နည်းပြဆာရီရဲ့သားလို့ ခေါ်ရင် ဒေါသထွက်တဲ့ ဂျော်ဂျင်ဟို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချယ်လ်ဆီးအသင်းရဲ့ အီတလီ ကွင်းလယ်ကစားသမားဖြစ်သူ ဂျော်ဂျင်ဟိုက ချယ်လ်ဆီးပရိသတ်တွေအနေနဲ့ သူ့ကို နည်းပြကြီး ဆာရီရဲ့ သားလို့ လှောင်ပြောင်ခေါ်ဝေါ်မှုတွေဟာ သူ့ကို အရမ်းဒေါသထွက်စေခဲ့ရပြီး စိတ်အနှောင့်အယှက်လည်း ဖြစ်စေခဲ့ရတယ်လို့ ဆိုပါတယ်။

ချယ်လ်ဆီးအသင်း ဟာ ၂၀၁၈ – ၂၀၁၉ ဘောလုံးရာသီမှာ နာပိုလီ နည်းပြဟောင်း ၊ လက်ရှိ လာဇီယို နည်းပြဆာရီ ကို နည်းပြသစ် အဖြစ် ခေါ်ယူ ခန့်အပ်ခဲ့ပြီး ၊ ၎င်းရဲ့ ပထမဆုံး ကစားသမား ခေါ်ယူမှု အဖြစ် အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဂျော်ဂျင်ဟို ကို ပေါင် ၅၇သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

ဂျော်ဂျင်ဟိုရဲ့ ချယ်လ်ဆီးကစားသမားဘဝအစမှာ ဝေဖန်ခံရ လှောင်ပြောင်ခံရမှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရတာဖြစ်သလို နည်းပြဆာရီကလည်း ပွဲတိုင်းနီးပါး ဂျော်ဂျင်ဟိုကို ပွဲထွက်လူစာရင်းမှာ အမြဲသုံးခဲ့တာကြောင့် ဂျော်ဂျင်ဟိုကို ပရိသတ်တွေ ကဆာရီရဲ့သားလို့လှောင်ပြောင်ဝေဖန်ခဲ့ကြပါတယ်။

ဂျော်ဂျင်ဟိုက “ကျွန်တော့်ရဲ့ ချယ်လ်ဆီးကစားသမားဘဝအစက နာပိုလီမှာ ပွဲထွက်ခဲ့တာကိုတောင် ပိုပြီးသတိရစေပါတယ်။

ပရိသတ်တွေအားလုံး ပြောဆိုခဲ့တာတွေကို ကျွန်တော်တို့တွေ အမြဲတမ်း မှတ်မိနေမှာပဲလေ ဟုတ်တယ်မလား။

ကျွန်တော် ကစားတာ အရမ်းနှေးတယ်။ ကျွန်တော် ကစားတာ အရမ်းအားနည်းတယ်။

နောက်ပြီး ကျွန်တော်က ဆာရီရဲ့သားပါ ဆိုပြီး ပြောကြတယ်”

“အဲဒါကတော့ ကျွန်တော့်ကို အရမ်း ဒေါသထွက်စေရတယ်။

ဒါပေမယ့် သူတို့တွေ ကျွန်တော့်ကို လျှော့တွက်ကြတာကို နားလည်ပါတယ်။

ကျွန်တော်ကလည်း ကျွန်တော်ကစားဖူးတဲ့ ကလပ်အသင်းတိုင်းနဲ့ ပွဲဦးထွက်တွေမှာဆို ဒီလိုပုံစံမျိုး အမြဲဖြစ်နေတတ်တာကို။ ကျွန်တော် ဗီရိုနာကို ရောက်တုန်းကဆို ဘယ်သူကမှ ကျွန်တော့်ကို အလိုမရှိကြဘူး။

သူတို့တွေက ကျွန်တော့်ကို စတုတ္ထတန်း ကလပ်တစ်ခုကိုတောင် အငှားပို့ချင်နေကြတာ။

ဒီမှာလည်း ဒီလိုပုံစံမျိုး ကြုံခဲ့ရတာပါပဲ။ ဒါပေမယ့် ကျွန်တော်အလုပ် ကြိုးစားတယ်။

လေးစားမှုတွေ ပြန်လည်ရရှိလာတယ်။

အခုဆိုရင် ကျွန်တော်က ချယ်လ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ်ရော ယူရိုပါလိဂ်ဖလားပါ ရယူထားနိုင်ခဲ့လို ဝေဖန်လှောင်ပြောင်သူတွေကို ပြောချင်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ပြောဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

နည္းျပဆာရီရဲ႕သားလို႔ ​ေခၚရင္ ​ေဒါသထြက္တဲ့ ​ေဂ်ာ္ဂ်င္ဟို

ခ်ယ္လ္ဆီးအသင္းရဲ႕ အီတလီ ကြင္းလယ္ကစားသမားျဖစ္သူ ေဂ်ာ္ဂ်င္ဟိုက ခ်ယ္လ္ဆီးပရိသတ္ေတြအေနနဲ႔ သူ႔ကို နည္းျပႀကီး ဆာရီရဲ႕ သားလို႔ ေလွာင္ေျပာင္ေခၚေဝၚမႈေတြဟာ သူ႔ကို အရမ္းေဒါသထြက္ေစခဲ့ရၿပီး စိတ္အေႏွာင့္အယွက္လည္း ျဖစ္ေစခဲ့ရတယ္လို႔ ဆိုပါတယ္။

ခ်ယ္လ္ဆီးအသင္း ဟာ ၂၀၁၈ – ၂၀၁၉ ေဘာလုံးရာသီမွာ နာပိုလီ နည္းျပေဟာင္း ၊ လက္ရွိ လာဇီယို နည္းျပဆာရီ ကို နည္းျပသစ္ အျဖစ္ ေခၚယူ ခန္႔အပ္ခဲ့ၿပီး ၊ ၄င္းရဲ႕ ပထမဆုံး ကစားသမား ေခၚယူမႈ အျဖစ္ အီတလီ လက္ေ႐ြးစင္ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟို ကို ေပါင္ ၅၇သန္းနဲ႔ ေခၚယူခဲ့ပါတယ္။

ေဂ်ာ္ဂ်င္ဟိုရဲ႕ ခ်ယ္လ္ဆီးကစားသမားဘဝအစမွာ ေဝဖန္ခံရ ေလွာင္ေျပာင္ခံရမႈေတြနဲ႔သာ ရင္ဆိုင္ခဲ့ရတာျဖစ္သလို နည္းျပဆာရီကလည္း ပြဲတိုင္းနီးပါး ေဂ်ာ္ဂ်င္ဟိုကို ပြဲထြက္လူစာရင္းမွာ အၿမဲသုံးခဲ့တာေၾကာင့္ ေဂ်ာ္ဂ်င္ဟိုကို ပရိသတ္ေတြ ကဆာရီရဲ႕သားလို႔ေလွာင္ေျပာင္ေဝဖန္ခဲ့ၾကပါတယ္။

ေဂ်ာ္ဂ်င္ဟိုက “ကြၽန္ေတာ့္ရဲ႕ ခ်ယ္လ္ဆီးကစားသမားဘဝအစက နာပိုလီမွာ ပြဲထြက္ခဲ့တာကိုေတာင္ ပိုၿပီးသတိရေစပါတယ္။ ပရိသတ္ေတြအားလုံး ေျပာဆိုခဲ့တာေတြကို ကြၽန္ေတာ္တို႔ေတြ အၿမဲတမ္း မွတ္မိေနမွာပဲေလ ဟုတ္တယ္မလား။ ကြၽန္ေတာ္ ကစားတာ အရမ္းေႏွးတယ္။ ကြၽန္ေတာ္ ကစားတာ အရမ္းအားနည္းတယ္။ ေနာက္ၿပီး ကြၽန္ေတာ္က ဆာရီရဲ႕သားပါ ဆိုၿပီး ​​ေျပာၾကတယ္”

“အဲဒါကေတာ့ ကြၽန္ေတာ့္ကို အရမ္း ေဒါသထြက္ေစရတယ္။ ဒါေပမယ့္ သူတို႔ေတြ ကြၽန္ေတာ့္ကို ေလွ်ာ့တြက္ၾကတာကို နားလည္ပါတယ္။ ကြၽန္ေတာ္ကလည္း ကြၽန္ေတာ္ကစားဖူးတဲ့ ကလပ္အသင္းတိုင္းနဲ႔ ပြဲဦးထြက္ေတြမွာဆို ဒီလိုပုံစံမ်ိဳး အၿမဲျဖစ္ေနတတ္တာကို။ ကြၽန္ေတာ္ ဗီ႐ိုနာကို ေရာက္တုန္းကဆို ဘယ္သူကမွ ကြၽန္ေတာ့္ကို အလိုမရွိၾကဘူး။

သူတို႔ေတြက ကြၽန္ေတာ့္ကို စတုတၳတန္း ကလပ္တစ္ခုကိုေတာင္ အငွားပို႔ခ်င္ေနၾကတာ။ ဒီမွာလည္း ဒီလိုပုံစံမ်ိဳး ႀကဳံခဲ့ရတာပါပဲ။ ဒါေပမယ့္ ကြၽန္ေတာ္အလုပ္ ႀကိဳးစားတယ္။ ေလးစားမႈေတြ ျပန္လည္ရရွိလာတယ္။ အခုဆိုရင္ ကြၽန္ေတာ္က ခ်ယ္လ္ဆီးအသင္းနဲ႔ ခ်န္ပီယံလိဂ္ေရာ ယူ႐ိုပါလိဂ္ဖလားပါ ရယူထားႏိုင္ခဲ့လို ေဝဖန္ေလွာင္ေျပာင္သူေတြကို ေျပာခ်င္ပါတယ္။ အားလုံးကို ေက်းဇူးတင္ပါတယ္” လို႔ ​​​ေျပာဆိုပါတယ္။