
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
စပါးအသင်းနည်းပြသစ်နူနိုဆန်တိုဟာ သူ့ရဲ့နည်းစနစ်တွေနဲ့ပတ်သက်လို့ ကစားသမားတွေရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့အတွက် အသင်းရဲ့အဝတ်လဲခန်းကြမ်းပြင်မှာ 2D ဘောလုံးကွင်းအသေးစားပုံစံသတ်မှတ်ထားရှိလိုက်ပြီဖြစ်ပါတယ်။
စပါးအသင်းနည်းပြအဖြစ်ခန့်အပ်ခံရတာ တစ်လလောက်သာရှိသေးပေမယ့် နူနိုဆန်တိုဟာ အသင်းကိုပြောင်းလဲမှုတွေစတင်ပြုလုပ်နေပြီဖြစ်ပြီး
ပွဲမစခင်နဲ့ ပထမပိုင်းအပြီးကျရင် နည်းစနစ်အပြောင်းအလဲတွေကို ကစားသမားတွေအလွယ်တကူမြင်တွေ့နိုင်ဖို့ အဝတ်လဲခန်းကြမ်းပြင်မှာ 2D ဘောလုံးကွင်းအသေးစားတစ်ခုတပ်ဆင်ခဲ့တာပဲဖြစ်ပါတယ်။
ဝုလ်ဗ်အသင်းနည်းပြအဖြစ် ဆောင်ရွက်ခဲ့တုန်းက လိဂ်ချန်ပီယံရှစ်မှာရုန်းကန်နေရတဲ့အသင်းကို ပရီးမီးယားလိဂ်ရဲ့အလယ်အလတ်စာရင်းဝင်ဖြစ်အောင် ဦးဆောင်နိုင်ခဲ့တာကြောင့် စပါးအသင်းပရိသတ်တွေက
နူနိုဆန်တိုရဲ့အတွေးအခေါ်စိတ်ကူးသစ်တွေနဲ့ အသင်းကို ထိပ်တန်းအဆင့်ပြန်ဖြစ်လာဖို့အတွက် ဦးဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြတာပါ။
ဝုလ်ဗ်အသင်းကို စတင်ကိုင်တွယ်ခဲ့တုန်းက ပထမဆုံးရာသီမှာပဲ ကစားသမား(၁၇)ဦးအထိအပြောင်းအလဲလုပ်ခဲ့တဲ့ နူနိုဆန်တိုဟာ အခု စပါးအသင်းနည်းပြအစမှာလည်း အသင်းရဲ့ကစားသမား(၇)ဦးနဲ့ လမ်းခွဲခဲ့ပြီး အပြောင်းအလဲတွေစတင်လုပ်နေပါပြီ။
စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီက အငှားနဲ့ခေါ်ယူခဲ့တဲ့ ကားလို့စ်ဗင်နီစီယက်စ်၊ ဂါရတ်ဘေးလ်တို့ကို သူတို့ကလပ်အသင်းတွေဖြစ်တဲ့ ဘင်ဖီကာ၊ ရီးယဲလ်အသင်းတို့ဆီ ပြန်ပို့လိုက်ပြီး ဂိုးသမားဂက်ဇ်ဇာနီဂါနဲ့ နောက်ခံလူဒန်နီရို့စ်တို့ကို အလွတ်နဲ့ပြောင်းရွှေ့ခွင့်ပြုခဲ့တဲ့အပြင်
ဗီလာရီးယဲလ်အသင်းဆီ အငှားနဲ့သွားကစားခဲ့တဲ့နောက်ခံလူဟွမ်ဖွိုက်သ်ကိုတော့ ပေါင်(၁၃.၅)သန်းနဲ့အပြီးသတ်ရောင်းချခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အယ်လ်ဒါဝီယဲလ်ကို ကာတာကလပ် Al-Duhail အသင်းဆီ ပေါင်(၁၁)သန်းနဲ့ရောင်းချခဲ့တဲ့အပြင်၊
တောင်ပံတိုက်စစ်ကစားသမားလာမယ်လာဟာလည်း ဆီဗီလာကစားသမား ဘရိုင်ယန်ဂီးလ်ရဲ့အပြောင်းအရွှေ့အတွက် တစ်စိတ်တစ်ပိုင်းအဖြစ် ဆီဗီလာအသင်းဆီ ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။
အခုလောလောဆယ် နူနိုဆန်တိုဟာ စပိန်လူငယ်တောင်ပံတိုက်စစ်ကစားသမားဘရိုင်ယန်ဂီးလ်နဲ့ အတ္တလန်တာဂိုးသမားဂိုလီနီ(အငှား)တို့ကို ခေါ်ယူထားပြီး
အတ္တလန်တာနောက်ခံလူခရစ္စရှန်ရိုမဲရိုး၊ ဘိုလော့ဂ်နာနောက်ခံလူ တိုမီယာစုနဲ့ ဖီအိုရင်တီးနားကွင်းလယ်လူမီလန်ကိုဗစ်တို့ကိုလည်း ခေါ်ယူဖို့ကြိုးစားနေပါတယ်။
စပါးအသင်းဟာ အဓိက,ကစားသမားတစ်ဦးဖြစ်တဲ့ ဆွန်ဟောင်မင်ကို စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပြီဖြစ်ပြီး နူနိုဆန်တိုရဲ့ အပြောင်းအလဲအစီအစဉ်သစ်တွေကြောင့် သူတို့ရဲ့နာမည်ကျော်တိုက်စစ်မှူးဟယ်ရီကိန်း အသင်းမှာဆက်ရှိနေအောင် စည်းရုံးသိမ်းသွင်းနိုင်မယ်လို့လည်း မျှော်လင့်နေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
နည္းစနစ္ေတြကို အလြယ္တကူရွင္းျပႏိုင္ေအာင္ စပါးနည္းျပသစ္ဆန္တို အဝတ္လဲခန္းၾကမ္းျပင္မွာ 2D ေဘာလုံးကြင္းငယ္တစ္ခုထားရွိ
စပါးအသင္းနည္းျပသစ္ႏူႏိုဆန္တိုဟာ သူ႔ရဲ႕နည္းစနစ္ေတြနဲ႔ပတ္သက္လို႔ ကစားသမားေတြရွင္းရွင္းလင္းလင္းျမင္ႏိုင္ဖို႔အတြက္ အသင္းရဲ႕အဝတ္လဲခန္းၾကမ္းျပင္မွာ 2D ေဘာလုံးကြင္းအေသးစားပုံစံသတ္မွတ္ထားရွိလိုက္ၿပီျဖစ္ပါတယ္။ စပါးအသင္းနည္းျပအျဖစ္ခန႔္အပ္ခံရတာ တစ္လေလာက္သာရွိေသးေပမယ့္ ႏူႏိုဆန္တိုဟာ အသင္းကိုေျပာင္းလဲမႈေတြစတင္ျပဳလုပ္ေနၿပီျဖစ္ၿပီး ပြဲမစခင္နဲ႔ ပထမပိုင္းအၿပီးက်ရင္ နည္းစနစ္အေျပာင္းအလဲေတြကို ကစားသမားေတြအလြယ္တကူျမင္ေတြ႕ႏိုင္ဖို႔ အဝတ္လဲခန္းၾကမ္းျပင္မွာ 2D ေဘာလုံးကြင္းအေသးစားတစ္ခုတပ္ဆင္ခဲ့တာပဲျဖစ္ပါတယ္။
ဝုလ္ဗ္အသင္းနည္းျပအျဖစ္ ေဆာင္႐ြက္ခဲ့တုန္းက လိဂ္ခ်န္ပီယံရွစ္မွာ႐ုန္းကန္ေနရတဲ့အသင္းကို ပရီးမီးယားလိဂ္ရဲ႕အလယ္အလတ္စာရင္းဝင္ျဖစ္ေအာင္ ဦးေဆာင္ႏိုင္ခဲ့တာေၾကာင့္ စပါးအသင္းပရိသတ္ေတြက ႏူႏိုဆန္တိုရဲ႕အေတြးအေခၚစိတ္ကူးသစ္ေတြနဲ႔ အသင္းကို ထိပ္တန္းအဆင့္ျပန္ျဖစ္လာဖို႔အတြက္ ဦးေဆာင္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနၾကတာပါ။ ဝုလ္ဗ္အသင္းကို စတင္ကိုင္တြယ္ခဲ့တုန္းက ပထမဆုံးရာသီမွာပဲ ကစားသမား(၁၇)ဦးအထိအေျပာင္းအလဲလုပ္ခဲ့တဲ့ ႏူႏိုဆန္တိုဟာ အခု စပါးအသင္းနည္းျပအစမွာလည္း အသင္းရဲ႕ကစားသမား(၇)ဦးနဲ႔ လမ္းခြဲခဲ့ၿပီး အေျပာင္းအလဲေတြစတင္လုပ္ေနပါၿပီ။
စပါးအသင္းဟာ ၿပီးခဲ့တဲ့ရာသီက အငွားနဲ႔ေခၚယူခဲ့တဲ့ ကားလို႔စ္ဗင္နီစီယက္စ္၊ ဂါရတ္ေဘးလ္တို႔ကို သူတို႔ကလပ္အသင္းေတြျဖစ္တဲ့ ဘင္ဖီကာ၊ ရီးယဲလ္အသင္းတို႔ဆီ ျပန္ပို႔လိုက္ၿပီး ဂိုးသမားဂက္ဇ္ဇာနီဂါနဲ႔ ေနာက္ခံလူဒန္နီ႐ို႕စ္တို႔ကို အလြတ္နဲ႔ေျပာင္းေ႐ႊ႕ခြင့္ျပဳခဲ့တဲ့အျပင္ ဗီလာရီးယဲလ္အသင္းဆီ အငွားနဲ႔သြားကစားခဲ့တဲ့ေနာက္ခံလူဟြမ္ဖြိဳက္သ္ကိုေတာ့ ေပါင္(၁၃.၅)သန္းနဲ႔အၿပီးသတ္ေရာင္းခ်ခဲ့သလို ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း အယ္လ္ဒါဝီယဲလ္ကို ကာတာကလပ္ Al-Duhail အသင္းဆီ ေပါင္(၁၁)သန္းနဲ႔ေရာင္းခ်ခဲ့တဲ့အျပင္၊ ေတာင္ပံတိုက္စစ္ကစားသမားလာမယ္လာဟာလည္း ဆီဗီလာကစားသမား ဘ႐ိုင္ယန္ဂီးလ္ရဲ႕အေျပာင္းအေ႐ႊ႕အတြက္ တစ္စိတ္တစ္ပိုင္းအျဖစ္ ဆီဗီလာအသင္းဆီ ေျပာင္းေ႐ႊ႕သြားၿပီျဖစ္ပါတယ္။
အခုေလာေလာဆယ္ ႏူႏိုဆန္တိုဟာ စပိန္လူငယ္ေတာင္ပံတိုက္စစ္ကစားသမားဘ႐ိုင္ယန္ဂီးလ္နဲ႔ အတၱလန္တာဂိုးသမားဂိုလီနီ(အငွား)တို႔ကို ေခၚယူထားၿပီး အတၱလန္တာေနာက္ခံလူခရစၥရွန္႐ိုမဲ႐ိုး၊ ဘိုေလာ့ဂ္နာေနာက္ခံလူ တိုမီယာစုနဲ႔ ဖီအိုရင္တီးနားကြင္းလယ္လူမီလန္ကိုဗစ္တို႔ကိုလည္း ေခၚယူဖို႔ႀကိဳးစားေနပါတယ္။ စပါးအသင္းဟာ အဓိက,ကစားသမားတစ္ဦးျဖစ္တဲ့ ဆြန္ေဟာင္မင္ကို စာခ်ဳပ္သက္တမ္းတိုးႏိုင္ခဲ့ၿပီျဖစ္ၿပီး ႏူႏိုဆန္တိုရဲ႕ အေျပာင္းအလဲအစီအစဥ္သစ္ေတြေၾကာင့္ သူတို႔ရဲ႕နာမည္ေက်ာ္တိုက္စစ္မႉးဟယ္ရီကိန္း အသင္းမွာဆက္ရွိေနေအာင္ စည္း႐ုံးသိမ္းသြင္းႏိုင္မယ္လို႔လည္း ေမွ်ာ္လင့္ေနပါတယ္။