နည်းပါးတဲ့ပွဲကစားချိန်အတွက် မန်ယူကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ ဗန်ဒီဘိခ်ရဲ့အေးဂျင့်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ကွင်းလယ်လူဗန်ဒီဘိခ်ရဲ့အေးဂျင့်ဟာ သူ့ကစားသမားရဲ့နည်းပါးတဲ့ပွဲကစားချိန်အတွက် မန်ယူအသင်းကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။ အဲဒီနယ်သာလန်လက်ရွေးစင်ဟာ လက်ရှိအချိန်ထိ မန်ယူအတွက် ပရီးမီးယားလိဂ်ပွဲထွက် ပါဝင်ရခြင်း မရှိသေးပါဘူး။

သူဟာ အခုလအစောပိုင်းကမှ အေဂျက်ကနေ ပြောင်းရွှေ့ကြေးပေါင် ၃၅ သန်းနဲ့ ရောက်လာခဲ့တာပါ။ ၂၃ နှစ်အရွယ် ဗန်ဒီဘိခ်ဟာ လူတန်တောင်းနဲ့ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲမှာသာ ပွဲထွက်စာရင်းထဲပါခဲ့ပေမယ့် ကစားပြီးခဲ့တဲ့ပရီးမီးယားလိဂ် ၂ ပွဲမှာတော့ လူစားဝင်အဖြစ်သာ ရှိခဲ့တာပါ။

နောက်ဆုံးကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲတုန်းကဆိုရင် ပွဲပြီးကာနီးမှာမှ လူစားဝင်ခွင့်ရတာ ဖြစ်ပါတယ်။ အဲဒါကို သူ့ရဲ့ကိုယ်စားလှယ်တစ်ယောက်ဖြစ်တဲ့ အေးဂျင့်ဆက်ဆွက် မကျေနပ်ဖြစ်နေတာပါ။

”လူစားဝင်တစ်ယောက်ဆိုတာကို ကျွန်တော် မကြိုက်ပါဘူး။ ပြီးတော့ ပွဲပြီးဖို့ ၄ မိနစ်အလိုလောက်ရောက်မှ လူစားဝင်ရတယ်။ အဲဒါဆိုရင် ဆက်ထိုင်ခိုင်းထားတာကမှ ပိုကောင်းဦးမယ်။ ကျွန်တော်ပြောရရင် ကွင်းထဲခဏရှိတဲ့အချိန်လေးမှာ သူပိုကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ အနိုင်ဂိုးဖြစ်သွားတဲ့ပင်နယ်တီဆိုတာ သူ့ဆီက လာတာပါ။ ဒါပေမဲ့ ပုံမှန်အတိုင်းဆိုရင် သူတို့ ၇-၁ နဲ့ရှုံးသင့်ပါတယ်။ ဘရိုက်တန်က ၅ ကြိမ်တိုင်ထိတာလေ”လို့ ဗန်ဒီဘိခ်ရဲ့အေးဂျင့်က ပြောခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

နည္းပါးတဲ့ပြဲကစားခ်ိန္အတြက္ မန္ယူကို ျပင္းျပင္းထန္ထန္ေ၀ဖန္လုိက္တဲ့ ဗန္ဒီဘိခ္ရဲ႕ေအးဂ်င့္

ကြင္းလယ္လူဗန္ဒီဘိခ္ရဲ႕ေအးဂ်င့္ဟာ သူ႔ကစားသမားရဲ႕နည္းပါးတဲ့ပြဲကစားခ်ိန္အတြက္ မန္ယူအသင္းကို ျပင္းျပင္းထန္ထန္ေ၀ဖန္လိုက္ပါတယ္။ အဲဒီနယ္သာလန္လက္ေရြးစင္ဟာ လက္ရွိအခ်ိန္ထိ မန္ယူအတြက္ ပရီးမီးယားလိဂ္ပြဲထြက္ ပါ၀င္ရျခင္း မရွိေသးပါဘူး။

သူဟာ အခုလအေစာပိုင္းကမွ ေအဂ်က္ကေန ေျပာင္းေရႊ႕ေၾကးေပါင္ ၃၅ သန္းနဲ႔ ေရာက္လာခဲ့တာပါ။ ၂၃ ႏွစ္အရြယ္ ဗန္ဒီဘိခ္ဟာ လူတန္ေတာင္းနဲ႔ကစားခဲ့တဲ့ ကာရာေဘာင္းဖလားပြဲမွာသာ ပြဲထြက္စာရင္းထဲပါခဲ့ေပမယ့္ ကစားၿပီးခဲ့တဲ့ပရီးမီးယားလိဂ္ ၂ ပြဲမွာေတာ့ လူစား၀င္အျဖစ္သာ ရွိခဲ့တာပါ။

ေနာက္ဆံုးကစားခဲ့တဲ့ ဘရိုက္တန္နဲ႔ပြဲတုန္းကဆုိရင္ ပြဲၿပီးကာနီးမွာမွ လူစား၀င္ခြင့္ရတာ ျဖစ္ပါတယ္။ အဲဒါကို သူ႔ရဲ႕ကိုယ္စားလွယ္တစ္ေယာက္ျဖစ္တဲ့ ေအးဂ်င့္ဆက္ဆြက္ မေက်နပ္ျဖစ္ေနတာပါ။

”လူစား၀င္တစ္ေယာက္ဆုိတာကို ကၽြန္ေတာ္ မႀကိဳက္ပါဘူး။ ၿပီးေတာ့ ပြဲၿပီးဖို႔ ၄ မိနစ္အလုိေလာက္ေရာက္မွ လူစား၀င္ရတယ္။ အဲဒါဆုိရင္ ဆက္ထိုင္ခိုင္းထားတာကမွ ပိုေကာင္းဦးမယ္။ ကၽြန္ေတာ္ေျပာရရင္ ကြင္းထဲခဏရွိတဲ့အခ်ိန္ေလးမွာ သူပိုေကာင္းေကာင္းလုပ္ႏိုင္ခဲ့ပါတယ္။ အႏိုင္ဂိုးျဖစ္သြားတဲ့ပင္နယ္တီဆုိတာ သူ႔ဆီက လာတာပါ။ ဒါေပမဲ့ ပုံမွန္အတိုင္းဆိုရင္ သူတုိ႔ ၇-၁ နဲ႔ရႈံးသင့္ပါတယ္။ ဘရုိက္တန္က ၅ ႀကိမ္တိုင္ထိတာေလ”လို႔ ဗန္ဒီဘိခ္ရဲ႕ေအးဂ်င့္က ေျပာခဲ့တာပါ။