
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
ယူနိုက်တက်နည်းပြဆိုးလ်ရှားတစ်ယောက် ဝဒ့်ဖိုဒ့်အသင်းနဲ့ပွဲမတိုင်ခင် မှာအင်တာဗျူးဖြေဆိုထားပါတယ်။ အဲဒီအင်တာဗျူးထဲက ဆိုးလ်ရှားပြောဆိုထားတဲ့အကြောင်းအရာအချို့ကိုတင်ဆက်ပေးလိုက်ပါတယ်။ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က တိုက်စစ်မှူး ဖြစ်သူ မာရှယ် ဟာ ဒီ ဘောလုံး ရာသီ အတွင်း အသင်း အတွက် အနည်းဆုံး သွင်းဂိုး 20 လောက် သေချာပေါက် သွင်းယူ နိုင် လိမ့်မယ်လို့ပြောဆိုထားပါတယ်။

“မာရှယ်ဟာ ရှေ့ဆက်ပြီး ပုံစံကောင်းတွေ ပြသရင်း ဂိုး အနည်းငယ် သွင်းယူကာ သွင်းဂိုး 20 အထိကို ရောက်နိုင် လိမ့်မယ် လို့ ကျွန်တော် ထင် ပါတယ် ။ သူဟာ အရည်အသွေး ကောင်းတွေ ကို ပိုင်ဆိုင် ထားတဲ့ သူပါ။သူကသိပ်ကောင်းတဲ့ကစားသမားပါ၊ပြီးတော့အဆုံးသတ်ကလည်းရှယ်ပါပဲ။အခွင့်အရေးရယူနိုင်ပုံကလည်းတကယ်ကောင်းပါတယ်။အဆုံးသတ်ပိုင်းနဲ့ပတ်သက်ရင်သူ့မှာကိုယ်ပိုင်နည်းဗျူဟာရှိသလို ဘောလုံးလက်ခံတဲ့အပိုင်း တွေမှာလည်းပိုပြီးကောင်းမွန်လာပါတယ်။တောင်ပံတွေထွက်တာရောပေါ့။ သူဟာ ဘောလုံး လက်ခံ ယူတာ လည်း ကောင်းမွန် ခဲ့ သလို false 9 အဖြစ်လည်း ကောင်းကောင်း ကစား နိုင် ပါတယ် ။ ကျွန်တော် ကတော့ သူ့ကို ရုပ်ပိုင်း ဆိုင်ရာ ပိုပြီး ကြံ့ခိုင် စေချင် ပါတယ် ။ မားကပ်စ် ရော အန်သိုနီ ပါ ယူနိုက်တက် အတွက် တောင်ပံ တိုက်စစ် ကစားသမား အဖြစ် အတော်လေး ကစား ပေးခဲ့ ကြသူ တွေ ပါပဲ ။ ကျွန်တော် ကတော့ တောင်ပံ တိုက်စစ် ကစား သမား အဖြစ် နှစ်တွေ များစွာ ကစား ခဲ့တဲ့ သူ့ကို နံပါတ် 9 နေရာ မှာ တစ်ဖန် ပြန်လည် ကစား စေလို ပါတယ် ။ ” ဆိုပြီး နည်းပြဆိုးလ်ရှားကပြောပါတယ်။

ယူနိုက်တက် အသင်း ရဲ့ အကယ်ဒမီ ထွက် လူငယ် ကစားသမား လေး နှစ်ဦး ဖြစ်သလို လူငယ် အသင်းမှာ ခြေစွမ်း ကောင်းတွေ ကိုယ်စီ ပြသ ထားနိုင်ခဲ့ ကြတဲ့ တာဟစ် ချောင် နဲ့ အိန်ဂျယ် ဂိုးမက်စ် တို့ဟာ ယူနိုက်တက် အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံး သွားဖို့ နီးစပ် နေကြ ပါပြီ ။ “ကျွန်တော်တို့သူတို့နဲ့စကားပြောနေပါတယ်။တာဟစ်က ဂိုးသွင်းခဲ့တဲ့ပွဲတွေလည်းရှိပါတယ်။ သူ့ကိုအရံခုံထိုင်ခိုင်းရမယ့်အစား ပွဲထွက်စေချင်တာပါ။ ဒါကသူ့အတွက်အခွင့်အရေး ရတာနဲ့အသင့်ဖြစ်စေပါလိမ့် မယ်။အချို့ပွဲစဉ်တွေမှာ သူကစားတာအတော်လေး ကောင်းပါတယ်။ကောင်လေးတွေက စိတ်ထားပိုင်း နဲ့ပတ်သက်ရင်ကောင်းမွန်မှု့ရှိနေပါတယ်။သူတို့က သိပ်ကောင်းတဲ့ချာတိတ်တွေဖြစ်တာကြောင့် ထိန်းသိမ်းဖို့ကြိုးပမ်းရပါလိမ့်မယ် ဘာကြောင့်လဲဆိုလို့ရှိရင် နှစ်အနည်းငယ်မှာသူတို့ကသိပ်ကောင်းတဲ့ ကစားသမားတွေဖြစ်လာမှာမလို့ပါ။” ဆိုပြီးနည်းပြဆိုးလ်ရှားကပြောပါတယ်။အသက် 20 အရွယ်သာ ရှိနေ သေးတဲ့ တာဟစ်ချောင် နဲ့ အသက် 19 နှစ်သာ ရှိနေ သေးတဲ့ အိန်ဂျယ် ဂိုးမက်စ် တို့ဟာ ယူနိုက်တက် နဲ့ စာချုပ် သက်တမ်း လေးလ မျှသာ ကျန်ရှိ နေတော့တဲ့ အတွက် ယူနိုက်တက် အသင်းဟာ မကြာမီမှာ အရည်အသွေး ကောင်းတဲ့ လူငယ် ကြယ်ပွင့် နှစ်ဦးကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ဆုံးရှုံး ခံသွား ရဖို့ ရှိနေ ပါတယ် ။

အီဟာလိုကအသင်းဟောင်းနဲ့ပွဲမှာ ပွဲထွက်ခွင့်ရနိုင်မလားဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့တော့ “လူတိုင်းက အသင်းဟောင်းကိုဂိုးသွင်းတာနဲ့ပတ်သက်ရင်အမှတ်တရတွေရှိကြပါတယ်။ဒါပေမယ့်အသင်းဟောင်းနဲ့တွေ့ပြီးဂိုးမသွင်းယူနိုင်ခဲ့တာကလည်း အများအပြားပဲမဟုတ်လား။အီဟာလို က မိနစ်တွေပိုပိုပြီးကစားခွင့်ရမှာဖြစ်ပေမယ့် အဲဒီပွဲမှာတော့ မေဆင် ရဲ့အနေအထားအပြင် မာရှယ်ကရော ဘယ်လိုခံစားနေရလဲဆိုတာနဲ့ သက်ဆိုင်ပါလိမ့်မယ်။ မေဆင်ကနေမကောင်းဖြစ်နေတာပါ။”ဆိုပြီးနည်းပြဆိုးလ်ရှားကပြောပါတယ်။ ပွဲထွက်လူစာရင်း ကိစ္စ ကိုတော့ “ဥရောပပွဲတွေမှာဆို အလှည့်ကျစနစ်နဲ့အသုံးပြုခဲ့သလို၊ ယခုတစ်ပတ်ကတော့ ချဲလ်ဆီးနဲ့ပွဲကလူစာရင်း မျိုးပြန်ထွက်လာမယ်။တစ်ပတ်အတွင်းသုံးပွဲအထိကန်ရတာလေ၊ဒါပေမယ့်ကျွန်တော်တို့အခွင့်အရေးကိုယူရမှာပဲ။ကျွန်တော့်အထင် ဘရူနို နဲ့ အီဟာလို ဝင်ရောက်လာတာက ဂိုးတွေအများအပြားထပ်ပေါင်းထည့်နိုင်မယ်လို့ထင်ပါ တယ်။ဒါကအသင်းအတွက်အရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့ရှုံးခဲ့တဲ့ ဝက်စ်ဟမ်း၊ဘန်လေ၊ပဲလေစ့်၊ဘုန်းမောက် တို့နဲ့ပွဲတွေမှာဆို ကျွန်တော်တို့ကအခွင့်အရေးတွေရပေမယ့် အသုံးချနိုင်ခြင်းမှမရှိခဲ့ဘဲ။ ကလပ်ဘရုချ်နဲ့ပွဲမှာဆို လည်းအနေအထားမကောင်းခဲ့ပါဘူး။”ဆိုပြီးနည်းပြဆိုးလ်ရှားကပြောပါတယ်။

ယူနိုက်တက် အသင်း ဟာ ဒီ တစ်ပတ် ယူရို ပါလိဂ် 32 ရှုံးထွက် အဆင့် ရဲ့ ပထမ အကျော့ ပွဲစဉ် အဖြစ် ဘယ်လ်ဂျီယံ မြေမှာ ကလပ် ဘရုချ် အသင်း နဲ့ ကစား ခဲ့ဲပြီး တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ် ခဲ့ ပါတယ် ။ ဒါ့ကြောင့် ဒုတိယ အကျော့ မှာ နောက် တစ်ဆင့် တက်နိုင်ရေး အတွက် နှစ်သင်းလုံး အစွမ်းကုန် ကြိုးစား ရပါ တော့မယ် ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
(Zawgyi Version)
နည္းျပဆုိးလ္ရွားေျဖၾကားထားတဲ့သရဲနီသားေတြရဲ႕စာခ်ဳပ္ကိစၥနဲ႔အျခားအေၾကာင္းအရာမ်ား
ယူႏိုက္တက္နည္းျပဆိုးလ္ရွားတစ္ေယာက္ ဝဒ့္ဖိုဒ့္အသင္းနဲ႔ပြဲမတိုင္ခင္ မွာအင္တာဗ်ဴးေျဖဆိုထားပါတယ္။ အဲဒီအင္တာဗ်ဴးထဲက ဆုိးလ္ရွားေျပာဆုိထားတဲ့အေၾကာင္းအရာအခ်ဳိ႕ကိုတင္ဆက္ေပးလိုက္ပါတယ္။ ယူႏိုက္တက္ နည္းျပ ဆိုးလ္ရွား က တိုက္စစ္မႉး ျဖစ္သူ မာရွယ္ ဟာ ဒီ ေဘာလုံး ရာသီ အတြင္း အသင္း အတြက္ အနည္းဆုံး သြင္းဂိုး 20 ေလာက္ ေသခ်ာေပါက္ သြင္းယူ ႏိုင္ လိမ့္မယ္လုိ႔ေျပာဆိုထားပါတယ္။ “မာရွယ္ဟာ ေရွ႕ဆက္ၿပီး ပုံစံေကာင္းေတြ ျပသရင္း ဂိုး အနည္းငယ္ သြင္းယူကာ သြင္းဂိုး 20 အထိကို ေရာက္ႏိုင္ လိမ့္မယ္ လို႔ ကြၽန္ေတာ္ ထင္ ပါတယ္ ။ သူဟာ အရည္အေသြး ေကာင္းေတြ ကို ပိုင္ဆိုင္ ထားတဲ့ သူပါ။သူကသိပ္ေကာင္းတဲ့ကစားသမားပါ၊ၿပီးေတာ့အဆုံးသတ္ကလည္းရွယ္ပါပဲ။အခြင့္အေရးရယူႏိုင္ပုံကလည္းတကယ္ေကာင္းပါတယ္။အဆုံးသတ္ပိုင္းနဲ႔ပတ္သက္ရင္သူ႔မွာကိုယ္ပိုင္နည္းဗ်ဴဟာရွိသလို ေဘာလုံးလက္ခံတဲ့အပိုင္းေတြမွာလည္းပိုၿပီးေကာင္းမြန္လာပါတယ္။ေတာင္ပံေတြထြက္တာေရာေပါ့။ သူဟာ ေဘာလုံး လက္ခံ ယူတာ လည္း ေကာင္းမြန္ ခဲ့ သလို false 9 အျဖစ္လည္း ေကာင္းေကာင္း ကစား ႏိုင္ ပါတယ္ ။ ကြၽန္ေတာ္ ကေတာ့ သူ႔ကို ႐ုပ္ပိုင္း ဆိုင္ရာ ပိုၿပီး ႀကံ့ခိုင္ ေစခ်င္ ပါတယ္ ။ မားကပ္စ္ ေရာ အန္သိုနီ ပါ ယူႏိုက္တက္ အတြက္ ေတာင္ပံ တိုက္စစ္ ကစားသမား အျဖစ္ အေတာ္ေလး ကစား ေပးခဲ့ ၾကသူ ေတြ ပါပဲ ။ ကြၽန္ေတာ္ ကေတာ့ ေတာင္ပံ တိုက္စစ္ ကစား သမား အျဖစ္ ႏွစ္ေတြ မ်ားစြာ ကစား ခဲ့တဲ့ သူ႔ကို နံပါတ္ 9 ေနရာ မွာ တစ္ဖန္ ျပန္လည္ ကစား ေစလို ပါတယ္ ။ ” ဆုိၿပီး နည္းျပဆိုးလ္ရွားကေျပာပါတယ္။
ယူႏိုက္တက္ အသင္း ရဲ႕ အကယ္ဒမီ ထြက္ လူငယ္ ကစားသမား ေလး ႏွစ္ဦး ျဖစ္သလို လူငယ္ အသင္းမွာ ေျခစြမ္း ေကာင္းေတြ ကိုယ္စီ ျပသ ထားႏိုင္ခဲ့ ၾကတဲ့ တာဟစ္ ေခ်ာင္ နဲ႔ အိန္ဂ်ယ္ ဂိုးမက္စ္ တို႔ဟာ ယူႏိုက္တက္ အသင္း နဲ႔ စာခ်ဳပ္ သက္တမ္း ကုန္ဆုံး သြားဖို႔ နီးစပ္ ေနၾက ပါၿပီ ။ “ကၽြန္ေတာ္တို႔သူတို႔နဲ႔စကားေျပာေနပါတယ္။တာဟစ္က ဂိုးသြင္းခဲ့တဲ့ပြဲေတြလည္းရိွပါတယ္။ သူ႔ကိုအရံခုံထိုင္ခိုင္းရမယ့္အစား ပြဲထြက္ေစခ်င္တာပါ။ ဒါကသူ႔အတြက္အခြင့္အေရးရတာနဲ႔အသင့္ျဖစ္ေစပါလိမ့္ မယ္။အခ်ဳိ႕ပြဲစဥ္ေတြမွာ သူကစားတာအေတာ္ေလးေကာင္းပါတယ္။ေကာင္ေလးေတြက စိတ္ထားပိုင္း နဲ႔ပတ္သက္ရင္ေကာင္းမြန္မႈ႕ရွိေနပါတယ္။သူတို႔က သိပ္ေကာင္းတဲ့ခ်ာတိတ္ေတြျဖစ္တာေၾကာင့္ ထိန္းသိမ္းဖို႔ႀကိဳးပမ္းရပါလိမ့္မယ္ ဘာေၾကာင့္လဲဆုိလို႔ရိွရင္ ႏွစ္အနည္းငယ္မွာသူတို႔ကသိပ္ေကာင္းတဲ့ ကစားသမားေတြျဖစ္လာမွာမလို႔ပါ။”ဆိုၿပီးနည္းျပဆို္းလ္ရွားကေျပာပါတယ္။အသက္ 20 အရြယ္သာ ရွိေန ေသးတဲ့ တာဟစ္ေခ်ာင္ နဲ႔ အသက္ 19 ႏွစ္သာ ရွိေန ေသးတဲ့ အိန္ဂ်ယ္ ဂိုးမက္စ္ တို႔ဟာ ယူႏိုက္တက္ နဲ႔ စာခ်ဳပ္ သက္တမ္း ေလးလ မွ်သာ က်န္ရွိ ေနေတာ့တဲ့ အတြက္ ယူႏိုက္တက္ အသင္းဟာ မၾကာမီမွာ အရည္အေသြး ေကာင္းတဲ့ လူငယ္ ၾကယ္ပြင့္ ႏွစ္ဦးကို အလြတ္ ေျပာင္းေ႐ႊ႕ေၾကး နဲ႔ ဆုံးရႈံး ခံသြား ရဖို႔ ရွိေန ပါတယ္ ။
အီဟာလိုကအသင္းေဟာင္းနဲ႔ပြဲမွာ ပြဲထြက္ခြင့္ရႏိုင္မလားဆိုတဲ့ကိစၥနဲ႔ပတ္သက္လို႔ေတာ့ “လူတိုင္းက အသင္းေဟာင္းကိုဂိုးသြင္းတာနဲ႔ပတ္သက္ရင္အမွတ္တရေတြရွိၾကပါတယ္။ဒါေပမယ့္အသင္းေဟာင္းနဲ႔ေတြ႕ၿပီးဂိုးမသြင္းယူႏိုင္ခဲ့တာကလည္း အမ်ားအျပားပဲမဟုတ္လား။အီဟာလို က မိနစ္ေတြပိုပိုၿပီးကစားခြင့္ရမွာျဖစ္ေပမယ့္ အဲဒီပြဲမွာေတာ့ ေမဆင္ ရဲ႕အေနအထားအျပင္ မာရွယ္ကေရာ ဘယ္လိုခံစားေနရလဲဆိုတာနဲ႔ သက္ဆိုင္ပါလိမ့္မယ္။ ေမဆင္ကေနမေကာင္းျဖစ္ေနတာပါ။”ဆိုၿပီးနည္းျပဆို္းလ္ရွားကေျပာပါတယ္။
ပြဲထြက္လူစာရင္းကိစၥကိုေတာ့ “ဥေရာပပြဲေတြမွာဆို အလွည့္က်စနစ္နဲ႔အသုံးျပဳခဲ့သလုိ၊ ယခုတစ္ပတ္ကေတာ့ ခ်ဲလ္ဆီးနဲ႔ပြဲကလူစာရင္းမ်ိဳးျပန္ထြက္လာမယ္။တစ္ပတ္အတြင္းသုံးပြဲအထိကန္ရတာေလ၊ဒါေပမယ့္ကၽြန္ေတာ္တို႔အခြင့္အေရးကိုယူရမွာပဲ။ကၽြန္ေတာ့္အထင္ ဘ႐ူႏို နဲ႔ အီဟာလို ဝင္ေရာက္လာတာက ဂိုးေတြအမ်ားအျပားထပ္ေပါင္းထည့္ႏိုင္မယ္လို႔ထင္ပါတယ္။ဒါကအသင္းအတြက္အရမ္းအေရးႀကီးပါတယ္။ ကၽြန္ေတာ္တို႔ရႈံးခဲ့တဲ့ ဝက္စ္ဟမ္း၊ဘန္ေလ၊ပဲေလစ့္၊ဘုန္းေမာက္ တို႔နဲ႔ပြဲေတြမွာဆို ကၽြန္ေတာ္တို႔ကအခြင့္အေရးေတြရေပမယ့္ အသုံးခ်ႏိုင္ျခင္းမွမရွိခဲ့ဘဲ။ ကလပ္ဘရုခ်္နဲ႔ပြဲမွာဆို လည္းအေနအထားမေကာင္းခဲ့ပါဘူး။”ဆိုၿပီးနည္းျပဆိုးလ္ရွားကေျပာပါတယ္။
ယူႏိုက္တက္ အသင္း ဟာ ဒီ တစ္ပတ္ ယူ႐ို ပါလိဂ္ 32 ရႈံးထြက္ အဆင့္ ရဲ႕ ပထမ အေက်ာ့ ပြဲစဥ္ အျဖစ္ ဘယ္လ္ဂ်ီယံ ေျမမွာ ကလပ္ ဘ႐ုခ်္ အသင္း နဲ႔ ကစား ခဲ့ဲၿပီး တစ္ဖက္ တစ္ဂိုးစီ သေရ ရလဒ္ ထြက္ေပၚ ခဲ့ ပါတယ္ ။ ဒါ့ေၾကာင့္ ဒုတိယ အေက်ာ့ မွာ ေနာက္ တစ္ဆင့္ တက္ႏိုင္ေရး အတြက္ ႏွစ္သင္းလုံး အစြမ္းကုန္ ႀကိဳးစား ရပါ ေတာ့မယ္။