နည်းပြဆိုလ်းရှားအကွက်ရွှေ့နေတဲ့ ကစားသမားအပြောင်းအရွှေ့

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ အင်္ဂလန်သား ကစားသမားတွေဖြစ်တဲ့ ဖီလ်းဂျုံစ်း နဲ့ ဂျက်ဆီလင်ဂါတ်တို့နှစ်ဦး ကို သင့်‌တော်တဲ့ကမ်းလှမ်းမှု့တွေရရှိလာပါကရောင်းချသွားဖို့ အသင့်ပြင်ထားတယ်လို့သိရပါတယ်။ နည်းပြဆိုး လ်ရှား ရဲ့ အစီအစဉ်ထဲမှာ သူတို့နှစ်ယောက်ဟာလူပိုဖြစ်နေလို့လားဆိုပြီးတွေးရမလိုဖြစ်နေပါပြီ။ အဲဒီနှစ်ယောက်ကလည်း ယူနိုက်တက်ကနေထွက်ခွာဖို့စိုင်းပြင်နေကြတာပါ။ ဂျက်ဆီလင်ဂါတ်ဟာနည်းပြ ဆိုးလ်ရှား နဲ့ အတော်လေးမသင့်မြတ်ဖြစ်နေတဲ့ ရိုင်းအိုလာ နဲ့ လက်တွဲခဲ့ပြီးတဲ့နောက်မှာတော့ ယူနိုက်တက်နဲ့ဆက်လက် လက်တွဲဖို့ ပိုမိုခက်ခဲလာခဲ့တာဖြစ်ပါတယ်။ တစ်ရာသီမှ နှစ်ဂိုးသာရပေမယ့်လည်း လင်ဂါဒ့် က သူ့ရဲ့ခြေစွမ်းဟာ ပွဲထွက်ခွင့်နဲ့ထိုက်တန်တယ်လို့ယူဆနေပြီး ဥရောပရဲ့ အကောင်းဆုံး နံပါတ်၁၀ ထဲမှာသူပါနေတယ်လို့ ထင်နေပါသေးတယ်။ ယူနိုက်တက်မှာ ကာလရှည်ကြာ ရှိနေခဲ့တဲ့ ဖီလ်းဂျုံစ်း အနေနဲ့လည်း နောင်တော် စမောလင်း ရဲ့ လမ်းစဉ်အတိုင်း မကြာခင်မှာ အသင်းပြောင်းရပါတော့မယ်။

photo internet

စမောလင်း နဲ့ ဂျုံစ်း ညီနောင် ဟာ အသင်းကို ရီယိုဖာဒီနန် နဲ့ ဗီဒစ် တို့ရဲ့ ခေတ်ထဲက ရောက်ရှိနေတာဖြစ်ပေမယ့်လည်း ခြေစွမ်းတိုးတက်မှု့ကတော့နှေးကွေးလွန်းတဲ့အပြင် သူတို့ထက် ခေါင်းတစ်လုံးပိုသာတဲ့ မက်ဂွိုင်းယား၊ဘိုင်လီ၊လင်ဒီလောဖ့် တို့ရောက်ရှိလာမှု့တို့နဲ့အတူ လျင်မြန်တဲ့လူငယ်ကစားသမား တွေရဲ့ဖိအားတွေကြောင့်လည်း ယူနိုက်တက်မှာ အနာဂတ် ေ၀ဝါးလာနေခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရတော့ ယူနိုက်တက်အသင်း ကတော့ ကစားသမားတစ်ယောက်ကို ပေါင် ၁၅သန်းခန့်သတ်မှတ်ထားပြီး ရောင်းချသွားမယ်လို့သိရပါတယ်။

photo internet

လူငယ်သွေးသစ်တွေနဲ့ပုံဖော်မယ့် နည်းပြဆိုးလ်ရှားရဲ့အစီအစဉ်ဟာအခြားအသင်းတွေရဲ့လူပြိုင်ခေါ်ယူမှုတွေ ကြောင့် ချောမွေ့တဲ့လမ်းတော့ဖြစ်မနေပါဘူး။ နည်းပြဆိုးလ်ရှားဟာ ဗြိတိန်လူငယ်ကွင်းလယ်ကစားသမားလေး ဘယ်လင်ဟမ် ကိုခေါ်ယူဖို့စိတ်ကူးရှိပေမယ့် အဲဒီကောင်လေးကိုအပြိုင်ခေါ်ချင်တဲ့အခြားအသင်းတွေလည်းရှိပါ သေးတယ်။ ဘာမင်ဂမ် အသင်းရဲ့ ဆယ်ကျော်သက်လူငယ်ချာတိတ်လေးဟာ တိုးတက်လာမယ့် မျိုးဆက်သစ်အနေနဲ့ သတ်မှတ်ခံထားရပြီး အသင်းကြီးများစွာရဲ့စောင့်ကြည့်ခြင်းကိုခံနေရသူဖြစ်ပါတယ်။ ဘယ်လင်ဟမ် ကို ချဲလ်ဆီး၊လီဗာပူလ်း၊မန်စီးတီး အပြင် ဂျာမဏီ ကလပ် ဒေါ့မွန်အသင်းကလည်း ခေါ်ယူနိုင်ဖို့စောင့်ကြည့်နေပါသေးတယ်။ ဘာမင်ဂမ်စီးတီး အသင်းအတွက် ဒီရာသီမှာ ၄ဂိုးသွင်းယူထားပြီး ၂ဂိုးဖန်တီးထားတဲ့ ဘယ်လင်ဟမ် ကို ဆာအဲလက်စ်ဖာဂူဆန် ကိုယ်တိုင်ကလည်း ကြိုက်နှစ်သက်နေ တာဖြစ်ပါတယ်။ ကစားသမားရဲ့မိသားစုကတော့ လက်ရှိအချိန်မှာ အသင်းပေါင်းများစွာ ရဲ့ ကမ်းလှမ်းမှု့ တွေကိုလက်ခံပြီး သူတို့ရဲ့ သား ကို အကောင်းဆုံးတက်လမ်းရရှိမယ့်အသင်းကြီးထံပို့ဆောင်ပေးချင် နေတာဖြစ်ပါတယ်။ ဟာလန်း အပြောင်းအရွှေ့တုန်းကလည်း ဒေါ့မွန်အသင်းကို ရှုံးနိမ့်ခဲ့ဖူးတဲ့ ယူနိုက်တက်အသင်းအနေနဲ့ ဒီတစ်ကြိမ်မှာလည်း ဘယ်လင်ဟမ် အတွက် ဒေါ့မွန် အသင်းနဲ့ ပြန်လည်ရင်ဆိုင်ရ ဖွယ်ရှိနေပါတယ်။

photo internet

တစ်ဖက်မှာလည်း ဒေါ့မွန်ရဲ့ တောင်ပံလူ ဆန်ချို ကို ပစ်မှတ်ထားနေတဲ့ ယူနိုက်တက် အနေနဲ့ ဘယ်လင်ဟမ် ကို ဒေါ့မွန်အသင်းထံ လက်လွှတ်ပြီး ဆန်ချို ကို ခေါ်ယူသင့်တယ်ဆိုတဲ့ မှတ်ချက်တွေလည်းရှိနေပါတယ်။ ဆိုးလ်ရှားလက်ထက် ပထမဆုံးကစားခဲ့တဲ့ (၁၇)ပွဲမှာ ယူနိုက်တက်တို့ဟာ (၁)ပွဲသာရှုံးနိမ့်ခဲ့သလို၊ ပီအက်စ်ဂျီကိုအဝေးကွင်းမှာ (၁-၃)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာမယုံနိုင်စရာ ပြန်လာနိုင်မှုတွေလည်းရှိခဲ့ပါတယ်။ ဒီနောက်ပိုင်းတော့ ယူနိုက်တက်ရဲ့ အခြေအနေတွေက တစ်ဖန်ပြန်ဆိုးရွားနေခဲ့ပြီး၊ နိုင်သင့်တဲ့ပွဲတွေမနိုင်ဖြစ်ခဲ့ပြီးတော့ ရုန်းကန်နေခဲ့ရတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ယူနိုက်တက်တို့ဟာပြန်လည်ပြီးတော့ တည်ငြိမ်လာနေပြီး၊ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၁၀)ပွဲဆက်တိုက်ရှုံးပွဲမရှိတော့ပါဘူး။ ဘရူနိုဖာနန်ဒက်စ်ရောက်လာခြင်းနဲ့ အတူ ယူနိုက်တက်ရဲ့ အခြေအနေတွေက တော်တော် လေးပြန်ပြီးတော့ကောင်းမွန်လာခဲ့ပြီး၊ အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာမှာ အဆင့်လေးနေရာက ချဲလ်ဆီးထက်တစ်မှတ်လျှော့ပြီး ရပ်တည်လျက်ရှိနေပါတယ်။ အခုဆိုရင် ဆိုးလ်ရှားလက်ထက် ယူနိုက်တက်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲအရေအတွက်ဟာ ပွဲ(၅၀)ရှိသွားပြီဖြစ် ပါတယ်။

photo internet

ဆက်လက်ပြီးအနာဂတ်မှာနည်းပြဆိုးလ်ရှားတစ်ယောက် ကစားသမားအပြောင်းအရွှေ့တွေကို ဘယ်လိုပုံဖော်မလဲ၊ ယူနိုက်တက်ကိုဘယ်အနေအထားရောက်အောင်လုပ်ဆောင်နိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ်ပါပဲ။ ယူနိုက်တက်ပရိသတ်တွေကတော့ အသင်းအနေနဲ့ဆုဖလားတွေကိုင်မြှောက်တာကို မြင်ချင်နေကြပြီဖြစ်ပါတယ်။

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

(Zawgyi Version)

နည္းျပဆိုလ္းရွားအကြက္ေရႊ႕ေနတဲ့ ကစားသမားအေျပာင္းအေရႊ႕

ယူႏိုက္တက္အသင္းဟာ သူတို႔ရဲ႕ အဂၤလန္သား ကစားသမားေတြျဖစ္တဲ့ ဖီလ္းဂ်ဳံစ္း နဲ႔ ဂ်က္ဆီလင္ဂါတ္တို႔ႏွစ္ဦး ကို သင့္‌ေတာ္တဲ့ကမ္းလွမ္းမႈ႕ေတြရရွိလာပါကေရာင္းခ်သြားဖို႔ အသင့္ျပင္ထားတယ္လို႔သိရပါတယ္။ နည္းျပဆိုး လ္ရွား ရဲ႕ အစီအစဥ္ထဲမွာ သူတို႔ႏွစ္ေယာက္ဟာလူပိုျဖစ္ေနလုိ႔လားဆုိၿပီးေတြးရမလိုျဖစ္ေနပါၿပီ။ အဲဒီႏွစ္ေယာက္ကလည္း ယူႏိုက္တက္ကေနထြက္ခြာဖို႔စိုင္းျပင္ေနၾကတာပါ။ ဂ်က္ဆီလင္ဂါတ္ဟာနည္းျပ ဆိုးလ္ရွား နဲ႔ အေတာ္ေလးမသင့္ျမတ္ျဖစ္ေနတဲ့ ႐ိုင္းအိုလာ နဲ႔ လက္တြဲခဲ့ၿပီးတဲ့ေနာက္မွာေတာ့ ယူႏိုက္တက္နဲ႔ဆက္လက္ လက္တြဲဖို႔ ပိုမိုခက္ခဲလာခဲ့တာျဖစ္ပါတယ္။ တစ္ရာသီမွ ႏွစ္ဂိုးသာရေပမယ့္လည္း လင္ဂါဒ့္ က သူ႔ရဲ႕ေျခစြမ္းဟာ ပြဲထြက္ခြင့္နဲ႔ထိုက္တန္တယ္လို႔ယူဆေနၿပီး ဥေရာပရဲ႕ အေကာင္းဆုံး နံပါတ္၁၀ ထဲမွာသူပါေနတယ္လုိ႔ ထင္ေနပါေသးတယ္။ ယူႏိုက္တက္မွာ ကာလရွည္ၾကာ ရွိေနခဲ့တဲ့ ဖီလ္းဂ်ဳံစ္း အေနနဲ႔လည္း ေနာင္ေတာ္ စေမာလင္း ရဲ႕ လမ္းစဥ္အတိုင္း မၾကာခင္မွာ အသင္းေျပာင္းရပါေတာ့မယ္။ စေမာလင္း နဲ႔ ဂ်ဳံစ္း ညီေနာင္ ဟာ အသင္းကို ရီယိုဖာဒီနန္ နဲ႔ ဗီဒစ္ တို႔ရဲ႕ ေခတ္ထဲက ေရာက္ရွိေနတာျဖစ္ေပမယ့္လည္း ေျခစြမ္းတိုးတက္မႈ႕ကေတာ့ေႏွးေကြးလြန္းတဲ့အျပင္ သူတို႔ထက္ ေခါင္းတစ္လုံးပိုသာတဲ့ မက္ဂြိဳင္းယား၊ဘိုင္လီ၊လင္ဒီေလာဖ့္ တို႔ေရာက္ရွိလာမႈ႕တို႔နဲ႔အတူ လ်င္ျမန္တဲ့လူငယ္ကစားသမား ေတြရဲ႕ဖိအားေတြေၾကာင့္လည္း ယူႏိုက္တက္မွာ အနာဂတ္ ေ၀၀ါးလာေနခဲ့တာျဖစ္ပါတယ္။ သတင္းေတြအရေတာ့ ယူႏိုက္တက္အသင္း ကေတာ့ ကစားသမားတစ္ေယာက္ကို ေပါင္ ၁၅သန္းခန႔္သတ္မွတ္ထားၿပီး ေရာင္းခ်သြားမယ္လို႔သိရပါတယ္။
လူငယ္ေသြးသစ္ေတြနဲ႔ပုံေဖာ္မယ့္ နည္းျပဆိုးလ္ရွားရဲ႕အစီအစဥ္ဟာအျခားအသင္းေတြရဲ႕လူၿပိဳင္ေခၚယူမႈေတြ ေၾကာင့္ ေခ်ာေမြ႕တဲ့လမ္းေတာ့ျဖစ္မေနပါဘူး။ နည္းျပဆိုးလ္ရွားဟာ ၿဗိတိန္လူငယ္ကြင္းလယ္ကစားသမားေလး ဘယ္လင္ဟမ္ ကိုေခၚယူဖို႔စိတ္ကူးရိွေပမယ့္ အဲဒီေကာင္ေလးကိုအၿပိဳင္ေခၚခ်င္တဲ့အျခားအသင္းေတြလည္းရိွပါ ေသးတယ္။ ဘာမင္ဂမ္ အသင္းရဲ႕ ဆယ္ေက်ာ္သက္လူငယ္ခ်ာတိတ္ေလးဟာ တိုးတက္လာမယ့္ မ်ိဳးဆက္သစ္အေနနဲ႔ သတ္မွတ္ခံထားရၿပီး အသင္းႀကီးမ်ားစြာရဲ႕ေစာင့္ၾကည့္ျခင္းကိုခံေနရသူျဖစ္ပါတယ္။ ဘယ္လင္ဟမ္ ကို ခ်ဲလ္ဆီး၊လီဗာပူလ္း၊မန္စီးတီး အျပင္ ဂ်ာမဏီ ကလပ္ ေဒါ့မြန္အသင္းကလည္း ေခၚယူႏိုင္ဖို႔ေစာင့္ၾကည့္ေနပါေသးတယ္။ ဘာမင္ဂမ္စီးတီး အသင္းအတြက္ ဒီရာသီမွာ ၄ဂိုးသြင္းယူထားၿပီး ၂ဂိုးဖန္တီးထားတဲ့ ဘယ္လင္ဟမ္ ကို ဆာအဲလက္စ္ဖာဂူဆန္ ကိုယ္တိုင္ကလည္း ႀကိဳက္ႏွစ္သက္ေန တာျဖစ္ပါတယ္။ ကစားသမားရဲ႕မိသားစုကေတာ့ လက္ရွိအခ်ိန္မွာ အသင္းေပါင္းမ်ားစြာ ရဲ႕ ကမ္းလွမ္းမႈ႕ ေတြကိုလက္ခံၿပီး သူတို႔ရဲ႕ သား ကို အေကာင္းဆုံးတက္လမ္းရရွိမယ့္အသင္းႀကီးထံပို႔ေဆာင္ေပးခ်င္ ေနတာျဖစ္ပါတယ္။ ဟာလန္း အေျပာင္းအေ႐ႊ႕တုန္းကလည္း ေဒါ့မြန္အသင္းကို ရႈံးနိမ့္ခဲ့ဖူးတဲ့ ယူႏိုက္တက္အသင္းအေနနဲ႔ ဒီတစ္ႀကိမ္မွာလည္း ဘယ္လင္ဟမ္ အတြက္ ေဒါ့မြန္ အသင္းနဲ႔ ျပန္လည္ရင္ဆိုင္ရ ဖြယ္ရိွေနပါတယ္။ တစ္ဖက္မွာလည္း ေဒါ့မြန္ရဲ႕ ေတာင္ပံလူ ဆန္ခ်ိဳ ကို ပစ္မွတ္ထားေနတဲ့ ယူႏိုက္တက္ အေနနဲ႔ ဘယ္လင္ဟမ္ ကို ေဒါ့မြန္အသင္းထံ လက္လႊတ္ၿပီး ဆန္ခ်ိဳ ကို ေခၚယူသင့္တယ္ဆိုတဲ့ မွတ္ခ်က္ေတြလည္းရွိေနပါတယ္။ ဆိုးလ္ရွားလက္ထက္ ပထမဆံုးကစားခ့ဲတ့ဲ (၁၇)ပြဲမွာ ယူႏိုက္တက္တို႔ဟာ (၁)ပြဲသာရံႈးနိမ့္ခ့ဲသလို၊ ပီအက္စ္ဂ်ီကိုအေ၀းကြင္းမွာ (၁-၃)ဆိုတ့ဲ ရလဒ္နဲ႔ အႏိုင္ရကာမယံုႏိုင္စရာ ျပန္လာနိုင္မႈေတြလည္းရွိခ့ဲပါတယ္။ ဒီေနာက္ပိုင္းေတာ့ ယူနုိက္တက္ရဲ႕ အေျခအေနေတြက တစ္ဖန္ျပန္ဆိုးရြားေနခ့ဲျပီး၊ ႏိုင္သင့္တဲ့ပြဲေတြမနိုင္ျဖစ္ခ့ဲျပီးေတာ့ ရုန္းကန္ေနခ့ဲရတာပဲျဖစ္ပါတယ္။ ဒါေပမ့ဲ အခုခ်ိန္မွာေတာ့ ယူနို္က္တက္တို႔ဟာျပန္လည္ျပီးေတာ့ တည္ျငိမ္လာေနျပီး၊ ေနာက္ဆံုးကစားခ့ဲတ့ဲ ျပိဳင္ပြဲစံု(၁၀)ပြဲဆက္တိုက္ရံႈးပြဲမရွိေတာ့ပါဘူး။ ဘရူနိုဖာနန္ဒက္စ္ေရာက္လာျခင္းနဲ႔ အတူ ယူနိုက္တက္ရဲ႕ အေျခအေနေတြက ေတာ္ေတာ္ ေလးျပန္ျပီးေတာ့ေကာင္းမြန္လာခ့ဲျပီး၊ အမွတ္ေပးဇယားရဲ႕ အဆင့္(၅)ေနရာမွာ အဆင့္ေလးေနရာက ခ်ဲလ္ဆီးထက္တစ္မွတ္ေလွ်ာ့ျပီး ရပ္တည္လ်က္ရွိေနပါတယ္။ အခုဆိုရင္ ဆိုးလ္ရွားလက္ထက္ ယူနုိက္တက္ကစားခ့ဲရတ့ဲ ပရီးမီးယားလိဂ္ပြဲအေရအတြက္ဟာ ပြဲ(၅၀)ရွိသြားျပီျဖစ္ ပါတယ္။
ဆက္လက္ၿပီးအနာဂတ္မွာနည္းျပဆုိးလ္ရွားတစ္ေယာက္ ကစားသမားအေျပာင္းအေရႊ႕ေတြကို ဘယ္လိုပုံေဖာ္မလဲ၊ ယူႏိုက္တက္ကိုဘယ္အေနအထားေရာက္ေအာင္လုပ္ေဆာင္ႏိုင္မလဲဆိုတာ စိတ္၀င္စားဖြယ္ပါပဲ။ ယူႏိုက္တက္ပရိသတ္ေတြကေတာ့ အသင္းအေနနဲ႔ဆုဖလားေတြကိုင္ေျမွာက္တာကို ျမင္ခ်င္ေနၾကၿပီျဖစ္ပါတယ္။