ လက္ေ႐ြးစင္အသင္းနည္းျပေဆာက္ဂိတ္ကို အသင္းမွာဆက္ရွိေနဖို႔အတြက္ (၁)ႏွစ္လစာေပါင္(၆)သန္းအထိ တိုးျမႇင့္ေပးၿပီးေတာ့ စာခ်ဳပ္သက္တမ္းတိုးဖို႔ႀကိဳးပမ္းေနပါတယ္။ ေဆာက္ဂိတ္ဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲအုပ္စုတြင္းမွာ အဂၤလန္အသင္းကို ရႈံးပြဲမရွိေအာင္စြမ္းေဆာင္ထားၿပီး တကယ္လို႔ လက္က်န္ႏွစ္ပြဲျဖစ္တဲ့ အယ္လ္ေဘးနီးယား၊ ဆန္မာရီႏိုတို႔နဲ႔ပြဲမွာ (၃)မွတ္ရယူႏိုင္တာနဲ႔ အဂၤလန္အသင္း ကမာၻ႔ဖလားေျခစစ္ပြဲတိုက္႐ိုက္ေအာင္ျမင္မွာျဖစ္ပါတယ္။ အခုေလာေလာဆယ္လစာေငြအျဖစ္ (၁)ႏွစ္ေပါင္(၃)သန္းရရွိေနသူ ေဆာက္ဂိတ္ရဲ႕လက္ရွိစာခ်ဳပ္က ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ သက္တမ္းျပည့္မွာျဖစ္လို႔ FA က စာခ်ဳပ္သက္တမ္းတိုးဖို႔ႀကိဳးပမ္းေနတာျဖစ္ၿပီး ေဆာက္ဂိတ္အေနနဲ႔ အဂၤလန္အသင္းကို ဆက္လက္မကိုင္တြယ္ေတာ့ဘဲ ပရီးမီးယားလိဂ္မွာနည္းျပအျဖစ္ျပန္လည္ေဆာင္႐ြက္မွာကို တာဝန္ရွိသူေတြက စိုးရိမ္ေနၾကပါတယ္။ အဂၤလန္အသင္းဟာ ဒီညမွာ အယ္လ္ေဘးနီးယား၊ လာမယ့္တနလၤာေန႔က်ရင္ ဆန္မာရီႏိုတို႔နဲ႔ရင္ဆိုင္ရမွာျဖစ္ၿပီး အဲဒီပြဲေတြအၿပီးမွ စာခ်ဳပ္သစ္ကိစၥအတြက္ ေဆာက္ဂိတ္နဲ႔ FA တာဝန္ရွိသူေတြဟာ မ်က္ႏွာခ်င္းဆိုင္ေဆြးေႏြးၾကမွာျဖစ္ပါတယ္။

FA အမႈေဆာင္ခ်ဳပ္ျဖစ္သူမာ့ခ္ဘယ္လင္ဂမ္ကေတာ့ ယူ႐ိုၿပိဳင္ပြဲကာလမွာကတည္းက ေဆာက္ဂိတ္ကို စာခ်ဳပ္သက္တမ္းတိုးဖို႔ဆႏၵရွိခဲ့တယ္လို႔ ဖြင့္ဟေျပာဆိုခဲ့ၿပီး ေဆာက္ဂိတ္က အဂၤလန္အသင္း ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ၿပီးမွသာ စာခ်ဳပ္သစ္ကိစၥကို ေဆြးေႏြးသြားမယ္လို႔ ဆိုခဲ့ပါတယ္။ ၂၀၁၆ ခုႏွစ္မွာ အဂၤလန္အသင္းနည္းျပအျဖစ္ခန႔္အပ္ခံခဲ့ရသူ ေဆာက္ဂိတ္ဟာ သူ႔လက္ထက္အတြင္း အသင္းကို အတိုင္းအတာတစ္ခုအထိေအာင္ျမင္မႈရေအာင္စြမ္းေဆာင္ႏိုင္ခဲ့ၿပီး ၂၀၁၆ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ၁၉၉၀ ေနာက္ပိုင္း ပထမဆုံးအႀကိမ္ဆီမီးဖိုင္နယ္အဆင့္ေရာက္ရွိေအာင္ပို႔ေဆာင္ခဲ့သလို ယူ႐ို-၂၀၂ဝၿပိဳင္ပြဲမွာ စံခ်ိန္မွတ္တမ္းေကာင္းေတြနဲ႔အတူ အသင္းရဲ႕ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအျဖစ္ဗိုလ္လုပြဲတက္ေရာက္ခြင့္ရေအာင္ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ အဂၤလန္အသင္းနည္းျပေတြထဲမွာ လစာေငြအမ်ားဆုံးျဖစ္ခဲ့တဲ့ နာမည္ေက်ာ္နည္းျပေဟာင္းကာပယ္လိုျဖစ္ၿပီး ေပါင္(၆)သန္းအထိရရွိခဲ့တာေၾကာင့္ အခု FA က ေဆာက္ဂိတ္ကို အဲဒီလစာအတိုင္းေပးၿပီးေတာ့ ၂၀၂၄ ခုႏွစ္အထိစာခ်ဳပ္သက္တမ္းတိုးႏိုင္ဖို႔ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။