နည်းပြကလော့ပ်ကို ၂၀၂၄ အထိရှိမည့် ၅နှစ်စာချုပ်သစ် လီဗာပူးအသင်း ချုပ်ဆို

Photo Credit

Photo Credit

လီဗာပူးအသင်းနည်းပြ ကလော့ပ်သည် အသင်းနှင့် ၅နှစ်စာချုပ်သစ်ချုပ်ဆိုလိုက်ရာ အသင်းတွင် အနည်းဆုံး ၂၀၂၄ ခုနှစ်အထိ ရှိနေတော့မည်ဖြစ်သည်။ ဂျာမနီနိုင်ငံသား ကလော့ပ်သည် လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးမည့် ၂၀၂၂ နွေရာသီတွင် အသင်းနှင့်လမ်းခွဲဖွယ်ရှိသည်ဆိုသောသတင်းများကို အဆုံးသတ်လိုက်ခြင်းဖြစ်ပြီး အသင်းမှ ထွက်ခွာရန် ချင့်ချိန်စဉ်းစား၍မရကြောင်း ဖွင့်ဟခဲ့သည်။

Photo Credit

ကလော့ပ်၏လက်ထောက်နည်းပြများဖြစ်သည့် ပီတာကရာဝီယက်ဇ်နှင့် ပက်လင်ဒါးစ်တို့လည်း ကာလရှည်စာချုပ်သစ်များ အသီးသီးချုပ်ဆိုခဲ့သည်။ လီဗာပူးအသင်းသည် ယခုရာသီပရီးမီးယားလိဂ်တွင် ပွဲစဉ် ၁၆အပြီး ဒုတိယနေရာမှ လက်စတာကို ၈မှတ်ဖြတ်ကာ ထိပ်ဆုံးမှ ဦးဆောင်နေသကဲ့သို့ ချန်ပီယံလိဂ်တွင် အုပ်စုပထမအဖြစ် ၁၆သင်းရှုံးထွက်အဆင့်သို့ တက်ရောက်ထားသည်။

Photo Credit

ထို့အပြင် လီဗာပူးသည် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် လာမည့်အပတ်အတွင်း ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဖြစ်နိုင်ရန် ကြိုးစားမည်ဖြစ်ပြီး လာမည့်လအတွင်း ကာရာဘောင်ဖလားနှင့် အက်ဖ်အေဖလားပွဲစဉ်များလည်း ကစားရမည်ဖြစ်သည်။ ကလော့ပ်က အသင်းနှင့်ပူးပေါင်းမှုက ဆက်လက်တိုးတက်ရန်သာ ရှိသည်ဟု ယုံကြည်ကြောင်းနှင့် ၂၀၁၅ အောက်တိုဘာလက အသင်းနည်းပြအဖြစ် စတင်တာဝန်ယူချိန်ကတည်းက မိမိအပေါ် ယုံကြည်မှုအပြည့်ပေးခဲ့သော အသင်းပိုင်ရှင်များကိုလည်း ကျေးဇူးတင်စကားဆိုခဲ့သည်။

Photo Credit

အသက် ၅၂နှစ်အရွယ်ရှိ ကလော့ပ်သည် သူ့အတွက် ပထမဆုံးဆုဖလားအဖြစ် ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ပြီး သြဂုတ်လကလည်း ဥရောပစူပါဖလားရယူနိုင်ခဲ့သည်။ ထို့အပြင် လီဗာပူးအသင်းသည် ယခုရာသီတွင် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအမှတ်ပေးချန်ပီယံဖြစ်ရန်လည်း အထူးရေပန်းစားနေသည်။

Photo Credit

Zawgyi

နည္းျပကေလာ့ပ္ကို ၂၀၂၄ အထိရွိမည့္ ၅ႏွစ္စာခ်ဳပ္သစ္ လီဗာပူးအသင္း ခ်ဳပ္ဆို

လီဗာပူးအသင္းနည္းျပ ကေလာ့ပ္သည္ အသင္းႏွင့္ ၅ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလုိက္ရာ အသင္းတြင္ အနည္းဆုံး ၂၀၂၄ ခုႏွစ္အထိ ရွိေနေတာ့မည္ျဖစ္သည္။ ဂ်ာမနီႏိုင္ငံသား ကေလာ့ပ္သည္ လက္ရွိစာခ်ဳပ္သက္တမ္းကုန္ဆုံးမည့္ ၂၀၂၂ ေႏြရာသီတြင္ အသင္းႏွင့္လမ္းခြဲဖြယ္ရွိသည္ဆုိေသာသတင္းမ်ားကို အဆုံးသတ္လုိက္ျခင္းျဖစ္ၿပီး အသင္းမွ ထြက္ခြာရန္ ခ်င့္ခ်ိန္စဥ္းစား၍မရေၾကာင္း ဖြင့္ဟခဲ့သည္။
ကေလာ့ပ္၏လက္ေထာက္နည္းျပမ်ားျဖစ္သည့္ ပီတာကရာ၀ီယက္ဇ္ႏွင့္ ပက္လင္ဒါးစ္တုိ႔လည္း ကာလရွည္စာခ်ဳပ္သစ္မ်ား အသီးသီးခ်ဳပ္ဆုိခဲ့သည္။ လီဗာပူးအသင္းသည္ ယခုရာသီပရီးမီးယားလိဂ္တြင္ ပြဲစဥ္ ၁၆အၿပီး ဒုတိယေနရာမွ လက္စတာကို ၈မွတ္ျဖတ္ကာ ထိပ္ဆုံးမွ ဦးေဆာင္ေနသက့ဲသို႔ ခ်န္ပီယံလိဂ္တြင္ အုပ္စုပထမအျဖစ္ ၁၆သင္း႐ံႈးထြက္အဆင့္သို႔ တက္ေရာက္ထားသည္။
ထို႔အျပင္ လီဗာပူးသည္ အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ လာမည့္အပတ္အတြင္း ဖီဖာကလပ္ကမၻာ့ဖလားၿပိဳင္ပြဲတြင္ ခ်န္ပီယံျဖစ္ႏိုင္ရန္ ႀကိဳးစားမည္ျဖစ္ၿပီး လာမည့္လအတြင္း ကာရာေဘာင္ဖလားႏွင့္ အက္ဖ္ေအဖလားပြဲစဥ္မ်ားလည္း ကစားရမည္ျဖစ္သည္။ ကေလာ့ပ္က အသင္းႏွင့္ပူးေပါင္းမႈက ဆက္လက္တုိးတက္ရန္သာ ရွိသည္ဟု ယုံၾကည္ေၾကာင္းႏွင့္ ၂၀၁၅ ေအာက္တုိဘာလက အသင္းနည္းျပအျဖစ္ စတင္တာ၀န္ယူခ်ိန္ကတည္းက မိမိအေပၚ ယုံၾကည္မႈအျပည့္ေပးခဲ့ေသာ အသင္းပိုင္ရွင္မ်ားကိုလည္း ေက်းဇူးတင္စကားဆုိခဲ့သည္။
အသက္ ၅၂ႏွစ္အရြယ္ရွိ ကေလာ့ပ္သည္ သူ႕အတြက္ ပထမဆုံးဆုဖလားအျဖစ္ ၿပီးခဲ့သည့္ရာသီက ခ်န္ပီယံလိဂ္ဖလားရယူႏိုင္ခဲ့ၿပီး ၾသဂုတ္လကလည္း ဥေရာပစူပါဖလားရယူႏိုင္ခဲ့သည္။ ထို႔အျပင္ လီဗာပူးအသင္းသည္ ယခုရာသီတြင္ ၁၉၉၀ ျပည့္ႏွစ္ေနာက္ပိုင္း ပထမဆုံးအမွတ္ေပးခ်န္ပီယံျဖစ္ရန္လည္း အထူးေရပန္းစားေနသည္။