
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြဖြစ်သူဆိုးလ်ရှားကို (၃)နှစ်စာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်ပြီး ဆိုးလ်ရှားဟာ နည်းပြအဖြစ် ၂၀၂၄ ခုနှစ်အထိအသင်းမှာ ဆက်ရှိနေမှာဖြစ်သလို တကယ်လို့စာချုပ်သက်တမ်းပြည့်သွားရင် နောက်ထပ်(၁)နှစ်သက်တမ်းတိုးဖို့သဘောတူညီချက်လည်း ပါဝင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ၂၀၁၉ ခုနှစ်တုန်းက မော်ရင်ဟိုကို ရာထူးကထုတ်ပယ်ခဲ့ပြီးတော့ ကစားသမားဘဝတုန်းက အသင်းအတွက် ချန်ပီယံလိဂ်၊
ပရီးမီးယားလိဂ်ဆုဖလားတွေရယူခဲ့သူ ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ်ခန့်အပ်ခဲ့ပြီး နောက်ပိုင်းမှာ ရလဒ်ကောင်းတွေရယူနိုင်ခဲ့လို့ အမြဲတမ်းနည်းပြအဖြစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
ဆိုးလ်ရှားဟာ ၂၀၁၉-၂၀ ရာသီကုန်မှာ ပရီးမီးယားလိဂ်အဆင့်(၃)နေရာရရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်အဆင့်(၂)၊ ယူရိုပါလိဂ်ဗိုလ်လုပွဲအဆင့်အထိပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် ဗီလာရီးယဲလ်ကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ရှုံးနိမ့်ခဲ့လို့သာ ဒုတိယနေရာနဲ့ကျေနပ်ခဲ့ရတာပါ။
ဆိုးလ်ရှားရဲ့ ယူနိုက်တက်နည်းပြဘဝတစ်လျှောက် အားနည်းချက်တွေရှိခဲ့ပေမယ့်လည်း တာဝန်ရှိသူတွေကတော့ ဆိုးလ်ရှားအပေါ် အပြည့်အဝယုံကြည်မှုရှိနေဆဲဖြစ်တာကြောင့် နောက်ထပ်(၃)နှစ်စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်နဲ့စာချုပ်သက်တမ်းတိုးခဲ့ပြီးတဲ့နောက် ဆိုးလ်ရှားက “ကလပ်အသင်းအပေါ်ထားရှိတဲ့ ကျွန်တော့်ခံယူချက်ကို အားလုံးအသိဖြစ်ပါလိမ့်မယ်။
အသင်းနဲ့စာချုပ်သက်တမ်းတိုးနိုင်ခဲ့လို့လည်း ကျွန်တော်ကျေနပ်မိပါတယ်။
အခုအချိန်ဟာ ယူနိုက်တက်အသင်းအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံးအချိန်ဖြစ်ပြီး အသင်းမှာ အရည်အသွေးမြင့်လူငယ်ကစားသမားတွေနဲ့ ၀ါရင့်ကစားသမားတွေကို အချိုးညီညီပေါင်းစပ်ထားသလို သူတို့အားလုံးက အောင်မြင်မှုရယူဖို့ ဆန္ဒပြင်းပြနေကြတာပါ။
မန်ချက်စတာယူနိုက်တက်အသင်းဆိုတာက ကြီးကျယ်ခမ်းနားတဲ့ဆုဖလားတွေကို ရယူဖို့အမြဲတမ်းကြိုးစားနေတာဖြစ်ပြီး ကျွန်တော်တို့အားလုံးကလည်း အဲဒီအတိုင်းဆန္ဒရှိနေကြတာဖြစ်ပါတယ်။
လာမယ့်ရာသီသစ်ကျရင် အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ပရိသတ်တွေနဲ့အတူပြန်လည်ဆုံတွေ့ရမယ့်အချိန်ကို ကျွန်တော် မစောင့်ဆိုင်းနိုင်လောက်အောင်ဖြစ်နေပါပြီ”လို့ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီကျရင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို မန်စီးတီးနဲ့အပြိုင်စိန်ခေါ်နိုင်ဖို့အတွက် အခုနွေရာသီကာလမှာ ဒေ့ါမွန်အသင်းရဲ့အင်္ဂလန်လူငယ်ကြယ်ပွင့်ကစားသမားဆန်ချိုကို ပေါင်(၇၃)သန်းနဲ့ ခေါ်ယူခဲ့ပြီးဖြစ်သလို ရီးယဲလ်နောက်ခံလူဗာရန်းကိုလည်း ခေါ်ယူနိုင်ဖို့နီးစပ်နေပါပြီ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
နည္းျပဆိုးလ္ရွားကို ၂၀၂၄ ခုႏွစ္အထိ (၃)ႏွစ္စာခ်ဳပ္သက္တမ္းတိုးခဲ့တဲ့ ယူႏိုက္တက္
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ နည္းျပျဖစ္သူဆိုးလ္ရွားကို (၃)ႏွစ္စာခ်ဳပ္သက္တမ္းတိုးလိုက္ၿပီျဖစ္ၿပီး ဆိုးလ္ရွားဟာ နည္းျပအျဖစ္ ၂၀၂၄ ခုႏွစ္အထိအသင္းမွာ ဆက္ရွိေနမွာျဖစ္သလို တကယ္လို႔စာခ်ဳပ္သက္တမ္းျပည့္သြားရင္ ေနာက္ထပ္(၁)ႏွစ္သက္တမ္းတိုးဖို႔သေဘာတူညီခ်က္လည္း ပါဝင္ခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ၂၀၁၉ ခုႏွစ္တုန္းက ေမာ္ရင္ဟိုကို ရာထူးကထုတ္ပယ္ခဲ့ၿပီးေတာ့ ကစားသမားဘဝတုန္းက အသင္းအတြက္ ခ်န္ပီယံလိဂ္၊ ပရီးမီးယားလိဂ္ဆုဖလားေတြရယူခဲ့သူ ဆိုးလ္ရွားကို ယာယီနည္းျပအျဖစ္ခန႔္အပ္ခဲ့ၿပီး ေနာက္ပိုင္းမွာ ရလဒ္ေကာင္းေတြရယူႏိုင္ခဲ့လို႔ အၿမဲတမ္းနည္းျပအျဖစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။
ဆိုးလ္ရွားဟာ ၂၀၁၉-၂၀ ရာသီကုန္မွာ ပရီးမီးယားလိဂ္အဆင့္(၃)ေနရာရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သလို ၿပီးခဲ့တဲ့ရာသီမွာ ပရီးမီးယားလိဂ္အဆင့္(၂)၊ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲအဆင့္အထိပို႔ေဆာင္ေပးႏိုင္ခဲ့ေပမယ့္ ဗီလာရီးယဲလ္ကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔ရႈံးနိမ့္ခဲ့လို႔သာ ဒုတိယေနရာနဲ႔ေက်နပ္ခဲ့ရတာပါ။
ဆိုးလ္ရွားရဲ႕ ယူႏိုက္တက္နည္းျပဘဝတစ္ေလွ်ာက္ အားနည္းခ်က္ေတြရွိခဲ့ေပမယ့္လည္း တာဝန္ရွိသူေတြကေတာ့ ဆိုးလ္ရွားအေပၚ အျပည့္အဝယုံၾကည္မႈရွိေနဆဲျဖစ္တာေၾကာင့္ ေနာက္ထပ္(၃)ႏွစ္စာခ်ဳပ္သက္တမ္းတိုးခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္နဲ႔စာခ်ဳပ္သက္တမ္းတိုးခဲ့ၿပီးတဲ့ေနာက္ ဆိုးလ္ရွားက “ကလပ္အသင္းအေပၚထားရွိတဲ့ ကြၽန္ေတာ့္ခံယူခ်က္ကို အားလုံးအသိျဖစ္ပါလိမ့္မယ္။ အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးႏိုင္ခဲ့လို႔လည္း ကြၽန္ေတာ္ေက်နပ္မိပါတယ္။
အခုအခ်ိန္ဟာ ယူႏိုက္တက္အသင္းအတြက္ စိတ္လႈပ္ရွားစရာအေကာင္းဆုံးအခ်ိန္ျဖစ္ၿပီး အသင္းမွာ အရည္အေသြးျမင့္လူငယ္ကစားသမားေတြနဲ႔ ၀ါရင့္ကစားသမားေတြကို အခ်ိဳးညီညီေပါင္းစပ္ထားသလို သူတို႔အားလုံးက ေအာင္ျမင္မႈရယူဖို႔ ဆႏၵျပင္းျပေနၾကတာပါ။ မန္ခ်က္စတာယူႏိုက္တက္အသင္းဆိုတာက ႀကီးက်ယ္ခမ္းနားတဲ့ဆုဖလားေတြကို ရယူဖို႔အၿမဲတမ္းႀကိဳးစားေနတာျဖစ္ၿပီး ကြၽန္ေတာ္တို႔အားလုံးကလည္း အဲဒီအတိုင္းဆႏၵရွိေနၾကတာျဖစ္ပါတယ္။
လာမယ့္ရာသီသစ္က်ရင္ အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ ပရိသတ္ေတြနဲ႔အတူျပန္လည္ဆုံေတြ႕ရမယ့္အခ်ိန္ကို ကြၽန္ေတာ္ မေစာင့္ဆိုင္းႏိုင္ေလာက္ေအာင္ျဖစ္ေနပါၿပီ”လို႔ေျပာၾကားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ လာမယ့္ရာသီက်ရင္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို မန္စီးတီးနဲ႔အၿပိဳင္စိန္ေခၚႏိုင္ဖို႔အတြက္ အခုေႏြရာသီကာလမွာ ေဒ့ါမြန္အသင္းရဲ႕အဂၤလန္လူငယ္ၾကယ္ပြင့္ကစားသမားဆန္ခ်ိဳကို ေပါင္(၇၃)သန္းနဲ႔ ေခၚယူခဲ့ၿပီးျဖစ္သလို ရီးယဲလ္ေနာက္ခံလူဗာရန္းကိုလည္း ေခၚယူႏိုင္ဖို႔နီးစပ္ေနပါၿပီ။