
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အက်သလက်တီကိုအသင်းရဲ့ ငယ်မွေးခြံပေါက်ကစားသမားတစ်ဦးဖြစ်တဲ့ တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ် ဟာ လက်ရှိအချိန်မှာတော့ အသင်းကို သုံးကြိမ်မြောက်ပြန်လည်ရောက်ရှိလာခဲ့ပြီး အသင်းရဲ့လူငယ် နည်းပြအဖြစ် လုပ်ဆောင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။
အက်သလက်တီကို မက်ဒရစ် ၊ လီဗာပူးနဲ့ ချယ်လ်ဆီးအသင်းတို့လို ဥရောပ အင်အားကြီးအသင်းတွေမှာ ကစားဖူးသလို စပိန်လက်ရွေးစင်အသင်းနဲ့ အောင်မြင်မှုပေါင်းများစွာ ရယူနိုင်ခဲ့တဲ့ စပိန် ဂန္တဝင် တိုက်စစ်မှူးကြီး ဖာနန်ဒို တောရက်စ်ဟာ မကြာသေးမီကမှ ဘောလုံး ကစားသမားဘဝ ကနေ အနားယူခဲ့သူ ဖြစ်ပါတယ်။
အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ တောရက်စ်ဟာ ကစားသမားဘဝတုန်းက အက်သလက်တီကိုအသင်းအတွက် နှစ်ကြိမ်တိုင်ကစားပေးခဲ့သူဖြစ်ပြီး အသင်းပရိသတ်တွေရဲ့ အချစ်တော်ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။
တောရက်စ်ဟာ စပိန်လက်ရွေးစင် အသင်းရဲ့ သမိုင်းတလျှောက် အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခြင်းကို ခံထားရသူ ဖြစ်ပြီး စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလား ၁ကြိမ် ၊ ယူရိုဖလား ၂ကြိမ်တို့ကို ရယူနိုင်ခဲ့ပါတယ်။
တောရက်စ်ဟာ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦး ဖြစ်တာကြောင့် သူ့ရဲ့ နည်းပြဘဝကို စတင်ချိန်မှာလည်း အက်သလက်တီကို မက်ဒရစ်ရဲ့ လူငယ်အသင်းကို ကိုင်တွယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အက်သလက်တီကိုအသင်းလူငယ်အကယ်ဒမီရဲ့ တွစ်တာကနေတစ်ဆင့် အသင်းကိုပြန်လည်ရောက်ရှိလာတဲ့ ဖာနန်ဒိုတောရက်စ်အတွက် ကြိုဆိုကြောင်း ရေးသားပြီး ပို့စ်တင်ထားပါတယ်။
ဖာနန်ဒိုတောရက်စ်အနေနဲ့ လူငယ်အသင်း A ကို ကိုင်တွယ်ဖို့ သဘောတူခဲ့တယ်ဆိုပေမယ့် ယူအီးအက်ဖ်အေရဲ့ နည်းပြလိုင်စင်ရရှိပြီးမှ ကိုင်တွယ်ခွင့်ရမှာဖြစ်ပြီး လက်ရှိမှာတော့ လူငယ် အသင်း B ကို စတင်ကိုင်တွယ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
နည္းျပေလာကထဲ ေျခလွမ္းစၿပီ ျဖစ္တဲ့ ဖာနန္ဒို ေတာရက္စ္
အက္သလက္တီကိုအသင္းရဲ႕ ငယ္ေမြးၿခံေပါက္ကစားသမားတစ္ဦးျဖစ္တဲ့ တိုက္စစ္မႉး ဖာနန္ဒိုေတာရက္စ္ ဟာ လက္ရွိအခ်ိန္မွာေတာ့ အသင္းကို သုံးႀကိမ္ေျမာက္ျပန္လည္ေရာက္ရွိလာခဲ့ၿပီး အသင္းရဲ႕လူငယ္ နည္းျပအျဖစ္ လုပ္ေဆာင္ေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။
အက္သလက္တီကို မက္ဒရစ္ ၊ လီဗာပူးနဲ႔ ခ်ယ္လ္ဆီးအသင္းတို႔လို ဥေရာပ အင္အားႀကီးအသင္းေတြမွာ ကစားဖူးသလို စပိန္လက္ေ႐ြးစင္အသင္းနဲ႔ ေအာင္ျမင္မႈေပါင္းမ်ားစြာ ရယူႏိုင္ခဲ့တဲ့ စပိန္ ဂႏၲဝင္ တိုက္စစ္မႉးႀကီး ဖာနန္ဒို ေတာရက္စ္ဟာ မၾကာေသးမီကမွ ေဘာလုံး ကစားသမားဘဝ ကေန အနားယူခဲ့သူ ျဖစ္ပါတယ္။
အသက္ ၃၇ ႏွစ္ရွိၿပီျဖစ္တဲ့ ေတာရက္စ္ဟာ ကစားသမားဘဝတုန္းက အက္သလက္တီကိုအသင္းအတြက္ ႏွစ္ႀကိမ္တိုင္ကစားေပးခဲ့သူျဖစ္ၿပီး အသင္းပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ကစားသမားတစ္ေယာက္လည္း ျဖစ္ပါတယ္။
ေတာရက္စ္ဟာ စပိန္လက္ေ႐ြးစင္ အသင္းရဲ႕ သမိုင္းတေလွ်ာက္ အေကာင္းဆုံး တိုက္စစ္မႉးေတြထဲက တစ္ဦး အျဖစ္ သတ္မွတ္ျခင္းကို ခံထားရသူ ျဖစ္ၿပီး စပိန္အသင္းနဲ႔အတူ ကမာၻ႔ဖလား ၁ႀကိမ္ ၊ ယူ႐ိုဖလား ၂ႀကိမ္တို႔ကို ရယူႏိုင္ခဲ့ပါတယ္။
ေတာရက္စ္ဟာ အက္သလက္တီကို မက္ဒရစ္အသင္းရဲ႕ လူငယ္ အကယ္ဒမီကေန ထြက္ေပၚလာတဲ့ ကစားသမား တစ္ဦး ျဖစ္တာေၾကာင့္ သူ႔ရဲ႕ နည္းျပဘဝကို စတင္ခ်ိန္မွာလည္း အက္သလက္တီကို မက္ဒရစ္ရဲ႕ လူငယ္အသင္းကို ကိုင္တြယ္ဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။
အက္သလက္တီကိုအသင္းလူငယ္အကယ္ဒမီရဲ႕ တြစ္တာကေနတစ္ဆင့္ အသင္းကိုျပန္လည္ေရာက္ရွိလာတဲ့ ဖာနန္ဒိုေတာရက္စ္အတြက္ ႀကိဳဆိုေၾကာင္း ေရးသားၿပီး ပို႔စ္တင္ထားပါတယ္။ ဖာနန္ဒိုေတာရက္စ္အေနနဲ႔ လူငယ္အသင္း A ကို ကိုင္တြယ္ဖို႔ သေဘာတူခဲ့တယ္ဆိုေပမယ့္ ယူအီးအက္ဖ္ေအရဲ႕ နည္းျပလိုင္စင္ရရွိၿပီးမွ ကိုင္တြယ္ခြင့္ရမွာျဖစ္ၿပီး လက္ရွိမွာေတာ့ လူငယ္ အသင္း B ကို စတင္ကိုင္တြယ္ရမွာ ျဖစ္တယ္လို႔ သိရပါတယ္။