နစ်နာစရာနှစ်ထပ်ကွမ်း ဖြစ်ရပြန်တဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းအနေနဲ့ မနေ့ကပွဲမှာ ၃-၅-၂ ပုံစံကို ဆက်လက်သုံးစွဲခဲ့ပေမယ့် တိုက်စစ်အတွက် ပိုပြီး အားပြုတဲ့ လူစာရင်းအဖြစ်

ပေါ့ဘာနဲ့ ရက်ရှ်ဖို့ဒ်တို့ကို ထည့်သွင်းခဲ့သလို ခံစစ်မှာတော့ လင်ဒီလော့ဖ်အစား ဘိုင်လီ ပါဝင်လာခဲ့ပြီး ကျန်တဲ့ ပွဲထွက်ကစားသမားတွေကို အစုံအလင် အသုံးပြုခဲ့ပါတယ်။

အတ္တလန္တာအသင်းဟာ အိုးထရက်ဖို့ဒ်မှာဦးဆောင်ဂိုးသွင်းခဲ့သလို အိမ်ကွင်းမှာကစားတဲ့အခါမှာလည်း ဦးဆောင်ဂိုးကိုစပြီးသွင်းယူနိုင်ခဲ့တာပါ။

အနိုင်ယူရမယ့် ပွဲမှာ အမှားအယွင်းလိုအပ်ချက်တွေနဲ့ သရဲနီတို့ သရေတစ်မှတ်သာရယူနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ ယခုနှစ်ရာသီခံစစ်စွမ်းဆောင်ရည်ဟာ အားရကျေနပ်စရာမရှိဘဲ ပရီးမီးယားလိဂ်၁၀ပွဲကစားပြီးချိန် clean-sheet တစ်ပွဲသာရရှိအောင် စွမ်းဆောင်ထားနိုင်တာပါ။

ယူနိုက်တက်အသင်းအတွက် ၁၂၈ မိနစ် ကစားပေးအပြီးမှာ နောက်ခံလူ ရာဖေးလ် ဗာရန်းတစ်ယောက် ဒဏ်ရာရသွားပြန်ပါပြီ။

ပရီးမီးယားလိဂ်နဲ့ အင်္ဂလန်ရဲ့ ကြမ်းတမ်းတဲ့ ရာသီဥတုမှာ ကစားသမားကောင်းတွေ ဒဏ်ရာရမှု များတာက ခေါ်ယူသူတွေဘက်က အားနာစရာလည်း ဖြစ်နေပြီး မရှောင်သာတဲ့ ကံတရားလည်းဖြစ်နေတာပါ။

ဗာရန်းဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကစပါးကို၃-ဝဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာဒဏ်ရာမှပြန်လည်ကောင်းမွန်ကာပြန်ကစားနိုင်ခဲ့သူဖြစ်ပါတယ်။

အခုအခါဗာရန်းဟာတံကောက်ကြောဒဏ်ရာရရှိမှုနဲ့အတူနောက်ထပ်တစ်ကြိမ်အနားယူရဦးမှာဖြစ်ပါတယ်။

ဗာရန်းဟာလာမယ့်စနေနေ့မှာပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးနှင့်ရင်ဆိုင်ကစားရမယ့်မန်ချက်စတာဒါဘီပွဲစဉ်တွင်ပါဝင်ရန်မရေမရာဖြစ်နေပြီဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ယူနိုက်တက်တွင်နောက်ခံလူလင်ဒီလော့ဖ်မှာလည်းဒဏ်ရာကြောင့်အနားယူနေရပါတယ်။

ဒါကြောင့်ဘိုင်လီ ခြေစွမ်း အပေါ် အားကိုးရမယ့် အနေအထား ဖြစ်နေပါတယ်။ ခေါင်ကြီး မက်ဂွားယားကတော့ ဝေဖန်သံတွေအောက် ရုန်းကန်နေရဆဲပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

နစ္နာစရာႏွစ္ထပ္ကြမ္း ျဖစ္ရျပန္တဲ့ ယူႏိုက္တက္

ယူႏိုက္တက္အသင္းအေနနဲ႔ မေန႔ကပြဲမွာ ၃-၅-၂ ပုံစံကို ဆက္လက္သုံးစြဲခဲ့ေပမယ့္ တိုက္စစ္အတြက္ ပိုၿပီး အားျပဳတဲ့ လူစာရင္းအျဖစ္ ေပါ့ဘာနဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကို ထည့္သြင္းခဲ့သလို ခံစစ္မွာေတာ့ လင္ဒီေလာ့ဖ္အစား ဘိုင္လီ ပါဝင္လာခဲ့ၿပီး က်န္တဲ့ ပြဲထြက္ကစားသမားေတြကို အစုံအလင္ အသုံးျပဳခဲ့ပါတယ္။အတၱလႏၲာအသင္းဟာ အိုးထရက္ဖို႔ဒ္မွာဦးေဆာင္ဂိုးသြင္းခဲ့သလို အိမ္ကြင္းမွာကစားတဲ့အခါမွာလည္း ဦးေဆာင္ဂိုးကိုစၿပီးသြင္းယူႏိုင္ခဲ့တာပါ။အႏိုင္ယူရမယ့္ ပြဲမွာ အမွားအယြင္းလိုအပ္ခ်က္ေတြနဲ႔ သရဲနီတို႔ သေရတစ္မွတ္သာရယူႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္အသင္းရဲ႕ ယခုႏွစ္ရာသီခံစစ္စြမ္းေဆာင္ရည္ဟာ အားရေက်နပ္စရာမရွိဘဲ ပရီးမီးယားလိဂ္၁၀ပြဲကစားၿပီးခ်ိန္ clean-sheet တစ္ပြဲသာရရွိေအာင္ စြမ္းေဆာင္ထားႏိုင္တာပါ။

ယူႏိုက္တက္အသင္းအတြက္ ၁၂၈ မိနစ္ ကစားေပးအၿပီးမွာ ေနာက္ခံလူ ရာေဖးလ္ ဗာရန္းတစ္ေယာက္ ဒဏ္ရာရသြားျပန္ပါၿပီ။ ပရီးမီးယားလိဂ္နဲ႔ အဂၤလန္ရဲ႕ ၾကမ္းတမ္းတဲ့ ရာသီဥတုမွာ ကစားသမားေကာင္းေတြ ဒဏ္ရာရမႈ မ်ားတာက ေခၚယူသူေတြဘက္က အားနာစရာလည္း ျဖစ္ေနၿပီး မေရွာင္သာတဲ့ ကံတရားလည္းျဖစ္ေနတာပါ။

ဗာရန္းဟာၿပီးခဲ့တဲ့တနဂၤေႏြေန႔တုန္းကစပါးကို၃-ဝဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာဒဏ္ရာမွျပန္လည္ေကာင္းမြန္ကာျပန္ကစားႏိုင္ခဲ့သူျဖစ္ပါတယ္။အခုအခါဗာရန္းဟာတံေကာက္ေၾကာဒဏ္ရာရရွိမႈနဲ႔အတူေနာက္ထပ္တစ္ႀကိမ္အနားယူရဦးမွာျဖစ္ပါတယ္။

ဗာရန္းဟာလာမယ့္စေနေန႔မွာပရီးမီးယားလိဂ္ခ်န္ပီယံမန္စီးတီးႏွင့္ရင္ဆိုင္ကစားရမယ့္မန္ခ်က္စတာဒါဘီပြဲစဥ္တြင္ပါဝင္ရန္မေရမရာျဖစ္ေနၿပီျဖစ္ပါတယ္။လက္ရွိအခ်ိန္တြင္ယူႏိုက္တက္တြင္ေနာက္ခံလူလင္ဒီေလာ့ဖ္မွာလည္းဒဏ္ရာေၾကာင့္အနားယူေနရပါတယ္။ ဒါ​ေၾကာင့္ဘိုင္လီ ​ေျခစြမ္း အ​ေပၚ အားကိုးရမယ့္ ​အ​ေနအထား ျဖစ္​ေနပါတယ္။ ​ေခါင္ႀကီး မက္ဂြားယားက​ေတာ့ ​ေ၀ဖန္သံ​ေတြ​ေအာက္ ႐ုန္းကန္​ေနရဆဲပါ။